စနေ ၄၆လမ်း၊ပန်းဆိုးတန်း

“ဗိုလ်ချုပ်ဈေး စနေနေ့ လည်လည်သွားကြ” ။ တစ်ချိန်ကတော့ စနေနေ့ မြို့ထဲသွားမယ် ဆိုရင် ဗိုလ်ချုပ်ဈေးသွားမှာလားလို့မေးကြတယ်။ အခုတော့ စနေ မှာ ဂျန်းရှင်းလား၊ တိုင်းမ်စီတီးလား။ဒီတစ်ပတ်စနေမှာ မိုးမရွာဘူး။ စနေ မှာ စွေရွာမိုးလိုပဲ မစဲပဲတစ်စိမ့်စိမ့်ချစ်မယ် ဆိုတဲ့ သီချင်း ဆိုလို့မရဘူး။ မိုးမရွာ ရာသီဥတုကောင်းတော့ စနေမှာ ထမင်းကြော်စားဖို့ထွက်ခဲ့တယ်။ ကျွန်တော်စွဲမက်တဲ့ “ထမင်းကြော်” နှစ်မျိုးရှိတယ်။ မနက်စာ၊ ညလယ်စာ စားတဲ့ ထမင်းကြော် အတွက်ဆိုရင် နနွင်းဝါဝါ နဲ့ ၊ ဒါမှမဟုတ် ကြာညို့နိုင်နိုင်နဲ့ ကြော်ထားတဲ့ ထမင်း ကြော်၊ ကြက်ဥ ကို မွှေပြီးကြော်ထားပေမယ့် တစ်ဒယ်လုံးမှာ ကြက်ဥပါတယ်ဆိုတာသိနိုင်ရုံလောာက် လေးပဲ၊ ဆီ နည်းနည်း ၊ ခြောက်ခြောက်၊ မီးဖိုပေါ်မှာ အမြဲတင်ထားလို့ ဖြစ်ဖြစ်Continue reading “စနေ ၄၆လမ်း၊ပန်းဆိုးတန်း”

စွဲလမ်းသူ

ဆိုင်းဘုတ်မရှိသော၊ နှစ်တွေပြောင်းပေမယ့် အပြင်အဆင်မပြောင်းသော၊ လက်ရာ မပြောင်း သော လက်ဖက်ရည်ဆိုင်ကောင်းကောင်းရှိသည်ဟု ညွှန်းသူက ကျွန်တော့်ဖောက်သည် ဆိုက် ကားနဲ့ ရောင်းတဲ့ မိုဘိုင်းမုန့်ဟင်းခါးသည်လေးဖြစ်သည်။ သူအညွှန်းကောင်းတာကြောင့် အလုံ အေးလမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်းထောင့်မှာရှိသည့် လက်ဖက်ရည်ဆိုင်လေးကို တကူး တကရှာဖွေသွားခဲ့ရသည်။ ဆိုင်က ရှေးခေတ် နှစ်ထပ် သစ်သားအိမ်အိုကြီးအောက်ထပ်မှာဖွင့်ထားခြင်းဖြစ်၏။ အိမ်အိုကြီး မှာ တစ်ချိန်က စမ်းချောင်း၊ အလုံ၊ ရေကျော်၊ မြေနီကုန်းတို့မှာတွေ့ရသည့် အိမ်မျိုး။ အိမ်ခန်း လေး ခန်း၊ အပေါ်ထပ်တွေက ကြမ်းခင်း၊ အလယ်မှာ သစ်သားလှေကားနဲ့ ။ ကျွန်တော်ရောက်သွား တော့ ဆိုင်ရှေ့ ပလက် ဖောင်း မှာ ခွေး ခြေပုလေးတွေနဲ့ထိုင်နေသော ဝိုင်းနှစ်ဝိုင်းရှိသည်။ အားလုံးလူကြီးဝိုင်းတွေ၊ လမ်း လေ ျှာက် ပြန်လာသူတွေလား၊ ဒါမှမဟုတ်Continue reading “စွဲလမ်းသူ”

