ရွေးကောက်ပွဲ နီးလေ လက်စောင်းထက်လေ ဖြစ်နေတဲ့ ၊ လွှတ်တော်က ခွင့်ပြုခဲ့ပေမယ့် လွှတ်တော်က စာရင်းစစ်ခွင့်မရတဲ့ သန်းခြောက်ထောင် အဖွဲ့ အကြောင်း
မော်ကွန်း မဂ္ဂဇင်းဆောင်းပါး
“စာဖတ်သူတို့၏ လူမှုကွန်ရက်သုံးစွဲမှုကို အစိုးရက ငွေကျပ်သန်းပေါင်းထောင်ချီသုံးပြီး ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စောင့်ကြည့် ထိန်းကျောင်းနေသည်ဆိုသော ပြောဆိုချက်ကိုယုံကြည်ပါသလား။
ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြည်သူပိုင်ငွေကြေးမြောက်များစွာကို အစိုးရက ထိုအတွက် ထုတ်ယူသုံးစွဲနေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။
အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ကို လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေးအဖွဲ (Social Media Monitoring Team – SMMT) ဟုခေါ်သည်။
ထိုအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုအလွန်နည်းနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုများ ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားများနှင့် လူမှုကွန်ရက် စောင့်ကြည့်လေ့လာသူများက ဝေဖန်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “အစိုးရကို ဥပဒေနဲ့ပြန်ထိန်းထားရမှာလေ။ အစိုးရက စောင့်ကြည့်နေတယ်ဆိုတာ ဘယ်သူ့ကိုစောင့်ကြည့်နေတာလဲ။ နိုင်ငံဝန်ထမ်းတွေကိုလား၊ နိုင်ငံရေးသမားတွေကိုလား၊ အရပ်ဘက်အဖွဲ့အစည်းတွေကိုလား၊ ဘာကိုစောင့်ကြည့်နေတာလဲ။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်” ဟု ပြောသည်။”xxxx
ဦးအောင်လှိုင်ဝင်းက SMMT နှင့် ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးစွဲမှုကို စာရင်းစစ်ချုပ်ကတစ်ကြိမ်တစ်ခါမျှ လွှတ်တော်တွင် ပြန်လည်ဆွေးနွေးခဲ့ခြင်းမရှိသည့်အပြင် စာရင်းစစ်ချုပ်အစီရင်ခံစာသည်လည်း ယခုအစိုးရလက်ထက် ပထမနှစ်တွင်သာရရှိခဲ့ပြီး နောက်နှစ်များတွင် မရတော့ဟုဆိုသည်။
“နိုင်ငံတော်ပိုက်ဆံဆိုတာ အစိုးရပိုင်မဟုတ်ဘူး၊ ပြည်သူ့ပိုက်ဆံတွေလေ။ ပြည်သူတွေ ကျေနပ်လောက်အောင် စာရင်းချပြသင့်တာပေါ့” ဟု ၎င်းကပြောသည်။
( သတင်းကောက်နှုတ်ချက်)
သတင်းအပြည့်အစုံကို အောက်ပါ လင်ခ့်မှာ ဖတ်ပါ
https://mawkun.com/အှနျလိုငျးပေါျ-ပြောကျဆု/ fbclid=IwAR0xmZxeueeUWYRbNNnGN7H7-I1Fn3a-X2Ppd9V4_3CuPGnAIWiuhnN5pSY