ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နေပြည်တော်ကောင်စီကနေ ဧက ကိုးဆယ်ကျော်နဲ့ ဧက နှစ်ဆယ်ကျော် ဝယ်ယူခွင့်ရတဲ့ အကြောင်း ပြောတဲ့အခါတိုင်း သမ္မတဦးသိန်းစိန်ရဲ့ လယ်တော ဧက ငါးရာ ဆိုတာကို ကွန်မင့်ရေးကြတယ်။ တကယ်တော့ ဦးသိန်းစိန် ပိုင်တာ ဧက ငါးရာမဟုတ်ဘူး။ ၃၈ ဧက ပဲရှိတယ် ၊ အဲဒီမြေ ကလည်း ၂၀၀၆/၇ မှာ လယ်သမားဆီက တိုက်ရိုက် ဝယ်ထားတယ်ဆို တာကို လွန်ခဲ့တဲ့လေးနှစ်ကလည်း ရှင်းပြဖူးတယ်။ အခုထပ်ပြီး တကယ်မသိတာလား၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ချင်လို့ မသိချင်ယောင် ဆောင်တာလားမသိဘူး။ ဧရာ ငါးရာ ဆိုတာ ပြန်ပြောလာကြတယ်။ ဆောင်းပါးရှင်တစ်ယောက်က ဆို သမ္မတ လယ်တော်ဆိုတာ အမေရိကန်သမ္မတတွေ အပန်းဖြေတဲ့ Capm David လောက်နီးနီး ဆောင်းပါးရေးခဲ့သေးတယ်။Continue reading “သမ္မတလယ်တော”
Tag Archives: NPT
နှစ်သက်မိသော သတင်းများ၊ သီချင်းများ
၁။ ဘယ်သူတွေကပဲ ချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲနေသလဲ။ ကျွန်မတို့ အဂတိတရား ကင်းတဲ့ အစိုးရ တစ်ခု တည်ထောင်မယ်။ ( ပုံ ၁) ၂။ အစိုးရဖြစ်လာမှ ချမ်းသာလာမယ်၊ xx ပြည်သူတွေက ဆင်းရဲနေပြီးတော့ ကျွန်မတို့ အဖွဲ့ချုပ် က ချမ်းသာနေလို့ရှိရင် ကျွန်မတို့ဟာ အလွန်မှ သိက္ခာမဲ့တဲ့ အဖွဲ့တစ်ခုဖြစ်သွားလိမ့်မယ်။ ( ပုံ ၂) ၃။ NLD က မြေကွက် နဲ့ ကားပါမစ် ယူမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား။ ( ပုံ ၃) ၄။ သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ မြေကွက်မယူ။ ( ပုံ ၄ ) ၅။Continue reading “နှစ်သက်မိသော သတင်းများ၊ သီချင်းများ”
မေ့သဘော
နေပြည်တော်ကောင်စီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ဧက ကို ကျပ်သိန်း တစ်ထောင် ကျော် ပေါက်ဈေးရှိတဲ့နေရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော စီမံကိန်း ကို တစ်ဧက သိန်းငါးဆယ်နဲ့ ဧက ၂၀ကျော် ဂရန်ချပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြဲတမ်း အတွင်း ဝန် ဦးမျိုးအောင် က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဓာတုကင်းလွတ်စိုက်ခင်း၊ ပြခန်း၊ အရောင်းဆိုင်၊ ကော်ဖီ ဆိုင် တွေ လုပ်ဖို့ အတွက်လေ ျှာက်ထားခဲ့တယ်။ ဒ့ါကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဆုံးဖြတ်ချက်နဲ့ ၂၃ ဧကကျော်ကို တစ်ဧက သိန်းငါးဆယ်နဲ့ ဂရန်ချပေးခဲ့တယ်။ တစ်ဧက သိန်းငါးဆယ်ဆိုတာ အင်န်ဂျီအိုတွေ အတွက် သတ်မှတ်ထားတဲ့ဈေးဖြစ်တယ် လို့ဖြေကြားခဲ့တယ်။ မေးတဲ့ သတင်းထောက် က ဒီလို တစ်ဧက သိန်းတစ်ထောင်လောက်ဈေးရှိတယ်ဆိုတဲ့နေရာကို အခြားအင်န်ဂျီအိုတွေက လေContinue reading “မေ့သဘော”
ညဈေး ကိုဗစ်ဝေဒနာ
ညနေရုံးဆင်းချိန်ဆိုရင် တိုးမပေါက်အောင် စည်ကားလေ့ရှိတဲ့ နေပြည်တော်မြို့မဈေး ညဈေးတန်း ဟာ အခုတော့လူနည်းနည်းပဲ။ ညဈေးတန်းအဝင်၀ မှာ Mask မတပ်ရင် ဈေးထဲမဝင်ရဘူးဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။ စားနေကျယမ်ယမ်ဆိုင်က စားပွဲတစ်လုံးပဲ ထိုင်စားလို့ရတယ်။ ကျန်တာကပါဆယ်ဆွဲ။ ကိုဗစ် ကြောင့် အရင်ရောင်းအားရဲ့ သုံးပုံတစ်ပုံပဲရောင်းရတယ် တဲ့။ ကုန်ခြောက်၊ ကုန်စိမ်း၊ သားငါး ရောင်းသူတွေလည်း ထိုနည်းလည်းကောင်းပဲ။ အသင့်ချက်ပြီး ဟင်းရောင်းတဲ့သူတွေရှေ့မှာတော့ ဈေးဝယ်နည်းနည်းများတယ်။ လူတွေက ဟင်းချက်စားမယ့် အစား နှစ်ရာမျိုး ၊ သုံးရာမျိုး ဝယ်စားတာများလာတော့ ဈေးကွက်မပျက်ဘူးပေါ့။ ဒါပေမယ့် အခုလို အောက်ခြေလူတန်းစားတွေ၊ လစာ နည်းဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်မှုပုံစံ တွေပြောင်းနေတာကို မသိသူတွေလည်းရှိသေး တယ်။ ညဈေးအပြင်ဘက်လမ်းမပေါ်မှာ လိုက်ထရပ်ပေါ်ကနေ ကြက်သားဒန်ပေါက် တစ်ပွဲငါးရာ ဆိုပြီး အော်ရောင်းနေတယ်။ ဒန်ပေါက် ငါးContinue reading “ညဈေး ကိုဗစ်ဝေဒနာ”