ဗယာကြော်ဆရာရဲ့ ဗန်းက ကိုဗစ်ကာလ သူ့စီးပွားရေးအခြေအနေကို ပြနေတယ်။ အရင်က ဗန်းအသေးလေးတွေထဲမှာ ဗယာကြော်၊ မတ်ပဲကြော်၊ စမူဆာ၊ ပြောင်းဖူးကော်ပြန့်လိပ် စသည် ဖြင့် ပြည့်နေတယ်။ ဘယ်အချိန်မှာ ရုံးဆင်းတယ်။ ဘယ်အချိန်မှာကျောင်းဆင်းတယ်ဆိုတာကို သိ တော့ ကြိုပြီးကြော်ထား၊ ဖြည့်ထားလို့ရတယ်။ ကိုဗစ်ဖြစ်တော့ ရုံးတွေပိတ်၊ ကျောင်းတွေပိတ်၊အရင်လို ဘယ်အချိန်ကြော်ထားရမလဲဆိုတာ တွက် လို့မရတော့ဘူး၊ ပြီးခဲ့တဲ့တစ်လ၊ နှစ်လလောက်ကတော့ ရုံးတွေပြန်ဖွင့်၊ လူတွေ အပြင်ပြန်ထွက် လာတော့ အခြေအနေလေး နည်းနည်းကောင်းလာတယ်။ ဟော အခုတစ်ခါ ပြန်ဖြစ်လာတော့ လမ်းပေါ်မှာလူတွေနည်းသွားတယ်။ ဒါ့ကြောင့် အများကြီး ကြော်ထားလို့မရတော့ဘူး။ ချိန်ပြီး လုပ်နေရတယ်။ တစ်ခါတစ်လေ ဈေးဝယ်ကို ခဏလေး စောင့်ဖို့ တောင်းပန်၊ ဘေးနားမှာရှိတဲ့အသုပ်ဆိုင်က ခုံလေး ဆွဲပြီးထိုင်ခိုင်းရတယ်။ ဒါပေမယ့် လူတွေက ဗယာကြော်Continue reading “ကိုဗစ် နဲ့ ဗယာကြော်”
Tag Archives: Foods
ကျဆိမ့် ရင်ထဲဆိမ့်
တပ်မတော်သားမှန်ရင် တပ်သားသစ်သင်တန်း၊ ဗိုလ်သင်တန်းက စပြီး လက်ဖက်ရည်နဲ့ ကြီးပြင်းခဲ့ရတယ်။ လက်ဖက်ရည်ရယ် ၊ ကုလားပဲရယ်၊အာမီရမ်ရယ်ဟာ စစ်သားတွေရဲ့ ဘဝအစိတ် အပိုင်းပဲ။ ကျွန်တော့်ဘဝမှာ လက်ဖက်ရည်မကြိုက်တဲ့ စစ်သားလို့ မတွေ့ဘူးဖူး။ လက်ဖက်ရည် မကောင်းလို့ကော်ဆဲတဲ့စစ်သားပဲရှိတယ်။ တပ်မတော်မှာတာဝန်ထမ်းဆောင်ချိန်က တစ်ချို့တပ်ခွဲတွေမှာ လက်ဖက်ရည်ဖျော်တာ တကယ်ကောင်းတဲ့ ရဲဘော်တွေရှိတယ်။ တပ်မတော်အချိုခြောက်ကို စိတ်ရှည်လက်ရှည်နှပ်ပြီး ဖျော်တာ အပြင်ဆိုင်တွေလက်ဖျားခါလောက်တယ်။ အဲဒီလို လက်ဖက်ရည်တစ်ခွက်၊ နနွင်းဝါဝါ နဲ့ကြော်ထားတဲ့ ထမင်းကြော်တစ်ပွဲနဲ့ မနက်ခင်း ကို စလိုက်ရရင်တော့ ဘယ်ပြောကောင်းမလဲ။ စစ်ကြောင်းနဲ့ချီတက်ရတဲ့အခါ နယ်မြေအခြေအနေက လည်းပေးတယ်ဆိုရင် အရာရှိတွေ လက်ဖက်ရည်ကောင်းတဲ့တပ်ခွဲမှာ စုကြတာပဲ။ တစ်နေကုန် ချီ တက်ပြီးလို့ စခန်းချပြီဆိုတာနဲ့ လက်ဖက်ရည်တစ်ခွက်များသောက်လိုက်ရရင် မောသမ ျှ အကုန် ပြေတာပေါ့။ ပြန်ကြားရေးရောက်တော့ ပြန်/ဆက်မှာ အရင်က လက်ဖက်ရည်ဖျော်ခဲ့ဖူးတဲ့Continue reading “ကျဆိမ့် ရင်ထဲဆိမ့်”
မွန် ထမင်းဆိုင်
