မဲမပေးခင် စဉ်းစားဖို့ (၈)

ဂျင်း နဲ့အပင်း အင်န်အယ်လ်ဒီပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီထောက်ခံသူတွေ က မဲဆွယ်တဲ့ အခါ “တပ်မတော်သားကိုယ်စားလှယ် ၂၅% ကို လွှတ်တော်ထဲက ဖယ်ရှားနိုင်ဖို့အတွက် အခြေခံ ဥပဒေ ပြင်ဖို့လိုတယ်။ အခြေခံဥပဒေပြင်နိုင်ဖို့အတွက် ရွေးကောက်ခံ ၇၅% နေရာကို အင်န်အယ်လ်ဒီ ပါတီနိုင်မှ ဖြစ်မယ်။ ဒါ့ကြောင့် မဲမကွဲစေနဲ့ အင်န်အယ်လ်ဒီကိုပဲ မဲပေးပါ ” လို့ ပြောကြ တယ်။ ဒီစကားက တကယ်တော့ လူထုကို နားလည်မှုလွဲအောင်ပြောတာပဲ ဆိုတာ အောက်ပါ အချက်တွေကို ဖတ် ကြည့်ရင်တွေ့လိမ့်မယ် ၁။ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅% ကျော်က ထောက်ခံရမယ်။ တစ်ချို့ပုဒ်မတွေဆိုရင် ပြည်ထောင်စုလွှတ်တော်က ထောက်ခံ ရုံ နဲ့ မရဘူး။ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရဦးမယ်။Continue reading “မဲမပေးခင် စဉ်းစားဖို့ (၈)”

ဦးတင်အေး နဲ့ ဦးလှသိန်း (၈)

ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်များ ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထေင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီစာရင်းမှာမြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်နဲ့ မဲဆန္ဒနယ်( မြို့နယ်) ထဲက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်း ဆိုပြီးခွဲ ခြား ထားတယ်။ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမလုပ်နိုင်ရင်တော့ အဲဒီမဲဆန္ဒနယ်အတွက် သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို မရွေးနိုင်တော့ဘူးပေါ့။ ကျေးရွာအုပ်စု တစ်ချို့မှာ မလုပ်နိုင်တဲ့ မဲဆန္ဒနယ်တွေကတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့နေရာတွေမှာ မဲပေးပြီး သက်ဆိုင် ရာ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးလို့ရတယ်။ အခု ဦးလှသိန်း ကော်မရှင်က ကြေညာလိုက်တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်း နဲ့ ဦးတင် အေးကော်မရှင်က ၂၀၁၅ မှာကြေညာခဲ့တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်းကို နှိုင်းယှဉ် လေ့လာတဲ့အခါContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၈)”

မဲမပေးခင် စဉ်းစားဖို့ (၇)

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ ကျွန်တော်တို့ အများစုက ရွေးကောက်ပွဲဆိုတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုပဲ မျက်စိထဲမှာမြင်ကြတယ်။ တိုင်းဒေသကြီး/ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေကို စိတ်ဝင်စားမှု အားနည်းကြတယ်။ တကယ်တော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က သမ္မတကို ရွေးချယ်တယ်၊ ပြည် ထောင်စုတစ်ခုလုံး နဲ့ ဆိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းတဲ့အတွက် အရေးကြီးတာမှန်တယ်။ ဒါ ပေမယ့် တိုင်း/ ပြည်နယ် လွှတ်တော်ဆိုတာကလည်း ရပ်ကွက်/ကျေးရွာ အုပ်ကြီး တွေကနေ တိုင်း/ ပြည်နယ်အစိုးရအထိ စောင့်ကြည့်ထိန်းကျောင်းပေးလို့ရတဲ့အတွက် အလေးထား သင့်တယ်။ အခြေခံဥပဒေ ၁၉ ၄၇ ခုနှစ်အခြေခံဥပဒေ ကျင့်သုံးတဲ့ ၁၉ ၄၈- ၁၉ ၆၂ ခုနှစ် ကာလက တိုင်းတွေကို ပြည်ထောင် စု အစိုးရက တိုက်ရိုက်အုပ်ချုပ်တယ်။Continue reading “မဲမပေးခင် စဉ်းစားဖို့ (၇)”

