လွန်ခဲ့တဲ့ (၇) နှစ် ၊ ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ရေကူးအသံလွှင့်ရုံစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အပြန်အလှန်ဆွေးနွေးခဲ့တဲ့ အကြောင်းတွေ ဖေ့စ်ဘွတ် မှာ အမှတ်တရ ပြန်တက်လာတယ်။ ရေကူးစီမံကိန်းတင်ဒါ အကျဉ်းချုပ်က ရေကူးစက်ရုံက မြန်မာ့အသံလှိုင်းတို၊ လှိုင်းလတ် ရေဒီယို ထုတ်လွှင့်မှုတွေအတွက် အဓိက သုံးတဲ့ စက်ရုံဖြစ်ပါတယ်။ ရေကူးအသံလွှင့်စက်ရုံကို စတင် တည်ဆောက်ချိန် ကတော အဲဒီနေရာက မြို့ပြင်ပဲ၊ ၂၀၁၅ ခုနှစ်ရောက်တော့ အဲဒီပတ်ဝန်းကျင်မှာ လူနေ အိမ်တွေ၊ အထပ်မြင့်တိုက်တွေဖြစ်လာတယ်။ ကျွန်တော်တို့ မီဒီယာပြုပြင်ပြောင်းလဲမှု တွေ အတွက် အကူအညီပေးနေပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း အဖွဲ့ဝင်အဖြစ် ပါဝင် နေတဲ့ Asia-Pacific Institute for Broadcasting Development,Continue reading “ရေကူးစီမံကိန်း၊လွှတ်တော်နဲ့ ကျွန်တော်”
Category Archives: Government
မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ( MRTV ) က ၂၀၁၅ မှာ ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၁- ၂၀၁၅ ရုပ်သံမှတ်တမ်း လေးပါ။ ၂၀၂၀ မှာ အခြေအနေတွေ ပိုကောင်းနေပြီလား Credit MRTV
အုပ်ကြီး နှင့် ခဏတာ
လမ်းသွယ်လေးထဲမှာ လမ်းမီးတိုင်တွေက ခပ်ကျဲကျဲဆိုတော့ တိုက်ခန်းတွေက ဖြာ ကျတဲ့ အလင်းရောင်ပဲရှိတယ်။ မြေညီထပ်တိုက်ခန်းတွေက ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ ကလည်း ပါဆယ်ပဲရောင်းရတော့ ခြောက်ကပ်ကပ်။ ဝက်သားတုတ်ထိုးသည်လည်းတွေ့တယ်။ ထိုင်စား မှ အရသာရှိတဲ့ တုတ်ထိုးဟာ ပါဆယ်ခေတ်မှာ အခြေအနေကောင်းပုံမရဘူး။ အုပ်ကြီးရဲ့ ရုံးက တစ်ထပ်တိုက်လေး။ ရယကရုံးတွေရဲ့ထုံးစံအတိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ရယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရယ်တွဲဖွင့်ထားတယ်။ ရုံးရှေ့မှာ ကွမ်းယာဆိုင်ရှိတယ်။ ကွမ်းယာ ဟာ ကိုဗစ်ကို နိုင်တယ်။ အစထဲက ပါဆယ်ဆိုတော့ ပါဆယ်ခေတ်မှာ ကွမ်းယာက ဆရာကြီးပဲ။ အခု လည်းဆိုင်ရှေ့မှာ ကွမ်းယာစောင့်နေတဲ့သူ သုံးလေးယောက်ရှိတယ်။ အုပ်ကြီးရုံးရှေ့မှာ ရုံးရှေ့ ယာဉ်မရပ်ရ ဆိုင်းဘုတ်ရှိတယ်။ ဆိုင်းဘုတ်က သွပ်ပြား ဆိုင်းဘုတ်၊ အမည်းအောက်ခံမှာ အဖြူနဲ့ရေးထားတယ်။ သုံးပေလောက်ပဲမြင့်တဲ့ဆိုင်းဘုတ် ကိုContinue reading “အုပ်ကြီး နှင့် ခဏတာ”
သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ထဲက မြေယာပြဿနာ
ဒီနေ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ အွန်လိုင်း သတင်း ရှင်း လင်းပွဲမှာ ဧရာဝတီတိုင်းမြေသိမ်းဆည်းရေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဦးရွှေမန်းက ခိုင်ခိုင် မာမာ ဖြေကြားသွားတာ ကြည့်လိုက်ရတော့ လွှတ်တော်အတွင်းက ကိစ္စတစ်ခုကို သတိရမိတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရတာဝန်ယူချိန်ကာလမှာ လယ်ယာမြေနဲ့အခြားမြေများသိမ်းဆည်းခံ ထားရမှုက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်။ လွှတ်တော်ကလည်း ဦးတင်ထွတ် ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ထားတယ်။ အဲဒီကော်မရှင်က တိုင်စာတွေကို ကြား နာ စစ်ဆေးပြီး အစိုးရအဖွဲ့ကို ပို့တယ်။ အစိုးရအဖွဲ့မှာလည်း ဒုတိယသမ္မတ(၂) ခေါင်းဆောင်တဲ့ မြေ အသုံးချရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီက လွှတ်တော်က လာတဲ့ တိုင်စာတွေနဲ့ သမ္မတရုံးကို တိုင်တဲ့တိုင်စာတွေ ကိစ္စကို ဝန်ကြီးဌာနတွေနဲ့ညှိပြီးဖြေရှင်းရတယ်။ ဖြေရှင်းပြီးစီးမှုအခြေအနေ ကို သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံရတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂Continue reading “သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ထဲက မြေယာပြဿနာ”
ပုဂံမှာ ဘုရားဖူးဧည့်သည်တွေအလာများတဲ့ ဘုရား ၁၇ ဆူကို ဒီနေ့ ဇူလိုင် ၂၉ ကစပြီး ပိတ်လိုက်တယ်။ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလိုအပ်ချက်အရ လိုအပ်လို့ လုပ် ဆောင်တာကို အပြစ်မပြောလိုဘူး၊ လုပ်ပုံလုပ်နည်းကိုတော့ ဝေဖန်ချင်တယ်။ အခု ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရုံးပိတ်ရက်သုံးရက်အတွင်း ပုဂံကို ဧည့်သည်အများအပြားလာရောက်ခဲ့တဲ့အခြေအနေကို မူတည် ပြီး ရုံးပိတ်ရက် လေးရက် ဧည့်သည်လာရောက်မှုကို ထိန်းချုပ်ချင်လို့ လုပ်တာလို့ပဲ နားလည်မိတယ်။ ဒါပေမယ့် ဇူလိုင် ၂၁ ကနေ ဇူလိုင် ၂၉ အထိ ကြားမှာ တစ်ပတ်အချိန်ရတယ်။ ဇူလိုင် ၁၉ ရုံးပိတ် ရက်အခြေအနေအရ ဘုရားတွေကို ပိတ်တော့မယ်ဆိုရင် ဇူလိုင် ၂၄၊ ၂၅ လောက်ထဲက လူသိရှင် ကြားကြေညာသင့်တယ်။Continue reading
ပညာရှိ သတိဖြစ်ခဲ
၁။ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်း စည်း ( Mask ) ကို စနစ်တကျတပ်ဆင်ရန်။ ( ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန။ ဇူလိုင်လ ၄ ရက် ) ပုံ ၁။ ၂။ အခြားသူများနဲ့ ခပ်ကြာကြာ ထိတွေ့နိုင်တဲ့နေရာတွေမှာ Mask တပ်ဖို့ အထူးအရေးကြီးပါ တယ်။ ( ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ရေးသားချက်။ ဇွန် ၂၉ ) ပုံ ၂။ ၃။ ဇူလိုင်လ ၅ ရက်နေ့ နေပြည်တော် အင်န်အယ်လ်ဒီ ယာယီဌာနချုပ် (ရုံးခွဲ ) ဖွင့်ပွဲအခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အင်န်အယ်လ်ဒီ ခေါင်းဆောင်များ Mask တပ်ဆင်မှု အခြေအနေContinue reading “ပညာရှိ သတိဖြစ်ခဲ”
သမ္မတလယ်တော
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နေပြည်တော်ကောင်စီကနေ ဧက ကိုးဆယ်ကျော်နဲ့ ဧက နှစ်ဆယ်ကျော် ဝယ်ယူခွင့်ရတဲ့ အကြောင်း ပြောတဲ့အခါတိုင်း သမ္မတဦးသိန်းစိန်ရဲ့ လယ်တော ဧက ငါးရာ ဆိုတာကို ကွန်မင့်ရေးကြတယ်။ တကယ်တော့ ဦးသိန်းစိန် ပိုင်တာ ဧက ငါးရာမဟုတ်ဘူး။ ၃၈ ဧက ပဲရှိတယ် ၊ အဲဒီမြေ ကလည်း ၂၀၀၆/၇ မှာ လယ်သမားဆီက တိုက်ရိုက် ဝယ်ထားတယ်ဆို တာကို လွန်ခဲ့တဲ့လေးနှစ်ကလည်း ရှင်းပြဖူးတယ်။ အခုထပ်ပြီး တကယ်မသိတာလား၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ချင်လို့ မသိချင်ယောင် ဆောင်တာလားမသိဘူး။ ဧရာ ငါးရာ ဆိုတာ ပြန်ပြောလာကြတယ်။ ဆောင်းပါးရှင်တစ်ယောက်က ဆို သမ္မတ လယ်တော်ဆိုတာ အမေရိကန်သမ္မတတွေ အပန်းဖြေတဲ့ Capm David လောက်နီးနီး ဆောင်းပါးရေးခဲ့သေးတယ်။Continue reading “သမ္မတလယ်တော”