နေမဝင်မီ

တောင်ပေါ်မြို့လေးရဲ့ မနက်ခင်းက အေးချမ်းလှသည်။ ညက တစ်စိမ့်စိမ့်ရွာနေသော မိုး တိတ်သွား ပြီ။ လူသံ ကားသံမကြားရ။ ဟိုတယ်ခြံစည်းရိုးတစ်နေရာမှာ ငှက်လေးတွေ တွတ်ထိုး နေသံကြားရသည်။ ပန်းခြံထဲက ပန်းပွင့်တွေမှာ မိုးရေစက်တွေ တွဲလွဲခိုနေသည်။ စင်္ကာပူမှာနေစဉ်ကတော့ မိုး ရွာပြီးစ ပန်းတွေ၊ သစ်ရွက်တွေ မှာ မိုးရေစက်လေးတွေတွဲလွဲခိုနေတာကို ဓာတ်ပုံရိုက်ပြီး “မိုး မနက်ခင်း” ဆိုပြီး ဓာတ်ပုံတွေတင်ခဲ့ဖူးသည်။ အခုတော့ မိုးမနက်ခင်းကို ဓာတ်ပုံရိုက်ချင်စိတ်မရှိ။ ရွာလိုက်၊ တိတ်သွားလိုက်၊ မရွာဘူးထင်ပေမယ့် ရွာလိုက်လုပ်နေသော တောင်ပေါ်မိုးကို ခံစားချင်စိတ် ကင်း မဲ့နေသည်။ ဟိုတယ်တစ်ခုလုံးတိတ်ဆိတ်နေသည်။ ဧည့်သည်တွေကလည်း အိပ်တုန်း၊ နောက်ဘက် မီးဖို ဆောင်ဘက်မှာတော့ နံနက်စာအတွက်ပြင်ဆင်နေသံတွေကြားရသည်။ နံနက်စာ စားဖို့ က စောနေသေးတော့ ဟိုတယ် ခြံဝင်း ရှေ့Continue reading “နေမဝင်မီ”

သံချပ်ကာ

စာကို စူးစိုက်ဖတ်နေသည့်အတွက် မျက်ခုံးနှစ်ခုကြားမှာ အရေးအကြောင်းတွေ ပေါ်နေ သည်။ နဖူး ကြောတွေတွန့်နေ၏။ ညာဘက်လက်ထဲက ဘောပင်လေးနဲ့ စာကြောင်းတစ်ကြောင်းချင်းကို ထောက်ပြီးဖတ်နေသည်။ ထုံးစံအတိုင်း စေ့စပ်သေချာလှတဲ့ဆရာသမား။ ဆရာသမားနဲ့ ကျွန်တော်က ဌာန မတူ၊ ဒါပေမယ့် နှစ်ဘက် ပေါင်းစပ်လုပ်ရသောအလုပ်တစ်ခုအတွက် ညနေ ရုံး အဆင်း ဆရာသမားကို ဝင်တင်ပြနေခြင်းဖြစ်သည်။ တိကျသေချာသော၊ စေ့စပ်သော ဆရာ သမား၊ ဘယ်နေရာရောက်ရောက်၊ ဘယ်တာဝန်ကို ထမ်းဆောင်၊ ထမ်းဆောင် ပြောင်းလဲမှုမရှိ။ အင်မတန် လူဝင်၊လူထွက်များသော ဒီဌာနမှာတောင် တွေ့ဖို့ခက်တယ်၊ မျက်နှာမလိုက်ဘူး၊ တိကျတယ် လို့ ဂုဏ်သတင်းကျော်စောသည်။ စီးပွားရေးသမားတွေကို မျက်နှာသာမပေးသောကြောင့် လူရှိန် သည်။ “ ဒီ ညွှန်ကြားချက်က နောက်ဆုံးညွှန်ကြားချက်မှန်တယ်နော်။ ”“ ဟုတ်ပါတယ်၊ နောက်ထပ် ပြင်ဆင်Continue reading “သံချပ်ကာ”