မဲမပေးခင် စဉ်းစားဖို့ (၆)

မဲမပေးခင် စဉ်းစားဖို့ (၆) ဒေါက်တာ အောင်မျိုး ဒေါက်တာအောင်မျိုး၊ တစ်သီးပုဂ္ဂလ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ဇမ္ဗူသီရိ မြို့နယ်၊ နေပြည်တော် ဟာလည်း ကျွန်တော်ထောက်ခံတဲ့ လွှတ်တော်ကိုု်ယ်စားလှယ်လောင်း တစ်ယောက်ပဲ။ ကျွန်တော်သာ နေပြည်တော်မှာ ရှိနေမယ်ဆိုရင် သူ့အတွက် ကိုယ်တိုင် နယ်မြေ ဆင်းပြီး မဲဆွယ်ပေးမိမှာပဲ။ ကိုအောင်မျိုး ကို ဇမ္ဗူသီရိမြို့နယ်က အရွေးခံရစေချင်တဲ့အဓိက အကြောင်းအရင်းကတော့ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှာ နေထိုင်နေတဲ့ နိုင်ငံဝန်ထမ်းတွေအတွက်သာမက တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံ ဝန်ထမ်းအားလုံးအတွက်ပါ ကိုယ်စားပြုပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ဖြစ် ပါတယ်။ တပ်မတော်အရာရှိဘဝကနေ နယ်ဘက်ရာထူးကို ကူးပြောင်းရတဲ့သူတွေထဲမှာ ကိုအောင်မျိုး ဟာ ထူးခြားသူတစ်ယောက်ပဲ။ သူက မန္တလေးတက္ကသိုလ်မှာ သမိုင်းဘာသာ အဓိက နဲ့ ၁၉ ၇၆ –Continue reading “မဲမပေးခင် စဉ်းစားဖို့ (၆)”

မဲမပေးခင် စဉ်းစားဖို့ (၅)

၂၀၂၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ လွှတ်တော်ထဲကို ရောက်စေ ချင်တဲ့ ကိုယ်စားလှယ်လောင်း တွေရှိတယ်။ သူတို့က အဓိက ပါတီကြီးှနှစ်ခု ဖြစ်တဲ့ အင် န် အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုးပါတီက မဟုတ်ဘူး။ဒါပေမယ့် သူတို့ သာလွှတ်တော်ထဲရောက်သွား ရင် လွှတ်တော်တွေပိုအသက်ဝင်လာမယ်၊ လူထု အကျိုးရှိမယ့် ဥပဒေကြမ်းတွေကို အဆိုပြုနိုင်မယ်၊ အစိုးရဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ထိထိရောက်ရောက် ဝေဖန်သုံးသပ် နိုင် မယ် လို့ ယုံကြည်မိတဲ့ ကိုယ်စားလှယ်လောင်းတွေပေါ့။( ဒီလိုရေးလို့ အခြားပါတီတွေမှာ ဒီလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေမရှိဘူး လို့ပြောတာမဟုတ်ဘူး။ ကိုယ်တိုင် ထိတွေ့ ဆက် ဆံဖူးတဲ့ အတွေ့အကြုံအရ ရွေးချယ်တာပါ။ စာဖတ်သူအကြိုက် ဝတ္ထုတို ရွေးတဲ့သဘောပါပဲ။ ) ဦးသိန်းညွန့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ( ၂၀၁၁-၂၀၁၆)Continue reading “မဲမပေးခင် စဉ်းစားဖို့ (၅)”

မဲမပေးခင် စဉ်းစားဖို့ (၄)

