“မြန်မာစကားနဲ့ စာပေ” ဆိုတာ ဆရာမောင်သာနိုး ရဲ့ မြန်မာဘာသာစကား၊ မြန်မာစာပေ နဲ့ ပတ် သက်တဲ့ အယူအဆတွေကို စုစည်းထားတဲ့ဆောင်းပါးပေါင်းချုပ်စာအုပ်ဖြစ်ပါတယ်။ ဆရာ မောင် သာနိုးဟာ သူ့အယူအဆများ၊ထင်မြင်သုံးသပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြတတ်သူဖြစ် သလို ဝေဖန်ဖို့လိုအပ်ရင်လည်း အားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။ ဆရာမောင်သာနိုး ကိုယ်တိုင်က သူ့စာတွေနဲ့ပတ်သက်ပြီး “ လောကမှာ လူနှစ်မျိုးရှိတယ်၊ တစ်မျိုးက ကိုယ့် ထမင်း ကိုယ်စား ဘာသိဘာသာ နေတတ်သူ၊ အရပ်က လူလိမ္မာလို့ ခေါ်လေ့ရှိတဲ့သူမျိုး၊ နောက် တစ်မျိုး က အဲသလို မနေတတ်တဲ့သူ။ သူက ဒုတိယအမျိုးအစားမှာပါတယ်။ မဟုတ်မမှန်တာတွေ့ ရင် အငြိမ်မနေနိုင်၊ အမုန်းခံပြီး အမှားကို ထောက်ပြ၊ အမှန်ပြောချင်သူ” လို့ ရေးခဲ့ဖူးတယ်။ ဆရာမောင်သာနိုးရဲ့ “ မြန်မာစကားနဲ့စာပေ”Continue reading ““ စိတ်” ပျောက်သူ”
Category Archives: Essay
ထင်တလုံး
လွန်ခဲ့တဲ့ ခုနစ် နှစ် ပြန်ကြားရေးဝန်ကြီးတာဝန်ယူချိန်က ကိုယ့်ကိုယ် ကိုယ်ထင်တလုံးဖြစ်နေတဲ့ စိတ်ပျောက် သွားစေတဲ့ ဖြစ်ရပ်အကြောင်းကို “ ထင်တလုံး” ဆိုပြီး စာတစ်ပုဒ်ရေးခဲ့တယ်။ ဒီဖြစ်ရပ် လေးမှာ ပါဝင်ခဲ့တဲ့၊ အဲဒီအဖြစ်အပျက်အကြောင်း ကျွန်တော့်ကို ပြန်ပြောပြတဲ့ ဘုတ်အဖွဲ့ဝင်တွေ ထဲက တစ်ချို့ အငြိမ်းစားယူသွားပြီ၊ တစ်ချို့ တာဝန်ထမ်းဆောင်နေဆဲပဲ။ သူတို့နဲ့ စကားပြောပြီးတဲ့နောက် ပြန်တွေးကြည့်တော့ သူတို့ ဒီအဖြစ်အပျက်အကြောင်း ကျွန်တော့်ကို ပြန်ပြောပြတာ ဟာ “ ဦးရဲထွဋ် ၊ ခင်ဗျား ဘဝင်မြင့်မနေနဲ့၊ ထင်တလုံး ဖြစ်မနေနဲ့” လို့ သွယ်ဝိုက်သတိပေးတာလို့ ခံစားမိတဲ့အတွက် ဒီစာကို ရေးဖြစ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် “ထင်တလုံး” ဖြစ်ပြီး ထင်ရာစိုင်းလို့ ကိုယ်တိုင်တင်မဟုတ်ဘူး၊ အရပ် ရှစ်မျက်နှာက လူတွေကိုပါ ဒုက္ခမျိုးစုံရောက်စေတဲ့Continue reading “ထင်တလုံး”
ကြွပ်ကြွပ်အိတ်
ကြွပ်ကြွပ်အိတ် လို့ အလွယ်ခေါ်နေတဲ့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေက သဘာဝပတ် ဝန်းကျင် ထိန်း သိမ်းရေးအတွက်ကတော့ ရန်သူပဲ။ ဒီအိတ်တွေကို ထုတ်လုပ် ဖို့ အတွက် ရေနံ၊သဘာဝဓာတ်ငွေ့စတဲ့ ရုပ်ကြွင်းလောင်စာတွေကို အခြေခံရတယ်။ အမေရိကန် တစ်နိုင်ငံ တည်းမှာ တစ်နှစ်ကို ပလတ်စတစ်အိတ် ဘီလျံ တစ်ရာကျော်သုံးပြီး အဲဒီ အိတ်တွေကို ထုတ်လုပ် ဖို့အတွက် ရေနံစည် ၁၂ သန်း ကုန်ကျသတဲ့။ ဒါ့အပြင် ဒီအိတ်တွေ ကို စွန့်ပစ်လိုက်တဲ့အခါ ဆွေးမြေ့ပျက်စီးဖို့အတွက် နှစ်ပေါင်းရာချီ ကြာတယ်။ ဒီအိတ်တွေ မြေကြီး ထဲမှာ ရှိနေတဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့ တွေထုတ်လွှတ်တယ်။ ရေထဲမှာ ရှိနေ တဲ့အခါ ရေနေသတ္တဝါတွေကို ဒုက္ခပေးတယ်။ စည်းကမ်းမဲ့ စွန့်ပစ်မှုထားတဲ့ ပလတ်စတစ်အိတ် တွေကြောင့်Continue reading “ကြွပ်ကြွပ်အိတ်”
တိတ်တခိုး
လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ က ရေးခဲ့တဲ့ စင်္ကာပူက တိတ်တခိုး ဇာတ်လမ်း။ မဖတ်ရသေးသူများ အတွက် ပြန်မ ျှဝေလိုက်ပါတယ်။ တိတ်တခိုး တကယ်တော့ ဒီနေ့ မှာ စီစဉ်ဖို့မသင့်မှန်းသိသည်။ ရုံးပိတ်ရက်ဆိုတော့ ဘေးအခန်းတွေမှာက လူစုံသည်။ ကလေးတွေက ဟိုဒီပြေးလွှားနေသည်။ ရုံးဖွင့်ရက်ဆိုရင်တော့ ရုံးသွား၊ကျောင်းသွား နဲ့ အားလုံးတိတ်ဆိတ်အေးချမ်းသည်။ ပိုပြီးလုံခြုံသည်။ ဒါပေမယ့် ကိုယ့်အတွက်က ဒီနေ့ပဲ အဆင် ပြေတာဆိုတော့ စွန့်စားရတော့မည်။ ပြူတင်းတံခါးတွေကို လုံအောင်ပိတ်သည်။ ကန့်လန့်ကာတွေကို ဆွဲစေ့သည်။ လေအေးစက်တွေ အားလုံးဖွင့်ထားလိုက်သည်။ အေးချမ်းလုံခြုံနေဖို့လိုသည်။ မဆီမဆိုင် လမ်းစဉ်ပါတီခေတ်က နေ့ ဘက် အိမ်တံခါးတွေပိတ်၊ စောင်တွေကာပြီး နေ့ဘက်ပါတီပွဲတွေ ခိုးကျင်းပတာကို သတိရကာ ပြုံး မိသည်။ အခန်းထဲလှုပ်ရှားသံတွေကို အပြင်က မကြားရအောင် သီချင်းကျယ်ကျယ်ဖွင့်ထားContinue reading “တိတ်တခိုး”
အောင်နိုင်ခြင်း
အားကစားသမားတိုင်းကတော့ ပြိုင်ပွဲတိုင်းမှာ နိုင်ချင်တာပေါ့။ ဒါပေမယ့် ဘယ်လို ပုံစံနဲ့ နိုင်သလဲ ဆိုတာက အရေးကြီးတယ်။ သန့်သန့်ရှင်းရှင်း အနိုင်ယူတဲ့ ကစားသမားဆိုရင် ပရိသတ်က ချစ်တယ်။ စည်းကမ်းဘောင်ထဲက ညစ်ပြီး အနိုင်ယူတတ်တဲ့ ကစားသမား ဆိုရင် လူကြိုက် နည်းတယ်။ အဲ အရှုံးကို လက်မခံနိုင်လို့ ဒိုင်လူကြီးကို ရန်ရှာ ၊ ပွဲဖျက်တဲ့ ကစားသမားဆိုရင် တော့ ပရိသတ်က ရေသန့် ဘူးနဲ့ပေါက်တာခံရပြီး ပြည်တွင်း/ ပြည်ပမှာ ရာသက်ပန်ပွဲ ပယ်ခံနိုင် တဲ့အထိတောင် ဖြစ်သွား နိုင်တာပေါ့။ ဒါ့ကြောင့် အားကစားသတင်းတစ်ပုဒ်ကို အခြေခံပြီး စစ်မှန်တဲ့အောင်နိုင်ခြင်း အကြောင်းကို လွန်ခဲ့ တဲ့ နှစ်နှစ် ၂၂ – ၉ – ၂၀၂၀ ရက်နေ့မှာ “Continue reading “အောင်နိုင်ခြင်း”
ပြန်ပေါင်းထုပ်ခန်း