မင်းသိင်္ခ စာတစ်ပုဒ်မှာ ရွှေတိဂုံစေတီတော်ပေါ်မှာ ပုတီးစိတ်တဲ့အချိန်က အရှေ့ဘက် စောင်းတန်းက အလွန်ကောင်းသော မွန်ထမင်းဆိုင်မှာ ထမင်းစားတဲ့ အကြောင်း ဖတ်ခဲ့ ဖူးတယ်။ဒါ့ကြောင့် အရှေ့ဘက်စောင်းတန်းမှာ မွန်ထမင်းဆိုင်ရှိလားလို့မေးတော့ မရှိဘူး၊ အရှေ့ဘက် မုခ် နားက ပိုက်လုံး လမ်း မှာတော့ မွန်ထမင်းဆိုင်ကောင်းကောင်းရှိတယ်ဆိုလို့ ရောက်သွားခဲ့တယ်။ ဆိုင်ခန်းကျဉ်းပေမယ့် သပ်ရပ်သန့်ရှင်းတယ်။ ဈေးနှုန်းတွေကလည်း သင့်တင့်ပါတယ်။ပိုက်လုံးလမ်းဆိုတာက တောင်ဘက်မုခ်ကနေ အာဇာနည်ဗိမာန်လမ်းအတိုင်းလာရင် ညာ ဘက်က ရွှေတ ိဂုံ စေတီတော် ပိဋကတ်တိုက်သို့လို့ ဆိုင်းဘုတ်တတ်ထားတဲ့လမ်းကို ပြောတာပါ။ဆိုင်ဖွင့်တာ ၂၀၀၈ မှာဆိုတော့ ဆရာမင်းသိင်္ခပြောတဲ့ဆိုင်တော့မဟုတ်ဘူး။ ဒါပေမယ့် ငါးပြေမ ချက်ကတော့ အတော်ကောင်းတယ်။ သရက်သီးနဲ့ချက်ထားတဲ့အတွက် ငါးပြေမရဲ့ စိမ့်တဲ့ အရ သာနဲ့ အချဉ်လေးနဲ့ တွဲလိုက်တော့ ဘာပြောကောင်းမလဲ။ ဆိုင်တိုင်းမှာ မရနိုင်တဲ့ ကြက်အချင်းတိုင်Continue reading “မွန် ထမင်းဆိုင်”
ရေကျိုငါးပိ ၊ငါးပိရည်
၁၉ ၆၀ ပြည့်လွန်နှစ်တွေက ချင်းတွင်းမြစ်ဖျား ခန္တီးြ မို့လေးမှာ နေ တော့ တော်သလင်း ၊ သီတင်းကျွတ်ဆိုရင် အောက်ဘက် တံငါတွေ ရောက်လာပြီး သောင် ပြင်တွေမှာတဲထိုး၊ ငါးဖမ်းကြတယ်။ ငါးခြောက်လုပ်တယ်။ သင်ပင်တွေခုတ်ပြီး ဖျာလည်းယက်တယ်။ မိုးကျလို့ မြစ်ရေတက်ရင် ဖောင်ဖွဲ့ပြီး အောက်ပြည် အောက်ရွာကို စု ဆောင်းထားတဲ့ငါးခြောက်၊ ငါးပိ၊ ဖျာ၊ သင်အူတွေနဲ့ ပြန်ဆင်းသွားတယ်။ အမေက တံငါတဲတွေကနေ ငါးသေးလေးတွေရောရာကို ဝယ်ပြိး ရေကျိုငါးပိသိပ် တယ်။ တစ်ခါ တစ်လေတော့လည်း ဟိုကရောင်းမနေပါဘူး။ ဒီအတိုင်းကျုံးထည့်ပေးလိုက်တာပဲ။ အဲဒီအချိန်က မနက်စာဆို အကြော်နဲ့ ငါးပိရည်နဲ့ စားရတယ်။ နေ့လည်စာကျတော့ ငါးပိရည်နဲ့ ထမင်းကို နှံ့ နေအောင်နယ်ကျွေးတယ်။ ဒီလိုနဲ့ ငါးပိရည် ကို ကြိုက်တာ၊Continue reading “ရေကျိုငါးပိ ၊ငါးပိရည်”
စားစမ်း မနားတမ်း အောင်ပန်း
အမြန် လမ်းမကြီး မဖွင့်သေးခင်က ရန်ကုန်- မန္တလေး လမ်းဟောင်းက ပျဉ်ပုံကြီး ဈေးဘေးမှာ ဖွင့်ထားတဲ့ အောင်ပန်းထမင်းဆိုင်ကို လူသိများခဲ့တယ်။ အောင်ပန်းဆိုင် ရဲ့ ထင်ရှား တဲ့ ဟင်းတွေက ငါးရံ့အူနဲ ငါးရံ့ခေါင်းဟင်းပေါ့။ အမြန်လမ်းမကြီးပေါ်လာတော့ အောင်ပန်းဆိုင်ကို နှောင်းလူတွေ မသိကြတော့ဘူး။ ဆိုင်နေရာက လည်း ဈေးရုံအိုဘေးမှာ မှုန်မှုန်ကုပ်ကုပ်၊ ကားရပ်ဖို့နေရာလည်းမရှိတော့ သာမန်ခရီးသွားတွေ သတိမထားမိတာလည်းပါတယ်။ အခုတော့ ပျဉ်ပုံကြီးအထွက် မှာ အောင်ပန်း (၂) ဆိုပြီး ဖွင့်တယ်။ ဖွင့်တာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ ကားရပ်ဖို့လည်း လွယ်တယ်၊ ဆိုင်လည်းကျယ်တယ်ဆိုလို သွားစားခဲ့တယ်။ ငါးရံ့အူဟင်း နဲ့ အဝစား၊ ဗိုက်ရိုက်စား၊ အိပ်စား ၊လှိမ့်စား၊ မနားတမ်းစား သုံးထောင့်ငါးရာ တဲ့။ ရန်ကုန်မှာ ငါးရံ့အူနဲ့စားရင် ဈေးကContinue reading “စားစမ်း မနားတမ်း အောင်ပန်း”
အညာဟင်း ၊ အမေ့ဟင်း
ကျွန်တော့်အဖွားနဲ့ အမေက ရေစကြိုက အညာသူတွေ ဆိုတော့ ကျွန်တော်က အညာမှာ ကြီးပြင်းတာမဟုတ် ပေမယ့် ငယ်ငယ်လေးထဲက အညာ ဟင်း တွေနဲ့ ရင်းနှီးခဲ့ရတယ်။ အဲဒီဟင်းတွေက အသား၊ငါးတွေ၊ အဆာပလာတွေ နဲ့ ဖွယ်ဖွယ်ရာရာမဟုတ်ပါဘူး။ အညာမှာ ကိုယ့်အိမ်ဝိုင်းထဲ၊ ကိုင်းထဲ၊ ယာထဲ မှာ ၊ ခရိုးတစ်လေ ျှာက်မှာ တွေ့နိုင်တဲ့ ဟင်း သီး ဟင်းရွက်တွေနဲ့ချက်တာပါပဲ။ ဆီတောင်မှ ပြက်သိကာ လေးထည့်တာ။ အမေ့ဟင်းတွေရဲ့ ဂုဏ်ပုဒ်က ရိုးရှင်းမှုနဲ့ လတ်ဆတ်မှုပဲ။မဟုတ်တရုတ်ဟင်းကျွန်တော်အကြိုက်ဆုံးဟင်း ၊ အမေ့အိမ်ရောက်တိုင်း ချက်ခိုင်းတဲ့ဟင်း။ ကျွန်တော်ငယ်ငယ်က အဖွားတို့အိမ်မှာ ရေစကြိုနယ်၊ ဂွေးဂုဏ်ရွာသူ ဒေါ်ငြိမ်းဆိုတာရှိတယ်။ သူက ရန်ကုန်ရောက်လာ တော့ အောက်ပြေအောက်ရွာက ဟင်းတွေကို မကြိုက်ဘူး။ အဲဒီတော့ အဖွားခြံထဲက ဟင်းရွက်Continue reading “အညာဟင်း ၊ အမေ့ဟင်း”
မြီးရှည် ၊ အေးဖောင်း၊ မအေးသောင်း
“၈၉ မန္တလေးမြီးရှည်” ဆိုတဲ့ ဘောက်ထော် ဓမ္မာရုံလမ်း ထဲက ဆိုင်နာမည် ဆန်းဆန်း ၊ စားစရာအမည်တွေကလည်း ထူးထူးခြားခြား နဲ့ ဒီဆိုင်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကရောက်ခဲ့ဖူးတယ်။ အဲဒီအချိန်က အခုလောက် အမည်စုံမရသေးဘူး။ မန္တလေး မြီးရှည် ( ဝက်/ဘဲ) ၊ ထမင်းဆီစမ်း၊ ကော်ဖီ၊ လက်ဖက်ရည်ကောင်းကောင်း ။ ဒီလောက်ပဲ။ အခုတော့ မြီးရှည်တစ်ခုတည်းတင် မူကွဲ ငါးမျိုးဖြစ်နေပြီ။ ကော်ဖီ၊လက်ဖက်ရည်၊ အချိုပွဲ၊ မြန်မာ ရိုးရာ နံနက်စာ မူကွဲတွေပေါင်းလိုက်ရင် နှစ်ဆယ်ကျော်နေပေါ့။ ခပ်ချေချေ စတိုင်နဲ့ ဒီဆိုင်က ပထမတော့ စနေ၊ တနင်္ဂနွေပဲ ဖွင့်တယ်။ အခုတော့ ကြာသာပတေး နေ့လည်း ဖွင့်တယ်။ ဒါပေမယ့် အစုံမရဘူး။ မုန့်ဟင်းခါး၊ မြီးရှည်တစ်မျိုးနဲ့ အချိုပွဲ၊Continue reading “မြီးရှည် ၊ အေးဖောင်း၊ မအေးသောင်း”
