စင်္ကာပူကို ကျော်မယ်ဆို

အစိုးရရဲ့ စီးပွားရေးမူဝါဒ၊ ပြည်တွင်းက အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကို အကူအညီပေးရန်လိုအပ်ချက်တွေကို သုံးသပ်ထားတဲ့ တူမောရိုး ဂျာနယ်က “ လက်စောင်းထက်” ရဲ့ဆောင်းပါး ဆောင်းပါးခေါင်းစဉ်က “ ဖြစ်ချင်နေတာက စင်္ကာပူ၊ ဖြစ်နေတာက ကသောင်း ကနင်း၊ ဖြစ်ခဲ့တာက ဗရုတ်ဗရက်” တဲ့ စိတ်ဝင်စားရင် အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ http://www.tomorrow.com.mm/node/4478?fbclid=IwAR0JPe2e2L0bgLl13hVTO1N3_7jlINq45CjykwUCOAlXCMYVsU247SzevIU

ဝါး တားဘတ်စ်

အထင်ကြီးစရာ ရည်မှန်းချက်တွေနဲ့ တာထွက်ခဲ့ပြီး ဆိုင်းမပါ ဗုံမဆင့် ရပ်နားသွားတဲ့ ဝါး တား ဘတ်စ် ( Water Bus ) နဲ့ပတ်သက်တဲ့ အမှတ်တရများ၁။ ဝါး တားဘတ်စ် ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အများပြည်သူ ပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်မှုအစီအစဉ်ဖြစ်တယ်။ ဝါး တားဘတ်စ်ဟာ ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်မယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောတယ်။ ( ဧရာဝတီသတင်း) ပုံ ၁ နဲ့ ၂၂။ ဝါး တားဘတ်စ်ကို ရန်ကုန်မြစ်ထဲမှာတင်မဟုတ်ဘဲ ငမိုးရိပ်ချောင်းထဲမှာလည်း ပြေးဆွဲဖို့ စီစဉ် နေတယ်။ ငမိုးရိပ်ဘက်ကိုပြေးဆွဲနိုင်ရင် ရန်ကုန်ကို တစ်ပတ်ပတ်နိုင်မယ်။ ကုန်စည် စီးဆင်းမှုကို ရေကြောင်းကလုပ်နိုင်မယ် ( ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း) ပုံ ၃၃။ ဝါးContinue reading “ဝါး တားဘတ်စ်”

ဘာပြောဦးမလဲ

ဖေဖော်ဝါရီ ၁၃ ရက်ပြည်ထောင်စုလွှတ် တော်အစည်အဝေးမှာ ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာအပေါ် ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်အစီရင်ခံ စာနှင့် စပ်လျဉ်းပြီး ဆွေးနွေးတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေက၁။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အရာရှိများကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာ သင်တန်း (MPA) များပေးရာ တွင် လမ်းဘေးကျောင်းသာသာ ရှိသည့် တက္ကသိုလ်တွင် တက်စေ ပြီး မာစတာဘွဲ့များချီးမြှင့်ခြင်း သည် ရှက်စရာအလွန်ကောင်း သည့် ကိစ္စဖြစ်တယ်။၂။ နိုင်ငံကတော့ သန်း ၂၀၀ နီးပါး ရေစုန်မျောသွားပြီးဖြစ်ပါတယ်။ နောက်ဒါမျိုး မလုပ်တော့ပါဘူးဆို ပြီး ဝန်ချတောင်းပန်ရုံနဲ့ ပိုက်ဆံ ပြန်မရသလို ဂုဏ်သိက္ခာလည်း ပြန်ရလာမှာContinue reading “ဘာပြောဦးမလဲ”

စိတ်မပူကြနဲ့

ပြန်ကြားရေးဝန်ကြီးဌာန က ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်သူတွေ စိတ်မပူအောင် အသိပညာပေးတဲ့ ဆောင်းပါး “ ကိုရိုနာ ဗိုင်းရပ်စ် ၂၁ ရာစု အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ရောဂါတွေလောက် ကြောက်စရာမကောင်းသေး” ( မြန်မာ့အလင်းသတင်းစာမှ )

ကျောင်းသားသမဂ္ဂ မရှိသင့်ဘူး၊ မလိုဘူး စသည် စသည်ဖြင့် ဝေဖန်နေသူများအတွက် ၂၀၁၂ ခုနှစ် မေလအတွင်းမှာ အဲဒီအချိန်က အတိုက်အခံ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က “ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်တည်ဆောက်နေပြီဆိုရင် ကျောင်းသား သမဂ္ဂဆိုတာ ရှိရမှာဖြစ်တယ်“ လို့ ပြောခဲ့တဲ့ သတင်းကို အမှတ်တရ မ ျှဝေလိုက်ပါတယ်။

