ဦးတင်အေး နဲ့ ဦးလှသိန်း (၈)

ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်များ ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထေင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီစာရင်းမှာမြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်နဲ့ မဲဆန္ဒနယ်( မြို့နယ်) ထဲက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်း ဆိုပြီးခွဲ ခြား ထားတယ်။ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမလုပ်နိုင်ရင်တော့ အဲဒီမဲဆန္ဒနယ်အတွက် သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို မရွေးနိုင်တော့ဘူးပေါ့။ ကျေးရွာအုပ်စု တစ်ချို့မှာ မလုပ်နိုင်တဲ့ မဲဆန္ဒနယ်တွေကတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့နေရာတွေမှာ မဲပေးပြီး သက်ဆိုင် ရာ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးလို့ရတယ်။ အခု ဦးလှသိန်း ကော်မရှင်က ကြေညာလိုက်တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်း နဲ့ ဦးတင် အေးကော်မရှင်က ၂၀၁၅ မှာကြေညာခဲ့တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်းကို နှိုင်းယှဉ် လေ့လာတဲ့အခါContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၈)”

တရားဥပဒေစိုးမိုးရေး ၊ Rule of Law

ဆန္ဒပြ ကျောင်းသားသုံးယောက် ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုလိုက်နာဖို့ ပျက်ကွက်တဲ့အတွက် အရေးယူခံရချိန်မှာ ပါတီကြီးနှစ်ခုက ရာချီပြီး အင်အားပြ၊ ဝန်းရံသူတွေပါလို့ဆင်ခြေပေး ပါတီပြောခွင့်ရသူက “ ကိုယ့်ကို ဝန်းရံတဲ့သူတွေကို ပြန်ပြီးတော့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ပြောနေတာတွေမြင်ရတော့ တရားဥပဒေစိုးမိုးရေး အကြောင်း နှုတ်ဖျားက မချသူတွေကို သတိရမိ

ဦးတင်အေး နဲ့ ဦးလှသိန်း (၇)

တွေ့ဖို့ခက်တဲ့ ရွေးကော် ရွေးကောက်ပွဲရက်နဲ့ပတ်သက်လို့ကတော့ ကော်မရှင်က စက်တင်ဘာ ၁၉ ရက်နေ့ သတင်း မီဒီယာတွေနဲ့ ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့မရှိဘူးလို့ ပြောလိုက်ပြီ။ ကော်မရှင်က ပြောတဲ့အတိုင်း ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့မရှိဘူးဆိုရင် လွတ်လပ်ပြီး တရား မ ျှ တတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် မဲရုံ၊ မဲလက်မှတ်၊ ရွေးကောက်ပွဲစောင့်ကြည့်မှု၊ မဲရုံဝန်ထမ်း သင်တန်းပေးမှု စတဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ် သက်ပြီး ပါတီတွေ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တွေ့ဆုံပွဲတွေနဲ့ပတ်သက်ပြီး စီစဉ်နေတဲ့သတင်းတွေမတွေ့ရသေး ဘူး။ ၂၀၁၅/၂၀၂၀ တွေ့ဆုံမှုများ ဦးတင်အေးကော်မရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေနဲ့ (၁၈) ကြိမ်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ (၂၇) ကြိမ်၊ မီဒီယာများနဲ့Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၇)”

ဦးတင်အေး နဲ့ ဦးလှသိန်း (၆)

မဲဆွယ်ကာလ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုက်ဆိုင်မှုတစ်ခုကတော့ ရွေးကောက်ပွဲကျင်းပ မယ့်ရက်က နိုဝင်ဘာ ၈ ရက် ထပ်တူဖြစ်နေတာပဲ။ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၃ ရက်နေ့မှာ မဲဆွယ်ကာလဟာ စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီ အထိဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့တယ်။ ပုံ ၁ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်နေ့မှာ မဲဆွယ် ကာလ ဟာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၆)”

ဦးတင်အေး နဲ့ ဦးလှသိန်း (၄)

ကိုဗစ် နဲ့ ရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မတူတာက ၂၀၂၀ ရွေးကောက်ပွဲ ဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက် နိုင်မှု အန္တရာယ်အောက်ကနေ ကျင်းပရတာပဲ။ ဒါ့ကြောင့် ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရုံးခန်းဖွင့်တာ၊ ဆိုင်းဘုတ် တင်တာ၊ ပါတီညီလာခံကျင်းပတာ၊ သင်တန်းလုပ်တာ၊ ဆွေးနွေးပွဲကျင်းပတာ၊ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောတာ မဲဆွယ်စည်းရုံးတာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် တွေနဲ့အညီကြီးကြပ်ဖို့ဆိုပြီး ကော်မရှင်အဆင့်ဆင့်ကို ညွှန်ကြားထားရတယ် ။ ပုံ (၁) ကော်မရှင်အဆင့်ဆင့်ကလည်း အဲဒီအတိုင်းပဲ ကြီးကြပ်ပါတယ်။ လူထုနဲ့တွေ့မယ်၊ ဆိုင်းဘုတ် တင်မယ်ဆိုရင် ခွင့်ပြုတာလည်းContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၄)”