နှင်းဆီကုန်း ဘယာကြော်
ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးသေးသေးလေး၊ ဆန်ခါလေး ဒါမှမဟုတ် ဒန်လင်ပန်းလေးထဲက ဘယာ ကြော်သေးလေးလေး၊ စမူဆာသေးသေးလေး၊ ကော်ပြန့်လိပ်သေးသေးလေးတွေ၊ ကုလား အကြော်ဆရာ ဒါမှမဟုတ် ဆရာမ ။ ဒါဟာ ရန်ကုန်မြို့နေရာအနှံ့မှာတင်မဟုတ်၊ ရန်ကုန် – နေပြည် တော်အဝေးပြေးလမ်းဆုံမှာတောင် တွေ့ရတဲ့ မြင်ကွင်းပဲ။ ဘယာကြော်နဲ့ စမူဆာပူပူလေးကို ဟိုအရင်ကတော့ စက္ကူကန်တော့ထဲမှာ ၊ အခုတော့ ပလတ်စတစ်အိတ်သေးသေးလေးထဲမှာထည့်၊ ငြုပ်သီးကြော်တစ်တောင့် နှစ်တောင့်တောင်းထည့်။ အဲဒီ အထုပ်လေးကိုင် ပလက်ဖောင်းတွေပေါ် လမ်းလေ ျှာက်ရင်းစား။ ဒါဟာ ငယ်ငယ်ထဲ က အကျင့်ပဲ။ အခုထိ ဒီလိုဆိုင်လေးတွေတွေ့ရင် နည်းနည်းလေးဖြစ်ဖြစ် ဝယ်ပြီး လမ်းလေ ျှာက်ရင်း မစားဖြစ်ရင်တောင် ကားပေါ်မှာ စားလိုက်ရမှ အာသာပြေတယ်။ အဲဒီလို ဘယာကြော်ဆိုင်လေးတွေထဲမှာ နည်းနည်းထူးခြားတဲ့ ဘယာကြော် သည်Continue reading “နှင်းဆီကုန်း ဘယာကြော်”
မုန့်ဟင်းခါး ကောင်းတဲ့ ခေါက်ဆွဲဆိုင်
ဗဟိုအမျိုးသမီးဆေးရုံကြီးရှေ့တည့်တည့်မှာ နှင်းဆီကုန်းလမ်းဆိုတာရှိတယ်။ နီနီ ဆေးခန်း ရှိတဲ့ လမ်းဆိုရင်လူပိုသိတယ်။ အဲဒီလမ်းထဲမှာ အရုဏ်ဦး ဆိုတဲ့ စားသောက်ဆိုင်လေးရှိတယ်။ ဆိုင် နာမည်ကို အင်္ဂလိပ်လို Yangon Noodle Bowl လို့ရေးထားတယ်။ အရုဏ်ဦှး ရန်ကုန် ခေါက်ဆွဲဆိုင်လို့ ဆို ရမှာပေါ့။ ဆိုင်က နောက်ဘက်နည်းနည်းရောက် တယ်။ သစ်ပင်ကြီးတွေ လည်းရှိနေတော့ နေရာမသိတဲ့သူတွေဆိုရင် ကျော်သွားနိုင် တဲ့ ဆိုင်မျိုး။ ဒီဆိုင်ကို သိလို့သွားခဲ့တာမဟုတ်ဘူး။ နီနီဆေးခန်းဘက်ရောက်ရင်း တစ်ခုခု စားချင်လို့ Luckey Seven ဆိုင်ဘက်ကို သွားရင်း တွေ့ခဲ့တာ။ Noodle Bowl လို့ နာမည်ပေးထားပေမယ့် ဆိုင်းဘုတ်မှာပါတဲ့အတိုင်း မြန်မာ အစားအစာလေးတွေ စုံစုံလင်လင်ရတယ်။ ကော်ဖီ၊ လက်ဖက်ရည် နဲ့ အအေးလည်းရတယ်။ ထုံးစံအတိုင်းမုန့်ဟင်းခါးမှာစားတယ်။ ထင်တာထက်ပိုကောင်းပါတယ်။Continue reading “မုန့်ဟင်းခါး ကောင်းတဲ့ ခေါက်ဆွဲဆိုင်”