ပြောမှ သိ ၊ ထိမှ နာ

ဝန်ကြီးဌာနတွေ အသစ်ဖွဲ့၊ ဒုဝန်ကြီးတွေ အသစ်တိုးခန့်တဲ့သတင်းတွေကို ဖတ်ရတိုင်း ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပြောတဲ့မိန့်ခွန်းကို ပြန်ပြန် နားထောင်မိတယ်။ အဲဒီမိန့်ခွန်းမှာ သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာနတွေလျော့ချတာနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့တယ် — အခုလို ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်းသွား ခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ မှာဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာလျော့နည်းသွားမှာဖြစ်ပါတယ်။ xx ဒါ့အပြင်လျော့နည်းသွားတဲ့ ဝန်ကြီးများရဲ့ လစာငွေ နဲ့ အဆောင်အယောင်အသုံးစရိတ်ဟာ အစိုးရ ငါးနှစ်သက်တမ်းအတွင်း သန်းပေါင်းငါးထောင်ခန့် နိုင်ငံအတွက် ချိုးခြံချွေတာပြီးလည်း ဖြစ်ပါ လိမ့် မယ်။ xx ဒါ့ကြောင့်ကျွန်တော့်အနေနဲ့Continue reading “ပြောမှ သိ ၊ ထိမှ နာ”

တွေးကြည့် ပြေးကြည့်

ဒုဝန်ကြီးတွေ မလိုအပ်လို့ မခန့်ဘူးဆိုပေမယ့် တကယ်လုပ်ကြည့်လို့ လိုအပ်မှန်းသိတော့လည်း ခန့်ရတာပေါ့။ တစ်ခုပါပဲ. လေးနှစ်ကျော်မှ ဒုဝန်ကြီး လိုအပ်တယ်ဆိုတာတွေ့ပြီး ထပ်ထပ် ခန့်နေရတော့ အသိ နောက်ကျနေပြီလားလို့ စိုးရိမ်မိတယ်။ ပညာရှိတွေးကြည့်ရင် ပြေးကြည့်တာထက်မှန်တယ်ဆိုတဲ့စကားကြားဖူးတယ်။ တွေးမကြည့်ပဲ ပြေးကြည့်မှ သိတယ်ဆိုရင်တော့ xxxx

အမိန့်ထုတ်လိုက် ပြန်ပြင်လိုက်ဖွင့်လိုက် ပိတ်လိုက် လုပ်တာတွေများလာတဲ့အခါသာမန် ပြည်သူက အစ ရင်းနှီးမြှုပ်နှံမယ့်သူအဆုံးအစိုးရမူဝါဒတွေအပေါ် စောင့်ကြည့်ရဦးမယ် ဆိုတဲ့ အမြင်တွေဖြစ်လာတာ မထူးဆန်းပါဘူး။ =========================ဝန်ထမ်းများ ကားတင်သွင်းခွင့်မည့်ကိစ္စ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရှင်းလင်း ထုတ်ပြန်ချက်များ အလွန်အကျွံဖြစ်နေ၍ နှုတ်မိန့်ဖြင့် ခေတ္တဆိုင်းငံ့ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာများသို့ပြောသည်။

အားတက်ဖို့

ဝူဟန် ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ မြင့်ထွေး ၏ အားတက်စရာ မှတ်ချက်များ၁။ ရောဂါ ရှာဖွေစစ်ဆေးရာ၌ အခြားနိုင်ငံများထက် သေချာအောင် ဆောင်ရွက်ထား၂။ ကုသမှုအပိုင်းမှာ လုပ်ထားတာ ပျံနေတာပဲ။၃။ ဖြစ်လို့ရှိရင် ကျွန်တော်တို့ ကုလို့မရဘူး၊ ထိုင်းနိုင်ငံပို့မယ်။ ထိုင်းက ပိုက်ဆံတစ်ပြားမှမယူဘူး။၄။ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်လာပါက သေမည် ရှင်မည်ကို ဝေခွဲမရဖြစ်နေ ။

ဖြုတ်၊ ထုတ် ၊ ရှင်း

အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီဝင်အဖြစ်က ရုပ်သိမ်း ကြောင်း ဒေါက်တာအောင်မိုးညိုလက်မှတ်နဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ ပုံ ၁ နဲ့ ၂ သတင်းမီဒီယာတွေမှာတော့ ဒီလိုထုတ်ပယ်ဖို့ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဦး ကျော်ဇေယျကို ခေါ်တွေ့တာ၊ အကြောင်းပြချက်ပေးတာမရှိဘူးလို့ပါတယ်။ ပုံ ၃ ဦးကျော်ဇေယျရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီဝင်တွေနဲ့ တစ်ခါမှတွေ့ဆုံတာမရှိဘူးလို့ရေးထားပါတယ်။ အင်န်အယ်လ်ဒီပါတီထဲမှာ ကာယကံရှင်ကို ခေါ်ယူစစ်ဆေးတာမျိုးမရှိဘဲ ပါတီဝင်အဖြစ်က ရုပ်သိမ်းလိုက်တဲ့ ကိစ္စတွေဖြစ်တာမကြာခဏကြားရတယ်။ ဘယ်ပါတီမဆို စည်းကမ်းဖောက်တဲ့ ပါတီဝင်ကို ပါတီစည်းကမ်းအရအရေးယူရမှာပဲ။ ဒါပေမယ့် ကာယကံရှင်ကို ခုခံချေပခွင့်ပေးရမယ်၊ အရေးယူသင့်၊မယူသင့်ဆိုတာကို လူတစ်ယောက် ၊ ဒါမှ မဟုတ် လူတစ်စု သဘောနဲ့ဆုံးဖြတ်လို့မရဘူး။ ပါတီညီလာခံတစ်ခုနဲ့Continue reading “ဖြုတ်၊ ထုတ် ၊ ရှင်း”