ဦးတင်အေး နဲ့ ဦးလှသိန်း (၃)

အစိုးရအဖွဲ့ဝင်များနဲ့ ရွေးကောက်ပွဲ ၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေဟာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေလုပ်ခွင့်ရှိသလား၊ မရှိဘူး လားဆိုတဲ့ ဆွေးနွေးမှုတွေပြန်ပေါ်လာတယ်။ ဒီလိုငြင်းခုန်မှုတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာလည်းပေါ်ခဲ့တာပဲ။ မလုပ်သင့် ဘူးလို့ပြောတဲ့ဘက်မှာ အဓိက အင်အားစုက ၂၀၁၅ မှာ အင်န်အယ်လ်ဒီပါတီဖြစ်ပြီး ၂၀၂၀ မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်နေတာပဲကွာတယ်။ အခြေခံဥပဒေ အခြေခံဥပဒေမှာ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေ နိုင်ငံရေးပါတီလုပ်ငန်းလုပ်တာ၊ရွေးကောက်ပွဲဝင်တာနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်သုံးခုရှိတယ်။ ပုဒ်မ ၆၁ နဲ့ ၂၃၂ မှာက သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေဟာContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၃)”

ဦးတင်အေး နဲ့ ဦးလှသိန်း (၂)

ကိုဗစ် နဲ့ မဲရုံများ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် အဖွဲ့အစည်းများက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေ၊ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံး ရေး လုပ်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြပေမယ့် မဲရုံတွေ အကြောင်း ဆွေးနွေးတာမတွေ့ရသလောက်ပဲ။ မဲရုံကိစ္စလို့ပြောတဲ့အခါ မဲရုံအတွင်းက လုပ်ငန်းစဉ်တွေကို မပြောခင် မဲရုံ အရေအတွက်ကို အရင် စသုံးသပ်ရမယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၃၂၃ ) နယ်၊ အမျိုး သားလွှတ်တော် မဲဆန္ဒနယ် (၁၆၈ ) နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ( ၆၅၉ ) နယ် မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တယ်။ မဲပေးခွင့်ရှိသူ ၃၄,၂၉၅, ၃၃၄ ယောက်ရှိတယ်။Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၂)”

ဦးတင်အေး နဲ့ ဦးလှသိန်း (၁)

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း၂၀၂၀ ရွေးကောက်ပွဲ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍကို ရေး မယ်ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နှိုင်းယှဉ်ဖို့လိုလာတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို အစွဲပြုပြီး ဦးတင်အေးကော်မရှင်လို့ ခေါ်ခဲ့ကြတယ်။ ဒါ့ကြောင့် ကော်မရှင်နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ မြင်သာအောင်လို့ ဥက္ကဋ္ဌအမည် တွေနဲ့ပဲ ခေါင်းစဉ်တပ်လိုက်ပါ တယ်။အခုဆောင်းပါးမှာတော့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ပတ်သက်ပြီး ကော်မရှင် နှစ်ခုဆောင်ရွက်ချက်ကို နှိုင်းယှဉ်လေ့လာကြည့်ချင်တယ်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကို ပြည်တွင်း နဲ့ ပြည်ပ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ နယက အစိုးရက ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်သူတွေကို ခွင့် မပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတယ်။၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုခဲ့တယ်။Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၁)”

သင်ဆရာ၊ မြင်ဆရာ

ဒီဇင်ဘာ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းခေါင်းဆောင်တဲ့ အဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို လေ့လာရေးခရီးထွက် တယ်ဆိုတဲ့သတင်းပါလာတယ်။သတင်းစာက အခုခရီးစဉ်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ရွေးကောက်ပွဲ စနစ်များနှင့် စပ်လျဉ်း၍ နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုင်ရာ ခရီးစဉ်ဖြစ်တယ်လို့ ရေးထားတယ်။ ဒါဟာ အတော် အံ့သြစရာကောင်းတဲ့ ရည်ရွယ်ချက်ပဲ။ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ မြန်မာနိုင်ငံက ပါတီစုံစနစ်ကျင့်သုံးတယ်။ တရုတ်နိုင်ငံက တစ်ပါတီစနစ်ကျင့်သုံး တယ်။ နိုင်ငံရေးစနစ်လည်းမတူဘူး။ ရွေးကောက်ပွဲစနစ်လည်းမတူဘူး။ဒီတော့ ရွေးကောက်ပွဲစနစ်တွေနဲ့ပတ်သက်ပြီး နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုတာ မြန်မာက တရုတ်ကို ပါတီစုံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့လား။ ဒါမှမဟုတ် တရုတ်ကွန်မြူနစ်ပါတီရဲ့ တစ်ပါတီစနစ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လေ့လာဖို့ လား။ဘယ်သူက သင်ဆရာ၊ မြင်ဆရာဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ။