ကြွပ်ကြွပ်အိတ်

ကြွပ်ကြွပ်အိတ် လို့ အလွယ်ခေါ်နေတဲ့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေက သဘာဝပတ် ဝန်းကျင် ထိန်း သိမ်းရေးအတွက်ကတော့ ရန်သူပဲ။ ဒီအိတ်တွေကို ထုတ်လုပ် ဖို့ အတွက် ရေနံ၊သဘာဝဓာတ်ငွေ့စတဲ့ ရုပ်ကြွင်းလောင်စာတွေကို အခြေခံရတယ်။ အမေရိကန် တစ်နိုင်ငံ တည်းမှာ တစ်နှစ်ကို ပလတ်စတစ်အိတ် ဘီလျံ တစ်ရာကျော်သုံးပြီး အဲဒီ အိတ်တွေကို ထုတ်လုပ် ဖို့အတွက် ရေနံစည် ၁၂ သန်း ကုန်ကျသတဲ့။ ဒါ့အပြင် ဒီအိတ်တွေ ကို စွန့်ပစ်လိုက်တဲ့အခါ ဆွေးမြေ့ပျက်စီးဖို့အတွက် နှစ်ပေါင်းရာချီ ကြာတယ်။ ဒီအိတ်တွေ မြေကြီး ထဲမှာ ရှိနေတဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့ တွေထုတ်လွှတ်တယ်။ ရေထဲမှာ ရှိနေ တဲ့အခါ ရေနေသတ္တဝါတွေကို ဒုက္ခပေးတယ်။ စည်းကမ်းမဲ့ စွန့်ပစ်မှုထားတဲ့ ပလတ်စတစ်အိတ် တွေကြောင့်Continue reading “ကြွပ်ကြွပ်အိတ်”

ရွှေတိဂုံ အရိပ်အောက်မှာ ( ၉ )

ရန်ကုန် ဘိုးဘိုးကြီး နဲ့မြေအောက်လှိုဏ်ဂူ တောင်ဘက်စောင်းတန်းကနေ အောက်ပစ္စယံလူသွားလမ်းလေးအတိုင်းသွားမယ်ဆိုရင် “ မူလ မင်းကွန်း ဝိပဿနာ ကမ္မဋ္ဌာန်းဌာန” နဲ့ မောင်ဝိတ်ဓမ္မာရုံကြားမှာ “ ရန်ကုန် ဘိုးဘိုးကြီး သို့” လို့ ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုရှိတယ်။ အဲဒီလမ်းလေးအတိုင်းသွားတဲ့အခါ ကျောက်ပြား အဖြူ တွေ ခင်းထားတဲ့ ရင်ပြင်နဲ့ စေတီငယ်လေးနှစ်ဆူရှိတယ်။ ဒီနေရာဟာ ရွှေတိဂုံ ဘုရားရဲ့ စနေ ထောင့် နေရာ နဲ့ တစ်တန်းတည်းပဲ။ စေတီတွေရဲ ဉာဏ်တော်က ခြောက်ပေလောက်ပဲရှိမယ်။ ဘယ်ဘက်က စေတီမှာ “ သစ္စာ မဏ္ဍိုင် ဆုတောင်းပြည့်စေတီတော်” ၊ မူလ အလှုရှင်အား အမှူးထား၍ အစချီပြီး အလှုရှင် မိသားစု သုံးစုရဲ့ အမည်တွေကို ဖော်ပြထားတဲ့ ကျောက်စာတစ်ချပ်ရှိတယ်။ ထပ်မံပြုပြင်တဲ့ နှစ်ကိုတော့Continue reading “ရွှေတိဂုံ အရိပ်အောက်မှာ ( ၉ )”

ရွှေတိဂုံ အရိပ်အောက်မှာ (၈)

ဒေါ်ရွှေသစ် ရွှေတိဂုံ ပတ်ဝန်းကျင်က ဓမ္မာရုံတွေ၊ ဇရပ်တွေကို လေ့လာတဲ့အခါ ဓမ္မာရုံနဲ့ ဇရပ် တွေကို အလှုရှင် ကျောင်းအမကြီးတွေရဲ့ နာမည်နဲ့ တွဲပြီးခေါ်တာက ပိုများတာကို သတိထားမိ တယ်။ အလှုရှင် ကျောင်းဒကာကြီးတွေအမည်နဲ့တွဲပြီးခေါ်တာဆိုလို့ “ ဦးဘိုးလှိုင်ဇရပ်” တစ်ခုပဲ တွေ့ တယ်။ နောက်ဇရပ်တစ်ခုကတော့ “ ဦးသာမောင်၊ ဒေါ်ငွေဇရပ်” လို့ နှစ်ယောက်တွဲခေါ်ထား တယ် ။ ဒီဇရပ်အများစုက ၁၃၀၀ ပြည့်နှစ်မတိုင်ခင်က လှုဒါန်းထားတာတွေဆိုတော့ အဲဒီအချိန်ကာလ က မြန်မာအမျိုးသမီးကြီးများရဲ့ အခန်းကဏ္ဍကို မှန်းဆကြည့်လို့ရပါတယ်။ ရွှေတိဂုံစေတီမှာ ဇရပ်လည်း လှု၊ ပိဋကတ်တိုက်လည်းလှုထားတဲ့ တစ်ဦးတည်းသော အမျိုးသမီး ကြီးကတော့ ဒေါ်ရွှေသစ်ဖြစ်ပါတယ်။ ပိုက်လုံးလမ်းကနေ ဝင်သွားရတဲ့ ပိဋကတ်တိုက် ရှစ်လုံး တန်း စီနေတဲ့နေရာက “Continue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၈)”

ဗျည်း သရ ရေတွင်း

ဆရာမင်းသိင်္ခရဲ့ မနုစာရီဝတ္ထုမှာ လင့်ခ်လမ်းဘက်ကနေ အာဇာနည်ကုန်းဘက်ကို တက်သွား တဲ့ လမ်းမှာ ရေတွင်းလေးတစ်တွင်းရှိတယ်၊ အဲဒီရေတွင်းရဲ့ တစ်ခြမ်းက ရိုးရိုးရေချို၊ နောက်တစ်ခြမ်းက ကျောက်ချဉ်ထည့်ထားသလို ချဉ် တယ်လို့ရေးထားတယ်။ ဆရာမင်းသိင်္ခရဲ့ စာထဲမှာ ဒီရေတွင်းဟာ အဂ္ဂိရတ်သမားတွေက ဗျည်း သရ ရေတွင်းလို့ခေါ် တဲ့ရေတွင်း၊ ရေချို နဲ့ ချဉ်နေတဲ့အပိုင်းက ရောမသွားဘူး။ ရေချိုရှိတဲ့ဘက်ကို ဗျည်းလို့ခေါ်တယ်။ ရေချဉ်တဲ့ဘက်ကို သရလို့ခေါ်တယ်။ ဗျည်း သရ ဓာတ်သေ တယ်ဆိုတဲ့စကားရှိတဲ့အတွက် တစ် နေ့ကို ဗျည်းဘက်က တစ်ခွက်၊ သရဘက်က တစ်ခွက်သောက်ရင် ဝမ်းတွင်းမှာရှိတဲ့ သွေး၊ သည်း ချေ၊ လေ ၊သလိပ် ဆိုတဲ့ဒေါသတွေ ကျေတဲ့အတွက် အသက်ရှည်တယ်။ ရေတွင်းအနားက မြေ ကြီးကို လုံရိုက်ပြီး ဓာတ်သေအောင်ဖမ်းလို့ရတယ်Continue reading “ဗျည်း သရ ရေတွင်း”

ရွှေတိဂုံ ၊ အာဇာနည်ဗိမာန် နဲ့ အထပ်မြင့်အိမ်ယာစီမံကိန်း

ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင်က ဇရပ်တွေ၊ ပိဋကတ်တိုက်တွေကို လေ့လာနေတဲ့ အချိန်မှာ ထူးထူးဆန်းဆန်း သတိရမိနေတဲ့ အကြောင်းနှစ်ခုရှိတယ်။ နှစ်ခုလုံးကလည်း ဆရာမင်းသိင်္ခနဲ့ ပတ်သက်နေတယ်။ ပထမတစ်ခုက အရှေ့ဘက်စောင်းတန်းက မွန်ထမင်းဆိုင်။ အဲဒီမွန်ထမင်းဆိုင်နဲ့ပတ်သက်လို့ ရေဆုံးမြေဆုံးခြေရာကောက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒုတိယတစ်ခုက မနုစာရီ ဝတ္ထု မှာပါတဲ့ အာဇာနည်ကုန်းအဆင်းဘက်က ရေချို ရေငန် နှစ်မျိုးရှိတဲ့ရေတွင်းလေးပါ။ တကယ်တော့ အလယ်ပစ္စယံက ဇရပ်တွေအကြောင်းလေ့လာနေတာ မပြီးသေးဘူး။ ဒါပေမယ့် စိတ်ထဲမှာ အဲဒီရေတွင်းလေးဘက်ကို သွားချင်တဲ့စိတ်က ထိန်းလို့မရဘူး။ ဒီလိုနဲ့ မြောက်ဘက် စောင်းတန်းက ဆင်း၊ သွေးဆေးကန်ဘက်ကနေ ရေတွင်းလေးရှိရာဘက်ကို လမ်းလေ ျှာက်သွားခဲ့တယ်။ ဆရာမင်းသိင်္ခပြောတဲ့ရေတွင်းလေးကိုလည်းတွေ့ပါတယ်။ ဒါပေမယ့် အဲဒီရေတွင်းလေးထက် ပိုပြီး ထူးခြားတာကိုလည်းတွေ့ခဲ့ရတယ်။ အခုပြန်တွေးကြည့်တော့ ရေတွင်းလေးဆီကို သွားချင်တဲ့စိတ်ပေါ်လာ တာဟာ အဲဒီထူးခြားတဲ့အခြေအနေတစ်ခုကို မြင်အောင်Continue reading “ရွှေတိဂုံ ၊ အာဇာနည်ဗိမာန် နဲ့ အထပ်မြင့်အိမ်ယာစီမံကိန်း”

ရွှေတိဂုံ အရိပ်အောက်မှာ (၇)

မဟာဗုဒ္ဓဝင်ပြခန်း အောင်ခြင်းကျောင်းတိုက်က ထွက်ပြီး ကုန်းတော်အခြေက ပတ်လမ်းလေးအတိုင်းသွားရင် မဟာ ဗုဒ္ဓဝင်ပြခန်းကိုရောက်ပါတယ်။ ဒီပြခန်းက ၁၉ ၉ ၀ ပြည့်လွန်နှစ်များက ရွှေတိဂုံစေတီတော် ဘက်စုံ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေလုပ်တဲ့အချိန်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၁၉ ၇၄ ကနေ ၁၉ ၇၈ ခုနှစ်အထိ ကျွန်တော့်မိဘတွေက ဂျူဗလီဟောအနားက အရှေ့ဈေးလမ်း မှာ နေခဲ့တာဆိုတော့ ရွှေတိဂုံစေတီကို မကြာခဏရောက်ခဲ့တယ်။ သွားစရာမရှိရင် ဘုရားပေါ်သွားထိုင် နေတယ်လို့တောင်ပြောလို့ရပါတယ်။ အဲဒီအချိန်က အခု ဗုဒ္ဓဝင်ပြတိုက်ရှိတဲ့နေရာ၊ နဲ့ အလယ်ပစ္စယံနေရာတွေက လူနေရပ်ကွက်တောင်ဖြစ်နေပါပြီ။ ဘုရားဝန်ထမ်းတွေရော၊ အပြင်လူ တွေရော တရားဝင်ရော၊ ကျူးကျော်ရော အကြောင်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ နေထိုင်ကြ၊ ဆိုင်တွေ ဖွင့်ကြနဲ့ပေါ့။ ဘုရားကြီးရပ်ကွက်လို့တောင် သတ်မှတ်ခဲ့ပြီး အဲဒီအချိန်က တောင်ဘက် စောင်းတန်းဘက်မှာ ဘုရားကြီးရပ်ကွက် သမဝါယမဆိုင်ဆိုပြီးရှိခဲ့တယ်။ အဲဒီခေတ်ကContinue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၇)”

ရွှေတိဂုံ အရိပ်အောက်မှာ (၆)

အောင်ခြင်း ပိဋကတ်တိုက် ဓမ္မာရုံ အဖွားခက် ဇရပ် ( ဓမ္မာရုံ) ကနေ ထွက်လာတော့ ကျိုက်ထီးဆောင်းဓမ္မာရုံကိုရောက်တယ်။ ဒီဓမ္မာရုံကတော့ ၂၀၀၁ ခုနှစ်က မှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကျိုက်ထီးဆောင်း ဓမ္မာရုံ ကျော်တော့ အနောက်ဘက်စောင်းတန်းကို ရောက်ပြီ၊ စောင်းတန်းဘေး ယာဉ်ရပ်နား ကွင်း တစ်ဖက်မှာ အောင်ခြင်း ပိဋကတ်တိုက်ရှိပါတယ်။ အဝင်၀ သံတံခါးဘေးမှာ“ သာယာဝတီ ကျေးဇူးတော်ရှင် ဦးညေယျ အောင်ခြင်းဆရာတော် ဦးဉာဏဝံသ အမှုးပြု၍ ရွှေတိဂုံ အောင်ခြင်းဆရာတော် ဦးသြသဓ ကြီးမှူးသော အောင်ခြင်း ပိဋကတ်တိုက် ဓမ္မာရုံ။ အောင်ခြင်း ဝိပဿနာ တရားပြဌာန” ဆိုတဲ့ဆိုင်းဘုတ်ရှိတယ်။ အောင်ခြင်းပိဋကတ်တိုက်က ဓမ္မာရုံ ပုံစံတည်ဆောက်ထားတဲ့ အုတ်ကျောင်းဆောင်ဖြစ်ပါတယ်။ အခု လက်ရှိ ဝင်ပေါက်က ပိဋကတ်တိုက်ဘေးကနေ ဝင်တဲ့အပေါက်ဖြစ်ပါတယ်။ မူလContinue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၆)”

မင်းသိင်္ခ နဲ့ နဂါးကမ္ဘာလုံး

ဆရာမင်းသိင်္ခစာတွေထဲမှာ သူ့ဇာတ်ကောင် ရွှေတိဂုံဘုရားမှာ ပုတီးစိတ်တဲ့ အကြောင်းရေးတဲ့အခါ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယံ ကမွန်ထမင်းဆိုင် တစ်ဆိုင် မှာ ထမင်းစားတဲ့ အကြောင်း ပါလေ့ရှိတယ်။ မင်းသိမ်းခိုင်ရဲ့ ဆရာ မင်းသိင်္ခ ဘဝဇာတ်ကြောင်းစာအုပ်မှာလည်း ဆရာမင်းသိင်္ခ ရွှေတိဂုံ ဘုရား မှာ တစ်နှစ်တိတိ အဓိဋ္ဌာန် ပုတီးစိတ်တဲ့အချိန်ကလည်း မွန်ထမင်းဆိုင်မှာ ထမင်းစားလေ့ရှိတယ်၊ အဲဒီအချိန်က ဆရာမင်းသိင်္ခမှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရလို့ တစ်ခါတစ်လေ အကြွေးစားရတယ်၊ ငံပြာရည်ချက်နဲ့ တို့စရာကို အားပြုစားလွန်းလို့ ဆိုင်ရှင်အဒေါ်ကြီးကတောင် မေးယူရတဲ့အကြောင်းပါခဲ့တယ်။ ဘာ့ကြောင့်မှန်းမသိ စိတ်ထဲမှာ အလယ်ပစ္စယံက မွန်ထမင်းဆိုင်ဆိုတာကို ကောင်း ကောင်းမှတ်မိနေ ခဲ့တယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး ရွှေတိဂုံ စေတီတော် အောက်ပစ္စယံနဲ့ အလယ်ပစ္စယံမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊Continue reading “မင်းသိင်္ခ နဲ့ နဂါးကမ္ဘာလုံး”

ရွှေတိဂုံ အရိပ်အောက်မှာ (၅)

ဖွားခက် ဇရပ် မိုးညှင်းစံကျောင်းက ဆက်လေ ျှာက်လာရင် မော်လမြိုင်အသင်းဇရပ်ကို တွေ့မယ်။ ဒီဇရပ်က မူလက တောင်ဘက်မုခ်မှာရှိခဲ့တာပါ။ ၁၉၉ ၀ ပြည့်လွန်နှစ်တွေမှာ ရွှေတိဂုံ ဘက်စုံမွမ်းမံမှု တွေလုပ် တော့ တောင် ဘက်မုခ်က အသင်းတိုက်တွေ၊ ဇရပ်တွေဖယ်ပေးရတဲ့အထဲမှာ မော်လမြိုင်ဇရပ် လည်းပါသွားတဲ့အတွက် အခု လက်ရှိနေရာကို အစားပြန် ပေးတယ်။ ဒီနေရာက ချောက်ကမ်းပါး ဖြစ်နေလို့ မြေဖို့ပြီးဆောက်ခဲ့ရတယ်။ အခုတော့ မော်လမြိုင် ဓမ္မာရုံလို့ ခေါ်တယ်။ ဓမ္မာရုံရှေ့ ကျောက်စာမှာတော့ ၂၉ -၅-၁၉ ၉ ၇ မှာ ပန္နက်ချတယ်၊ ၃၁-၃-၁၉ ၉ ၈ မှာပြီးတယ် လို့ဖော်ပြ ထားတယ်။ မူလ မော်လမြိုင်ဇရပ်က မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါတယ်။ ၁၉ ၃၆Continue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၅)”

ကျဆိမ့် ရင်ထဲဆိမ့်

တပ်မတော်သားမှန်ရင် တပ်သားသစ်သင်တန်း၊ ဗိုလ်သင်တန်းက စပြီး လက်ဖက်ရည်နဲ့ ကြီးပြင်းခဲ့ရတယ်။ လက်ဖက်ရည်ရယ် ၊ ကုလားပဲရယ်၊အာမီရမ်ရယ်ဟာ စစ်သားတွေရဲ့ ဘဝအစိတ် အပိုင်းပဲ။ ကျွန်တော့်ဘဝမှာ လက်ဖက်ရည်မကြိုက်တဲ့ စစ်သားလို့ မတွေ့ဘူးဖူး။ လက်ဖက်ရည် မကောင်းလို့ကော်ဆဲတဲ့စစ်သားပဲရှိတယ်။ တပ်မတော်မှာတာဝန်ထမ်းဆောင်ချိန်က တစ်ချို့တပ်ခွဲတွေမှာ လက်ဖက်ရည်ဖျော်တာ တကယ်ကောင်းတဲ့ ရဲဘော်တွေရှိတယ်။ တပ်မတော်အချိုခြောက်ကို စိတ်ရှည်လက်ရှည်နှပ်ပြီး ဖျော်တာ အပြင်ဆိုင်တွေလက်ဖျားခါလောက်တယ်။ အဲဒီလို လက်ဖက်ရည်တစ်ခွက်၊ နနွင်းဝါဝါ နဲ့ကြော်ထားတဲ့ ထမင်းကြော်တစ်ပွဲနဲ့ မနက်ခင်း ကို စလိုက်ရရင်တော့ ဘယ်ပြောကောင်းမလဲ။ စစ်ကြောင်းနဲ့ချီတက်ရတဲ့အခါ နယ်မြေအခြေအနေက လည်းပေးတယ်ဆိုရင် အရာရှိတွေ လက်ဖက်ရည်ကောင်းတဲ့တပ်ခွဲမှာ စုကြတာပဲ။ တစ်နေကုန် ချီ တက်ပြီးလို့ စခန်းချပြီဆိုတာနဲ့ လက်ဖက်ရည်တစ်ခွက်များသောက်လိုက်ရရင် မောသမ ျှ အကုန် ပြေတာပေါ့။ ပြန်ကြားရေးရောက်တော့ ပြန်/ဆက်မှာ အရင်က လက်ဖက်ရည်ဖျော်ခဲ့ဖူးတဲ့Continue reading “ကျဆိမ့် ရင်ထဲဆိမ့်”