ညဈေး ကိုဗစ်ဝေဒနာ

ညနေရုံးဆင်းချိန်ဆိုရင် တိုးမပေါက်အောင် စည်ကားလေ့ရှိတဲ့ နေပြည်တော်မြို့မဈေး ညဈေးတန်း ဟာ အခုတော့လူနည်းနည်းပဲ။ ညဈေးတန်းအဝင်၀ မှာ Mask မတပ်ရင် ဈေးထဲမဝင်ရဘူးဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။ စားနေကျယမ်ယမ်ဆိုင်က စားပွဲတစ်လုံးပဲ ထိုင်စားလို့ရတယ်။ ကျန်တာကပါဆယ်ဆွဲ။ ကိုဗစ် ကြောင့် အရင်ရောင်းအားရဲ့ သုံးပုံတစ်ပုံပဲရောင်းရတယ် တဲ့။ ကုန်ခြောက်၊ ကုန်စိမ်း၊ သားငါး ရောင်းသူတွေလည်း ထိုနည်းလည်းကောင်းပဲ။ အသင့်ချက်ပြီး ဟင်းရောင်းတဲ့သူတွေရှေ့မှာတော့ ဈေးဝယ်နည်းနည်းများတယ်။ လူတွေက ဟင်းချက်စားမယ့် အစား နှစ်ရာမျိုး ၊ သုံးရာမျိုး ဝယ်စားတာများလာတော့ ဈေးကွက်မပျက်ဘူးပေါ့။ ဒါပေမယ့် အခုလို အောက်ခြေလူတန်းစားတွေ၊ လစာ နည်းဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်မှုပုံစံ တွေပြောင်းနေတာကို မသိသူတွေလည်းရှိသေး တယ်။ ညဈေးအပြင်ဘက်လမ်းမပေါ်မှာ လိုက်ထရပ်ပေါ်ကနေ ကြက်သားဒန်ပေါက် တစ်ပွဲငါးရာ ဆိုပြီး အော်ရောင်းနေတယ်။ ဒန်ပေါက် ငါးContinue reading “ညဈေး ကိုဗစ်ဝေဒနာ”

ရှင်သန်ခြင်း

ကိုဗစ် ၁၉ ရောဂါဖြစ်လာတော့ ကျွန်တော်တို့နေ့စဉ်သုံးစကားတွေမှာ ဝေါဟာရအသစ်တွေ တိုး လာသည်။ Mask, Quarantine ဆိုတာတွေက ကား၊ ကွန်ပျူတာ တို့လိုပဲ မွေးစားစကားလုံးတွေ ဖြစ်လာပြီ။ နောက်ဆုံးတိုးလာတဲ့ ဝေါဟာရက New Normal။ New Normal ကို တိုက်ရိုက်ဘာသာပြန်ရင်တော့ ပုံမှန်အခြေအနေသစ်လို့ ဆိုရမည်ထင် သည်။ ဒါပေမယ့် မူလဆိုလိုရင်းက ရှောင်လွဲလို့မရ၊ မဖြစ်မနေရင်ဆိုင်ရတော့မယ့်အခြေအနေ ကို ဆို လို ခြင်းဖြစ်သည်။ New Normal ကို စသုံးခဲ့တာ ၂၀၀၇ – ၂၀၀၈ ကမ္ဘာ့ငွေကြေးကဏ္ဍအကျပ်အတည်း ဖြစ်ပွားချိန် မှာဖြစ်သည်။ ထိုအကျပ်အတည်းရဲ့ အကျိုးဆက်အဖြစ် အစိုးရတွေရဲ့ ဘဏ္ဍာရေး၊ ငွေကြေးကဏ္ဍ နဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒတွေမှာအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့သည်။ စည်းမျဉ်း အသစ်တွေပေါ်လာသည်။ စီးပွားရေးပညာရှင်တွေကContinue reading “ရှင်သန်ခြင်း”

တံခါးပိတ်ချိန်

ပြီးခဲ့တဲ့ ရက်တွေမှာ စာတွေမပြတ်ရေးနေပေမယ့် တကယ်တော့ ကျွန်တော်ဟာ တံခါးပိတ် သော့ခတ် Lockdown လုပ်ခံထားရတာပါ။ သင်္ကြန်ကာလ အိမ်မှာပဲနေကြဖို့သတ်မှတ်ထား တဲ့ အချိန် ဧပြီ ၁၀ ရက်နေ့က စပြီးအိမ်မှာပဲနေတယ်။ ဧပြီ ၁၅ ကျတော့ ကျွန်တော်တို့နေတဲ့ တိုက် တစ်တိုက်လုံး အပြင်မထွက်ဖို့ တားမြစ်ခံရတယ်၊ မေ ၅ ရက် ညနေရောက်မှ Lockdown ကာလ ပြီး တယ်ဆိုတော့ တစ်လနီးပါးလောက် တံခါးပိတ်နေခဲ့ရတာပေါ့။ တံခါးပိတ်သော့ခတ်ခံရတာကတော့ ထုံးစံအတိုင်းပါပဲ။ တိုက်မှာနေတဲ့ လူနှစ်ယောက်က ရောဂါပိုး ရှိကြောင်းစစ်ဆေးတွေ့ရှိသူ အိမ်ကိုရောက်ဖူးတယ်။ ဒီတော့ သူတို့ နှစ်ယောက်ကို သီးခြား စောင့်ကြည့်ဖို့လာခေါ်သွားတယ်။ ကျွန်တော်တို့အားလုံးကတော့ တိုက်ထဲမှာပဲနေပေါ့။ ကျွန်တော်တို့ မြို့နယ်ကတော့ သံသယရှိသူကိုလာခေါ်တာ အဲဒီကာလက ဖေ့စ်ဘွတ်တွေမှာ မြင်Continue reading “တံခါးပိတ်ချိန်”

ဘောက်ထော်

မြို့ထဲကနေ ဘောက်ထော် မှာ ဈေးသွားဝယ်တယ်ဆိုတာ အတော်ဂွကျကျ နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ကျွန်တော့်မှာတော့ လုံလောက်တဲ့အကြောင်းရှိတယ်။ ပထမတစ်ခုကတော့ ဘောက်ထော်ဈေး။ ဘူ တာရုံလေးနဲ့ မလှမ်းမကမ်းက ဈေးသေးသေးလေးရယ်၊ ဘူတာရုံကိုသွားတဲ့ လမ်းဘေးဝဲယာက ပံျ ကျဈေးဆိုင်လေးတွေရယ်၊ ဒီမြင်ကွင်းက ကျင်လည်ခဲ့ဖူးတဲ့ နယ်မြို့လေးတွေကို သတိရစေတယ်။ ဒါ့ကြောင့် ရံဖန်ရံခါ သွားဖြစ်တယ်။ ဈေးဝယ်တယ်ဆိုတာထက် ဈေးလေ ျှာက်တယ်ဆိုတာက ပိုမှန် မယ်။ နောက်တစ်ခုကတော့ ဒီဈေးလေး နဲ့မနီးမဝေးမှာ မန္တလေး အိမ်စားမြီးရှည်စစ်စစ် ဆိုပြီး ကြေညာ ရောင်းတဲ့ ကျွန်တော့်ရိုးရင်းကြီးရဲ့ မြီးရှည်ဆိုင်ရှိတယ်။ သူ့မြီးရှည်ဟာ မန္တလေးမြီးရှည် စစ်မစစ် တော့မသိဘူး။ မန္တလေးနန်းရှေ့မှာ နေခဲ့ဖူးတဲ့ ကျွန်တော့်အမေ့လက်ရာ မြီးရှည်နဲ့တော့တူတယ်။ အမေက အသက်ကြီးလာတော့ မြီးရှည်လုပ်မကျွေးနိုင်တော့ဘူး။ ဒီတော့ အမေ့လက်ရာContinue reading “ဘောက်ထော်”