တိုက်တိုက်ဆိုင်ဆိုင် ပြန်တက်လာတဲ့ လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ ရေးခဲ့တဲ့စာ မဖတ်ရသေးသူများ ဖတ်ပြီး အတွေးနယ်ချဲ့နိုင်ဖို့မ ျှဝေလိုက်ပါတယ်။ ===================================================== ပြန်ပေါင်းထုပ်ခန်း တကယ်တော့ မင်္ဂလာသာဆောင်ခဲ့တာ။ တစ်ယောက်အကြောင်းတစ်ယောက် ရေ ရေ လည်လည် သိခဲ့ကြတာ မဟုတ်ဘူး။ မသိတာလည်းမပြောနဲ့၊ဒီနှစ်ရွာက ဟို ဘေးတွေ ဘီတွေခေတ် က ပဲ အဆက်အသွယ်ရှိခဲ့တာကိုး။ ဒါတောင်မှ သာရေး နာရေးဆိုမှ သူ့ရွာ ကိုယ့်ရွာ အဆက် အဆံရှိခဲ့တာလေ။ နှစ်အိမ့်တစ်အိမ်နေခဲ့ရတာမှမဟုတ်တာ။ ဟောအဖိုးတို့အဖေတို့ခေတ်အရေးပိုင်ပြောင်းသွားတော့ပိုဆိုးသွားရော။ နောက်အရေးပိုင် က ဟိုဘက်ရွာ၊ ဒီဘက်ရွာ ကူးလူးသွားလာတာ မကြိုက်လှဘူး။ ကိစ္စရှိရင် သူ့လာပြော၊ သူရှင်းမယ်၊ ဟိုရွာ၊ ဒီရွာမသွားကြနဲ့ပေါ့။ ပြီးတော့ ရွာချင်းတောင်သူက အဆင့်ခွဲသေးတာ။ သူ့အတွက်အခွန်အကောက်များများရတဲ့ရွာ၊Continue reading “ပြန်ပေါင်းထုပ်ခန်း”
ပေတံ
၂၀၂၁ ခုနှစ် မေလ က ရေးခဲ့တဲ့ ဆောင်းပါး။ အဲဒီပေတံကို ပြန်တွေ့တဲ့ နေ့ကစပြီး ပေတံ ကိုင်လိုက်တာနဲ့ ပယောဂ မှန်လို့ တုန်ဆင်းသွားတဲ့သူအတော်များတာပဲ။ “ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကောင်း၊ မကောင်း ငါမသိဘူး။ နိုင်ငံရေးသမားတိုင်းက ကိုယ့်ဝါဒ ကောင်း ကြောင်းပြောနေတော့ ငြင်းလို့ဆုံးမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးလမ်းစဉ် တစ်ခု အောင်မြင် လား၊ မအောင်မြင်ဘူးလားဆိုတာတော့ ပြောလို့ရတယ်။ ကိုယ့်အစိုးရလက်ထက်မှာ လူထု နေထိုင် ရတာ အရင်အစိုးရထက် ပိုကောင်းရင် အောင်မြင်တယ်၊ ပိုမကောင်းဘူးဆိုရင် မအောင်မြင်ဘူး။ မင်းလည်း တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ်ပါတီကို အဲဒီပေတံ နဲ့ တိုင်း ကြည့်ပေါ့။” ( ဆောင်းပါးကောက်နှုတ်ချက်) ပေတံ အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်က တဲအိမ်လေး။ တဲအိမ်လေးContinue reading “ပေတံ”
သာပြော လုပ်လွဲ
တစ်နေ့က အမေဂျမ်း အကြောင်းရေးရင်းနဲ့ တပ်မတော်သား ဘ၀ မှာ ဆုံခဲ့ဖူးတဲ့ လုပ်ဖော်ကိုင် ဘက်တွေကို အကြောင်း စဉ်းစားမိတယ်။ တပ်မတော်သားဘ၀ ဆိုတာက တပ်ရင်း တပ်ဖွဲ့ အမျိုး မျိုး မှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရတာဆိုတော့ လူအမျိုးမျိုး စိတ်အထွေထွေ နဲ့ ကြုံရတာပဲ။ နောက်ပြီး တပ်ရင်းအဆင့်မှာဆိုတာက လုပ်ငန်းသဘောသဘာဝအရ အတူနေ ၊ အတူစား၊ အတူ သွား၊ အတူအိပ် ရတဲ့အချိန်က ပိုများတော့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိကြတာပေါ့။ ဒါ့ကြောင့် ကိုယ့်အထက်အရာရှိတွေထဲမှာရော၊ လက်အောက်တပ်ဖွဲ့ဝင်တွေထဲမှာရော၊ အဆင့်တူ လုပ်ဖော်ကိုင်ဘက်တွေထဲမှာပါ နမူနာယူလေးစားလောက်တဲ့ သူများနဲ့ ကြုံခဲ့ဖူးသလို တာဝန်အရ သာ တွဲလုပ်ရပေမယ့် ကိုယ်ပေါင်း စိတ်ခွာနေခဲ့ရသူတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။ ပြုံးစရာ အမူ အကျင့်ရှိသူတွေနဲ့ လက်တွဲခဲ့ရသလို ပြန်မပြောချင်လောက်အောင်Continue reading “သာပြော လုပ်လွဲ”
ခေတ်သုံးခေတ် ကားဆရာ
ဗင်ကားလေးက အငှားကားထဲမှာတော့ အတော်သန့်တယ် လို့ ပြောရမယ်။ ကားအတွင်း ပိုင်း က သန့်ရှင်းသလို ကားသမားနေရာကိုလည်း ကိုဗစ်ကာကွယ်ရေးအတွက် ပလတ်စတစ်နဲ့ ကာ ထားတယ်။ ခုံနောက်မှီမှာ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လက်ဆေးဖို့ ၊ နှာခေါင်းစည်း တပ်ဖို့ သတိပေးတဲ့ စတစ်ကာ ကပ်ထားတယ်။ ရှေ့ထိုင်ခုံနှစ်ခုကြားမှာ လက်သန့်ဆေးရည် ဘူး လေး ရှိတယ်။ ခရီးသည်တွေ လိုအပ်ရင် ဖုန်းအားသွင်းနိုင်ဖို့ အားသွင်းကြိုးလေးတစ်ချောင်း ရှိ တယ်။ ကားဆရာက ရှပ်အကျီ ၤအဖြူ လည်ကတုံး လက်တို၊ ဆံပင်တိုတိုနဲ့ဆိုတော့ သူ့ပုံက အငှားယာဉ်မောင်း ထက် ရုံးဝန်ထမ်း တစ်ယောက်နဲ့ ပိုတူတယ်။ စကားပြောကြည့်တော့ နိုင်ငံ့ဝန်ထမ်းဟောင်း ဆိုတာ သိလိုက်ရတယ်။ကျွန်တော့်ကို ဘယ်သူမှန်းမသိပါဘူး။ ဒါပေမယ့် ကျွန်တော်လည်းဝန်ထမ်းဟောင်း ဆိုတာ ပြောပြContinue reading “ခေတ်သုံးခေတ် ကားဆရာ”
ဘဝင်ချသည့် စကားများ (၂)
ဒီစာကိုတော့ ၂၆ – ၄ – ၂၀၁၃ ရက်နေ့မှာ ရေးခဲ့တာပါ။ ဘဝင်ချသည့် စကားများ စာစုတွေ ကို ရေးတဲ့အချိန်က ကျွန်တော် နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ဘဝင်မကျစရာ အဖြစ်အပျက်တွေကြောင့် “ စားရတာ မချိုဘူး” နဲ့ “ ပန်းသည်” တွေဆိုတဲ့ အကြောင်းအရာနှစ်ခုကို ရေးဖြစ်ခဲ့တာပါ။ ===========================================ဘဝင်ချသည့် စကားများ (၂) စားရတာမချိုဘူး ၁၉၈၃ ခုနှစ်အတွင်းက ဖြစ်သည်။ မှောင်ခိုခေတ်ဖြစ်၏။ ထိုင်းနယ်စပ်ကနေ အထမ်းသမားတွေ၊ လှည်းတွေနဲ့ ကရင် ပြည်နယ်၊မွန်ပြည်နယ်များကို ဖြတ်ပြီး လူသုံးကုန်ပစ္စည်းတွေ၊ စားသောက် ကုန်တွေသွင်းကြ၊ မြန်မာနိုင်ငံဘက်က နွား၊ သိုး၊ ဝက်၊Continue reading “ဘဝင်ချသည့် စကားများ (၂)”