တိုင်းရင်းသားပါတီများ (မှတ်ချက်။ ဒီဆောင်းပါးမှာ တိုင်းရင်းသားပါတီဆိုတာ ဗမာလူမျိုးအခြေခံပါတီများမပါ တိုင်းရင်းသား လူနည်းစု ပါတီများကို ဆိုလိုပါတယ်။ ) ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အားကောင်းမောင်းသန် နဲ့ ပြိုင်ဖို့ ပြင်ဆင်နေ ကြတယ်။ တိုင်းရင်းသားပါတီတွေကြားမှာ ပါတီတွေပေါင်းစည်းနေ ကြတယ်။ ပါတီရဲ့ မူဝါဒတွေဟာ လူမျိုးစုတစ်ခုတည်းကို အခြေခံထား တာမျိုးမဖြစ်ဘဲ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုနိုင်အောင် ရေးဆွဲနေကြတယ်။ လူငယ်မျိုးဆက်သစ်တွေကို ပွဲထုတ် လာ ကြတယ်။ အဲဒီအချိန်မှာပဲ အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ နဲ့ ပါတီ ထောက်ခံသူတွေကလည်း တိုင်းရင်းသားမဲဆန္ဒရှင်တွေ ေ၀ဝါးသွားစေမယ့် မဲဆွယ်စကား တွေ ပြောလာကြတယ်။ သူတို့ပြောတဲ့စကားတွေကို ချုပ်လိုက်ရင် အဓိက သုံးချက်ပဲ။ အဲဒါတွေက ၁။ အင်န်အယ်လ်ဒီပါတီမှာလည်း တိုင်းရင်းသားတွေပါပါတယ်။ ဒ့ါကြောင့်Continue reading “မဲမပေးခင် စဉ်းစားဖို့ (၄)”

မဲမပေးခင် စဉ်းစားဖို့ (၁)

နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်တိုဘာ ၅ ရက်နေ့ မိန့်ခွန်းနဲ့ ကော်မရှင်ဘက်က ပြောနေတဲ့ စကားတွေအရ ရွေးကောက်ပွဲ ရက်ပြောင်းဖို့ မရှိဘူး။ ဒီတော့ မဲပေးဖို့ပဲ ပြင်ဆင်ရတော့မယ်။ ဒ့ါကြောင့် မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ မဲမပေး ခင် ဘာတွေ သိထားသင့်သလဲ၊ ဘယ်အချက်တွေကို ထည့်စဉ်းစားသင့်သလဲ ။ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ ဆိုတာ အရှင်းဆုံးပြောရရင် ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့်မြို့နယ်ကို ကိုယ်စားပြု မယ့် ကိုယ်စားလှယ်လောင်းကို ရွေးတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အဆင့်ဆင့်အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေး တာဖြစ်ပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာဆိုရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် သုံးဦးရွေးရမယ်။Continue reading “မဲမပေးခင် စဉ်းစားဖို့ (၁)”

မဲမပေးခင် စဉ်းစားဖို့ (၂)

ပေါ်တော်မူ အမတ်ကြီး ၂၀၁၅ ရွေးကောက်ပွဲတုန်းက မောင်မိုးပွင့် ( ရေကြည်) က ရွေးကောက်ပွဲနီး မှာ မဲပေးမယ့် ပြည်သူတွေဆီ အပြေးရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အခုလို ရေးခဲ့တယ် – အမတ်ကြီး မဲဆွယ်ဖို့ ထွက်အလာမျက်နှာက ချက်ချာလန်း မဲအနိုင်မှာစွဲထိုင်ရာ လွှတ်တော်ရိပ်အိပ်ငိုက်လို့သန်း ၂၀၁၅ တုန်းက လူကြိုက်များခဲ့တဲ့ ကဗျာလေးဟာ ၂၀၂၀ မှာလည်း မှန်နေဆဲပါဘဲ။ ပြီးခဲ့တဲ့ ငါးနှစ် မှာ အဲဒီလို အမတ်တွေ ပိုတောင်များနိုင်သေးတယ်လို့ ယူဆသူတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ လွှတ်တော်ကိုယ်စားလှယ်နှစ်မျိုးရှိတယ် – ပထမတစ်မျိုးက ကိုယ့်ဒေသက မဲဆန္ဒရှင်တွေကို အိမ်ဦးခန်းမှာ ထားပြီး အမြဲတမ်းထိတွေ့ ၊ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်။ ဒုတိယတစ်မျိုးက ကိုယ့်ဒေသက မဲဆန္ဒရှင်တွေကို (Continue reading “မဲမပေးခင် စဉ်းစားဖို့ (၂)”