ဆူးလေ

မနက်ငါးနာရီခွဲ ၊ အရင်က အိပ်ယာစောစောထတဲ့ ဆူးလေ ဟာ အိပ်ပုတ်ကြီးနေတယ်။ ခေတ်မီ ဟိုတယ်ကြီးနဲ့ ဈေးဝယ်စင်တာရှေ့က ကားမှတ်တိုင်မှာတော့ စောစောမထလို့မဖြစ်တဲ့၊ အိမ်မှာပဲ နေဖို့ မဖြစ်နိုင်တဲ့ ၊ ခပ်ခွာခွာနေဖို့ မတတ်နိုင်တဲ့ ငါ့ဝမ်းပူဆာ မနေသာ သမားတွေ ပူးကပ်ပြီး ကား စောင့်နေကြတယ်။ အရင်က ခပ်စိပ်စိပ်လာ တ တ်တဲ့ ဘတ်စ်ကားတွေကလည်း အခုတော့ ခပ်ခွာ ခွာပဲလာကြတော့တယ်။တံတားအောက်ကနေ လူငယ်လေးသုံးယောက် ဖြတ်လေ ျှာက်သွားတယ်။ လုပ်ငန်းခွင်ကို သွား မယ့် သူတွေထင်ပါရဲ့ ။ တစ်ယောက်က လုပ်ငန်းခွင်သုံး ဦးထုပ်ဆောင်းထားတယ်။ ပလက်ဖောင်း၊ ကတ္တရာလမ်းနဲ့ရေအိုင်တွေပေါ်မှာအရောင်ပြန်နေတဲ့ အနီရောင်၊ အဝါရောင်တွေ၊ လူရှင်းနေတဲ့ ကားလမ်းမကြီး၊ ဝမ်းရေးခက်ခက် လူသုံးယောက်။ ဆာရီရယ်ပန်းချီကားတစ်ချပ်။ရန်ကုန်သားတွေထဲမှာဘယ်သူစည်းကမ်းရှိသလဲ၊ဘယ်သူစည်းကမ်းမဲ့လဲဆိုတာ စစ်ဆေးတဲ့ လူကူး တံတားအောက်မှာContinue reading “ဆူးလေ”

ရန်ကုန်မြို့လယ်

ဒီနေ့ မနက် ဆယ်နာရီလောက်က ပစ္စည်းတစ်ချို့ဝယ်ဖို့ ၂၇ လမ်း၊ ၂၈ လမ်းဘက် ရောက် သွားတယ်။ ဗိုလ်ချုပ်လမ်း၊ ဆူးလေ ဘုရားလမ်း ကားရှင်းတယ်။ အနော်ရထာ၊ မဟာဗန္ဓုလ ၂၈ လမ်း ၊ ၂၇ လမ်းတစ်ဝိုက်မှာ ကားကျပ်ဆဲ၊ ကားရပ်ဖို့နေရာခက်နေဆဲပဲ။ ကားကို ဟိုတယ်/ခရီး ရုံးဟောင်း ရှေ့မှာ သွားရပ်ပြီးလမ်းပြန်လေ ျှာက်ရတယ်။ မဟာဗန္ဓုလ လမ်း ဘယ်ညာ ပလက်ဖောင်းတွေပေါ်မှာတော့ လူနည်းနည်းရှင်းတယ်။ ကွန်က ရစ်မြောင်းလုပ်နေတဲ့ ၊ ဓာတ်ကြိုးနဲ့မလွတ်တဲ့ အပင်တွေကို ခုတ်နေတဲ့ စည်ပင်ဝန်ထမ်းတွေ၊ တွေ့တယ်။ မြို့တော်ကြီး ရပ်မသွားဖို့ အခြေခံအကျဆုံးအလုပ်တွေကို လုပ်နေသူတွေပေါ့။ လူမသိတဲ့ သူရဲကောင်းတွေပဲ။ စည်ပင်ဝန်ထမ်းတွေသာ တစ်ပတ်လောက် အမှိုက်မသိမ်းနိုင် ရင် ရန်ကုန်မြို့ဘာဖြစ်သွားမလဲလို့ တွေးကြည့်မိတယ်။ ပလက်ဖောင်းပေါ်မှာContinue reading “ရန်ကုန်မြို့လယ်”