သင်ဆရာ၊ မြင်ဆရာ

ဒီဇင်ဘာ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းခေါင်းဆောင်တဲ့ အဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို လေ့လာရေးခရီးထွက် တယ်ဆိုတဲ့သတင်းပါလာတယ်။သတင်းစာက အခုခရီးစဉ်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ရွေးကောက်ပွဲ စနစ်များနှင့် စပ်လျဉ်း၍ နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုင်ရာ ခရီးစဉ်ဖြစ်တယ်လို့ ရေးထားတယ်။ ဒါဟာ အတော် အံ့သြစရာကောင်းတဲ့ ရည်ရွယ်ချက်ပဲ။ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ မြန်မာနိုင်ငံက ပါတီစုံစနစ်ကျင့်သုံးတယ်။ တရုတ်နိုင်ငံက တစ်ပါတီစနစ်ကျင့်သုံး တယ်။ နိုင်ငံရေးစနစ်လည်းမတူဘူး။ ရွေးကောက်ပွဲစနစ်လည်းမတူဘူး။ဒီတော့ ရွေးကောက်ပွဲစနစ်တွေနဲ့ပတ်သက်ပြီး နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုတာ မြန်မာက တရုတ်ကို ပါတီစုံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့လား။ ဒါမှမဟုတ် တရုတ်ကွန်မြူနစ်ပါတီရဲ့ တစ်ပါတီစနစ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လေ့လာဖို့ လား။ဘယ်သူက သင်ဆရာ၊ မြင်ဆရာဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ။

ထွေအုပ်နဲ့ နိုင်ငံရေးပါတီ

အင်တာနက်ပေါ်မှာ ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား တဲ့စာတစ်စောင်ကို တွေ့ရတယ်။ စာပါ အကြောင်းအရာကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မုံရွာခရိုင် အမျိုးသမီးလုပ်ငန်းကော်မတီက အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရအောင် မဲစာရင်းဆောင်ရွက်တဲ့အခါ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတွေက လိုအပ်တာတွေကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားတာဖြစ်ပါတယ်။ ဒီစာ ကို မုံရွာခရိုင်ထွေအုပ်ရဲ့ ၂၀၁၉ သြဂုတ်လ ၉ ရက်နေ့စာကို ညွှန်းပြီး ၂၀၁၉ သြဂုတ်လ ၁၉ ရက် နေ့မှာ အုပ်ချုပ်ရေးမှူး အောင်ဘော် ( ပ/၄၄၈၄) က လက်မှတ်ထိုး ထပ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီညွှန်ကြားချက်က အစစ်အမှန်ဆိုရင် အောက်ပါအချက်တွေကို စဉ်းစားသုံးသပ်ဖို့လိုလာContinue reading “ထွေအုပ်နဲ့ နိုင်ငံရေးပါတီ”