မဲမပေးခင် စဉ်းစားဖို့ (၃)

ဒေဝေါကြီး“ စစ်အာဏာရှင်စနစ်အောက် ပြန်ရောက်မသွားအောင် အင်န်အယ်လ်ဒီကို မဲပေးပါ ” ဆိုတဲ့စကား ကို အင်န်အယ်လ်ဒီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ပါတီထောက်ခံသူ တွေ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြောပြီး မဲဆွယ်နေကြတယ်။ ဒီစကားဟာ မဲပေးမယ့် ပြည်သူတွေကို ဂျင်း အကြီးကြီးထဲ့ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ နဝတခေတ်ကို ပြန်သွားမလား၊ ပါတီစုံ စနစ်ကို ကျင့်သုံးမလားလို့ ဆုံးဖြတ်ခိုင်းနေတာ၊ ရွေးချယ်ခိုင်းနေတာ၊ ပြည်သူ့ဆန္ဒခံယူနေတာမဟုတ်ဘူး။ ၂၀၂၁ ခုနှစ်ဧပြီလ ၁ ရက်နေ့ကနေ ၂၀၂၆ ရက်နေ့ မတ်လ ၃၁ ရက်နေ့အထိ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး တာဝန်တွေကို ထမ်းဆောင်ဖို့ ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတာ ပြည်သူက အဆုံး အဖြတ်ပေးရမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာContinue reading “မဲမပေးခင် စဉ်းစားဖို့ (၃)”

မြန်မာနောင်းနဲ့ ရွေးကောက်ပွဲသတင်း

မြန်မာနောင်း သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်သတင်းရေးသားမှုပုံစံကို အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။ ဖတ်ရှုလေ့လာပါတယ်။ ကျွန်တော့်ဆောင်းပါးထဲမှာတောင် ထည့်သွင်း အသိ အမှတ်ပြုရေးသားဖူးပါတယ်။ ဒါပေမယ့် PPP ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်မှုထမ်းဟောင်း ဘယ်နှစ်ယောက် ၊ NLD ခွဲထွက် ဘယ်နှစ်ယောက် ပါတယ်ဆိုပြီး ရေးတာမျိုးကတော့ နည်းနည်းလွဲနေတယ်လို့ထင်ပါတယ်။ ပုံ (၁ ) ပါတီတွေမှာ စစ်မှုထမ်းဟောင်းတွေပါဝင်တာဟာ မဲပေးမယ့် ပြည်သူတွေ ထည့်သွင်းစဉ်းစား သင့်တဲ့ အချက်လို့ ယူဆရင်တော့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင် တွေထဲမှာ၊ အင်န်အယ်လ်ဒီအစိုးရအဖွဲ့ထဲမှာ၊ အင်န်အယ်လ် ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်မှုထမ်း ဟောင်းတွေ ဘယ်လောက်ပါဝင်တယ်ဆိုတာမျိုးကိုလည်း မြန်မာနောင်းအနေနဲ့ စုံစမ်းဖော် ထုတ်ရေးသားသင့်တယ်လို့ထင်ပါတယ်။ ဒါမှလည်း ဘက်လိုက်မှုကင်းတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတွေဖြစ်မှာပါ။ ဒီလိုပါပဲ NLD ပါတီက ခွဲထွက်သူတွေပါတဲ့အချက်ဟာ မဲဆန္ဒရှင်တွေစဉ်းစားသင့်တဲ့အချက်Continue reading “မြန်မာနောင်းနဲ့ ရွေးကောက်ပွဲသတင်း”