အသုပ်စုံ နဲ့ ကိုဗစ်
မုံရွာ၊ဘုတလင်နယ်ဘက်ကနေ ရန်ကုန်မှာ အသုပ်စုံလာရောင်းတဲ့ လူငယ်လေးတွေ အကြောင်းကို “KBZ နဲ့ အသုပ်စုံ” ဆိုပြီး ရေးခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်းမှာတော့ ကိုဗစ် မုန်တိုင်းထဲမှာ အဲဒီဆိုင်လေးလည်း လွင့်ပါသွားခဲ့တယ်။ ကိုဗစ် တားဆီးကာကွယ်ရေး စည်းကမ်းတွေလေ ျှာ့ပေးတာနဲ့အတူ သူတို့များ ပြန်လာပြီလားလို့ ရှာပေ မယ့် မတွေ့ဘူး။ ဒီနေ့မနက်တော့ ဘော်ဒါတွေရဲ့ အသုပ်စုံဆိုင်လေးပြန်ထွက်လာပြီ။ ဧပြီလ ဆန်းမှာ ရွာပြန်သွား တယ်၊ ရွာရောက်တော့ ၂၁ ရက် ကွာရင်တိုင်း ဝင်ခဲ့ရတယ်။ ရန်ကုန်မှာ အခြေအနေ မကောင်း သေးဘူး။ ကားလိုင်းတွေလည်း မဖွင့်သေးဘူး ဆိုတော့ ရွာမှာသောင်တင်နေခဲ့တယ်။ ဇွန်လ ၁ ရက်နေ့ မှာ ရန်ကုန်ပြန်ရောက်တယ်။ အရင် ငှားခဲ့တဲ့ အခန်းက ငှားလို့မရတော့ဘူး။ အခန်းသစ်တွေငှားဖို့ကလည်းContinue reading “အသုပ်စုံ နဲ့ ကိုဗစ်”
ဘောနီ
ရွှေဝါပြည်မှာ စိမ်းရင် “ဘောမ ” နီရင် “နီပေါ” စိမ်းရာက နီသွားတော့ “ဘောနီ” ဒါပေမယ့် “ဘောနီ” က ရှေ့က မျိုးစိတ်နှစ်ခုထက် ပိုပြီးထူးခြားတဲ့ ဂုဏ်သတ္တိတွေရှိတယ် ၁။ “မ” တဲ့အချိန်တုန်းကလည်း ကတ္တီပါလက်အိတ်နဲ့ ခံရတဲ့သူ အားနာအောင်မခဲ့တယ်။ ၂။ “နီ” ပြီဆိုတော့လည်း မူလလက်ဟောင်း အနီတွေ ထက် ပို နီတယ်။ ရဲရဲတောက်အောင် နီတယ်။ အသေအလဲနီတယ်။ ၃။ အရင်က “မ” ခဲ့တာ ကြောက်လို့ပါ။ အဂတိတရားမကင်းပါဘူး။ အခု “နီ“တာကတော့ တကယ်ချစ်တာ ၊ အဂတိမပါဘဲ ချစ်တာ၊ သွေးထဲ သားထဲက ချစ်တာပါ လို့ လေပြေထိုးတတ် တယ်။ ၄။ “ဘောနီ” ဟာ ဗိုင်းရပ်စ်လိုပဲContinue reading “ဘောနီ”
မေ့သဘော
နေပြည်တော်ကောင်စီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ဧက ကို ကျပ်သိန်း တစ်ထောင် ကျော် ပေါက်ဈေးရှိတဲ့နေရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော စီမံကိန်း ကို တစ်ဧက သိန်းငါးဆယ်နဲ့ ဧက ၂၀ကျော် ဂရန်ချပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြဲတမ်း အတွင်း ဝန် ဦးမျိုးအောင် က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဓာတုကင်းလွတ်စိုက်ခင်း၊ ပြခန်း၊ အရောင်းဆိုင်၊ ကော်ဖီ ဆိုင် တွေ လုပ်ဖို့ အတွက်လေ ျှာက်ထားခဲ့တယ်။ ဒ့ါကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဆုံးဖြတ်ချက်နဲ့ ၂၃ ဧကကျော်ကို တစ်ဧက သိန်းငါးဆယ်နဲ့ ဂရန်ချပေးခဲ့တယ်။ တစ်ဧက သိန်းငါးဆယ်ဆိုတာ အင်န်ဂျီအိုတွေ အတွက် သတ်မှတ်ထားတဲ့ဈေးဖြစ်တယ် လို့ဖြေကြားခဲ့တယ်။ မေးတဲ့ သတင်းထောက် က ဒီလို တစ်ဧက သိန်းတစ်ထောင်လောက်ဈေးရှိတယ်ဆိုတဲ့နေရာကို အခြားအင်န်ဂျီအိုတွေက လေContinue reading “မေ့သဘော”