ဆောင်းပါးတွေမရေးဖြစ်တာ တစ်ပတ်လောက်ရှိပြီ။ အဲဒါကို သတိထားမိတဲ့ မိတ်ဆွေတစ်ယောက် က မေးလာတော့ ကျွန်တော် ဆောင်းပါး ရေးခဲ့ဖူးတဲ့ “ လှိုင်သာယာသူ” ရဲ့ စကားကို သတိရ သွားတယ်။ တစ်နေ့က သူ သန့်ရှင်းရေးအလုပ်လုပ်နေတဲ့ မိတ်ဆွေရဲ့ ရုံးခန်းကို ရောက်သွားတယ်။ လှိုင်သာ ယာသူ ကိုလည်း တွေ့တယ်။ လှိုင်သာယာသူ အတော်စကားနည်းသွားတာ သတိထားမိတော့ “ ဘယ်လိုလဲဗျ၊ ကုန်ဈေးနှုန်းအကြောင်း၊ လှိုင်သာယာအကြောင်း ဘာဘာ ညာညာ မပြောတော့ ဘူးလား” လို့ မေးမိတယ်။ လှိုင်သာယာသူက “ ဆရာရေ အဆင်ပြေလို့၊ ကျေနပ်လို့ ငြိမ် နေတာ မဟုတ်ဘူး။ စိတ်ပျက်လွန်းလို့ ပြောချင်ဆိုချင်စိတ်ကို မရှိတော့တာ။” လို့ ဖြေသဗျ။ အခုတော့လည်း မရေးမဖြစ် ရေးဖို့အကြောင်းပေါ်လာတော့Continue reading “ဓာတ်ပြားဟောင်း”
Tag Archives: Election
ဦးတင်အေး နဲ့ ဦးလှသိန်း (၆)
မဲဆွယ်ကာလ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုက်ဆိုင်မှုတစ်ခုကတော့ ရွေးကောက်ပွဲကျင်းပ မယ့်ရက်က နိုဝင်ဘာ ၈ ရက် ထပ်တူဖြစ်နေတာပဲ။ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၃ ရက်နေ့မှာ မဲဆွယ်ကာလဟာ စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီ အထိဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့တယ်။ ပုံ ၁ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်နေ့မှာ မဲဆွယ် ကာလ ဟာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၆)”
ဦးတင်အေး နဲ့ ဦးလှသိန်း (၅)
ရွေးကောက်ပွဲနေ့ ကိုဗစ် ဒုတိယလှိုင်းခြိမ်းခြောက်မှုပေါ်လာတော့ ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းဖို့ သင့်/မသင့် ဆိုတဲ့ ဆွေးနွေးမှုတွေပေါ်လာတယ်။ ဒီနေရာမှာ ပထမဆုံး သတိပြုရမယ့်အချက်က ရွေးကောက်ပွဲကျင်းပရမယ့် နေ့ရက်ကို မြန်မာနိုင်ငံ ဖွဲ့စည်း ပုံ အခြေခံဥပဒေမှာ တိတိကျကျ သတ်မှတ်ထားခြင်းမရှိဘူး။ အခန်း (၉ ) “ ရွေးကောက် တင်မြှောက်ခြင်း” ပုဒ်မ ၃၉ ၉ မှာ ရွေး ကောက်ပွဲကျင်းပတာ၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေကို သတ်မှတ်တာ စတဲ့လုပ်ငန်းတာဝန်အားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်အဖြစ်သတ်မှတ်ပေးထားတယ်။ ပုဒ်မ ၄၀၂ မှာတော့ ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနဲ့ပတ်သက်ရင် ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်နဲ့ ဆောင်ရွက်ချက်တွေက အတည်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄ မှာတော့ ရွေးကောက်ပွဲများကိုContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၅)”
ဦးတင်အေး နဲ့ ဦးလှသိန်း (၁)
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း၂၀၂၀ ရွေးကောက်ပွဲ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍကို ရေး မယ်ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နှိုင်းယှဉ်ဖို့လိုလာတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို အစွဲပြုပြီး ဦးတင်အေးကော်မရှင်လို့ ခေါ်ခဲ့ကြတယ်။ ဒါ့ကြောင့် ကော်မရှင်နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ မြင်သာအောင်လို့ ဥက္ကဋ္ဌအမည် တွေနဲ့ပဲ ခေါင်းစဉ်တပ်လိုက်ပါ တယ်။အခုဆောင်းပါးမှာတော့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ပတ်သက်ပြီး ကော်မရှင် နှစ်ခုဆောင်ရွက်ချက်ကို နှိုင်းယှဉ်လေ့လာကြည့်ချင်တယ်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကို ပြည်တွင်း နဲ့ ပြည်ပ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ နယက အစိုးရက ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်သူတွေကို ခွင့် မပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတယ်။၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုခဲ့တယ်။Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၁)”
ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့ရက်စွဲနဲ့ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆက်လက်ရပ်တည်ခွင့်မရှိကြောင်း နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာခဲ့တယ်။ ပုံ ၁ဒီကြေညာချက်ကြောင့် တစ်ချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် ကြတယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် လို့မရဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေအတိုင်းလုပ်ရမှာပဲ။ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ အချက်နှစ်ချက်ပါတယ်။ပထမအချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (ဃ) နဲ့ ငြိစွန်း တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ပုဒ်မ ၁၁ ပုဒ်မ ခွဲ (ဃ) ဆိုတာက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံContinue reading “ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ”
သင်ဆရာ၊ မြင်ဆရာ
ဒီဇင်ဘာ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းခေါင်းဆောင်တဲ့ အဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို လေ့လာရေးခရီးထွက် တယ်ဆိုတဲ့သတင်းပါလာတယ်။သတင်းစာက အခုခရီးစဉ်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ရွေးကောက်ပွဲ စနစ်များနှင့် စပ်လျဉ်း၍ နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုင်ရာ ခရီးစဉ်ဖြစ်တယ်လို့ ရေးထားတယ်။ ဒါဟာ အတော် အံ့သြစရာကောင်းတဲ့ ရည်ရွယ်ချက်ပဲ။ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ မြန်မာနိုင်ငံက ပါတီစုံစနစ်ကျင့်သုံးတယ်။ တရုတ်နိုင်ငံက တစ်ပါတီစနစ်ကျင့်သုံး တယ်။ နိုင်ငံရေးစနစ်လည်းမတူဘူး။ ရွေးကောက်ပွဲစနစ်လည်းမတူဘူး။ဒီတော့ ရွေးကောက်ပွဲစနစ်တွေနဲ့ပတ်သက်ပြီး နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုတာ မြန်မာက တရုတ်ကို ပါတီစုံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့လား။ ဒါမှမဟုတ် တရုတ်ကွန်မြူနစ်ပါတီရဲ့ တစ်ပါတီစနစ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လေ့လာဖို့ လား။ဘယ်သူက သင်ဆရာ၊ မြင်ဆရာဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ။
ထွေအုပ်နဲ့ နိုင်ငံရေးပါတီ
အင်တာနက်ပေါ်မှာ ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား တဲ့စာတစ်စောင်ကို တွေ့ရတယ်။ စာပါ အကြောင်းအရာကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မုံရွာခရိုင် အမျိုးသမီးလုပ်ငန်းကော်မတီက အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရအောင် မဲစာရင်းဆောင်ရွက်တဲ့အခါ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတွေက လိုအပ်တာတွေကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားတာဖြစ်ပါတယ်။ ဒီစာ ကို မုံရွာခရိုင်ထွေအုပ်ရဲ့ ၂၀၁၉ သြဂုတ်လ ၉ ရက်နေ့စာကို ညွှန်းပြီး ၂၀၁၉ သြဂုတ်လ ၁၉ ရက် နေ့မှာ အုပ်ချုပ်ရေးမှူး အောင်ဘော် ( ပ/၄၄၈၄) က လက်မှတ်ထိုး ထပ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီညွှန်ကြားချက်က အစစ်အမှန်ဆိုရင် အောက်ပါအချက်တွေကို စဉ်းစားသုံးသပ်ဖို့လိုလာContinue reading “ထွေအုပ်နဲ့ နိုင်ငံရေးပါတီ”
လေဘာပါတီ နဲ့ ရွေးကောက်ပွဲ
မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စကတော့ ရွေးကောက်ပွဲ ဘူတာကို ဆိုက်သွားပြီ။ အောက်တိုဘာ ၂၉ ရက်နေ့မှာ ဗြိတိသ ျှ ပါလီမန်က ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အဆိုကို မဲခွဲ တဲ့အခါ ထောက်ခံသူ ၄၃၈ ဦး၊ ကန့်ကွက်သူ ၂၀ ဦးရှိတယ်။ ဒါဟာ ဥပဒေ အရ လိုအပ်တဲ့ မဲအရေအတွက် သုံးပုံ နှစ်ပုံ ၄၃၄ မဲကို ကျော်လွန်တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ အဆို ပြုတဲ့ အတိုင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ တကယ် တော့ လက်ရှိ ပါလီမန်ဟာ ၂၀၁၇ ဇွန်လကမှ ရွေးကောက်ထားတာဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ် ဇွန်လ မှသာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းContinue reading “လေဘာပါတီ နဲ့ ရွေးကောက်ပွဲ”
“ ရွေးကောက်ပွဲကတိပျက်တဲ့ NLD”
“ ရွေးကောက်ပွဲကတိပျက်တဲ့ NLD” ဆိုတော့ RFA ရဲ့ သတင်းခေါင်းစဉ်က နည်းနည်းတော့ ပြင်းထန်တာပေါ့လေ။ ဒါပေမယ့် ဆွေးနွေးချက်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အောက်ပါလင့်ခ်မှာ အပြည့်အစုံနားထောင်နိုင်ပါတယ်။ https://www.rfa.org/…/nld-broke-promise-elections-102420190…