လ ျှပ်စစ် အိပ်မက်

မနက်ခင်း လမ်းလေ ျှာက် အပြန် ဈေးကိုဝင်ပြီး ဆီထမင်းဝယ်တယ်။ အရင်ဝယ်နေကျထက် ငါးရာဖိုး ပိုဝယ်မှ အနေတော်ရတယ်။ ကောက်ညှင်းသည်အဒေါ်ကြီးက ကောက်ညှင်းဈေး အရင် တစ်ပြည် ၁၅၀၀၊ သင်္ကြန်ပြီးထဲက ၂၂၀၀ ဖြစ်သွားပြီလို့ အကြောင်းပြတယ်။ ပြီးတော့ သမိုင်းကနေ လာရောင်းရတာ၊ ကားခလည်း ဈေး တက်သတဲ့။ ကောက်ညှင်းဈေးတက်လို့ ဆီထမင်း၊ ကောက်ညှင်းပေါင်း ဈေးနည်းနည်း တက်လိုက်တဲ့အခါ အရောင်းရနည်းသွားတယ်လို့ လည်း ညည်းတယ်။ အရင်က တစ်နေ့ ဆီထမင်း၊ ကောက်ညှင်း ပေါင်း၊ မုန့်ဖက်ထုပ် အတွက် ကောက်ညှင်းရှစ်ပြည် သုံးရတယ်။ အခုတစ်နေ့ ငါးပြည်တောင် အနိုင်နိုင်တဲ့။ ကုန်ကျစရိတ်နဲ့ ဝယ်လိုအားကြားမှာ ဈေးနှုန်းဘယ်လို ချိန်ညှိ ရမလဲ ဆိုတာ ခေါင်းစားနေပုံပဲ။ သံပုရာသီး ဝယ်တော့ ရောင်းမကောင်းလို့Continue reading “လ ျှပ်စစ် အိပ်မက်”