ရထားလမ်းတွေ ဘူတာရုံလေးတွေကို စိတ်ဝင်စားတဲ့ကျွန်တော်ဟာ ကလောဘူတာရုံကို လည်း ဓာတ်ပုံရိုက်ဖူးတယ်။ မြင်းဒိုက်ဘူတာကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း ခြေလျင်လေ ျှာက် ပြီး ရထားလမ်းလှိုဏ်ဂူတွေ၊ လွန်းထိုးတွေကို လေ့လာဖူးတယ်။ ဒါပေမဲ့ ကလော မြို့ အနားက ရထားလမ်းပေါ်မှာ အလွန်လှပတဲ့ ကျောက်စီတံတားတစ်ခုရှိမှန်း မသိခဲ့ဘူး။ မော်တင်စွန်းဘုရားပွဲကနေ ရန်ကုန်ကို ပြန်ရောက် ပြီးချိန်မှာပဲ ကလော ဒေသခံ မိတ်ဆွေက သာမိုင်းခမ်းမြို့ဟောင်းနဲ့ ပတ်သက် ပြီး ကျွန်တော်တွေ့ဆုံ မေးမြန်းချင်တဲ့ သူတစ်ယောက် ကို စုံစမ်းလို့ရပြီလို့ အကြောင်းကြားတဲ့အတွက်ကလောကိုနှစ်ညအိပ် သွားခဲ့တယ်။ ကလော ရောက် တော့ မထင်မှတ်ဘဲ ကလောကနေ အောင်ပန်းဘက် အထွက် ရထားလမ်းမှာ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ ရထားလမ်း တံတားတစ်ခု ရှိ တယ် ဆိုတဲ့Continue reading “တံတား အမှတ် ၂၆၇”
Tag Archives: Travelogue
ပုဂံ အလှ နဲ့ ဘ၀ (၃) ရေချမ်းစင် ပုဂံရောက် ၊ ဟိုတယ်မှာ ပစ္စည်းချပြီးတာနဲ့ E Bike နဲ့ မင်းနန်သူ ရွာဘက်ထွက်ခဲ့တယ်။ လေယာဉ်ကွင်းလမ်း ဆုံမရောက်ခင် ညာဘက်ချိုးပြီး စိုက်ပျိုးရေးဝင်းထဲကို ဖြတ်တယ်။ အဲဒီနေရာက တမာပင်တန်း လေးက ဓာတ်ပုံရိုက်လို့ကောင်းတယ်။ တမာလမ်းကို ဖြတ်ရင်း ညာဘက်ကို လှမ်းကြည့်လိုက် တဲ့အခါ နန်းမြင့်မေ ျှာ်စင်ကို လှမ်းမြင်ရတယ်။ ဒီမေ ျှာ်စင်ဟာ ရှေးဟောင်းဇုန်ထဲမှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ခြင်းမပြုရဘူး ဆိုတဲ့ ကန့်သတ်ချက်ကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခဲ့တဲ့ ပြယုဂ်တစ်ခု၊ ခရိုနီ နဲ့ လုပ်ပိုင်ခွင့်ရှိသူပေါင်းမိရင် ဥပဒေအထက်မှာ နေလို့ရတယ်ဆိုတဲ့ သာဓကတစ်ခုပဲ။ ဒါပေမယ့် ခေတ်တွေဘယ်လိုပြောင်းပြောင်း ခရိုနီခေါ်ခေါ်၊ တိုင်ကွန်ခေါ်ခေါ် ဒီကပ်ပါးမျိုးစိတ် ကိုတော့Continue reading
နေမဝင်မီ
တောင်ပေါ်မြို့လေးရဲ့ မနက်ခင်းက အေးချမ်းလှသည်။ ညက တစ်စိမ့်စိမ့်ရွာနေသော မိုး တိတ်သွား ပြီ။ လူသံ ကားသံမကြားရ။ ဟိုတယ်ခြံစည်းရိုးတစ်နေရာမှာ ငှက်လေးတွေ တွတ်ထိုး နေသံကြားရသည်။ ပန်းခြံထဲက ပန်းပွင့်တွေမှာ မိုးရေစက်တွေ တွဲလွဲခိုနေသည်။ စင်္ကာပူမှာနေစဉ်ကတော့ မိုး ရွာပြီးစ ပန်းတွေ၊ သစ်ရွက်တွေ မှာ မိုးရေစက်လေးတွေတွဲလွဲခိုနေတာကို ဓာတ်ပုံရိုက်ပြီး “မိုး မနက်ခင်း” ဆိုပြီး ဓာတ်ပုံတွေတင်ခဲ့ဖူးသည်။ အခုတော့ မိုးမနက်ခင်းကို ဓာတ်ပုံရိုက်ချင်စိတ်မရှိ။ ရွာလိုက်၊ တိတ်သွားလိုက်၊ မရွာဘူးထင်ပေမယ့် ရွာလိုက်လုပ်နေသော တောင်ပေါ်မိုးကို ခံစားချင်စိတ် ကင်း မဲ့နေသည်။ ဟိုတယ်တစ်ခုလုံးတိတ်ဆိတ်နေသည်။ ဧည့်သည်တွေကလည်း အိပ်တုန်း၊ နောက်ဘက် မီးဖို ဆောင်ဘက်မှာတော့ နံနက်စာအတွက်ပြင်ဆင်နေသံတွေကြားရသည်။ နံနက်စာ စားဖို့ က စောနေသေးတော့ ဟိုတယ် ခြံဝင်း ရှေ့Continue reading “နေမဝင်မီ”
မဲခေါင် ခရီးသည် (၂၁)
ဖေဖော်ဝါရီလ ၈ ရက်နေ့မနက် ၈ နာရီ ၅ မိနစ်မှာ ကျွန်တော်တို့ယာဉ်တန်းက ဗီယန်ကျင်းကနေ ထိုင်းနိုင်ငံ ခေါက်ရိုင် ( Khao Yai) ကို ထွက်တယ်။ ဒီနေ့ခရီးစဉ်က ၅၀၇ ကီလိုမီတာရှိတဲ့အတွက် ခရီးစဉ်တစ်ခုလုံးမှာ အဝေးဆုံးကားမောင်းရတဲ့နေ့ဖြစ်ပါတယ်။ဗီယန်ကျင်းက ထိုင်းနိုင်ငံနဲ့ မဲခေါင်မြစ်ဘဲ ခြားပေမယ့် မြို့ထဲကနေ ထိုင်းနယ်စပ်ကို တိုက်ရိုက် ဖြတ်လို့မရဘူး။ နောင်ခိုင် နယ်ခြားဂိတ်ကနေဖြတ်ရတယ်။ မြို့ကနေ နယ်စပ်ထို ၂၅ ကီလို မီတာ ဝေးတယ်။ အဲဒီနေရာမှာ အမှတ် ၁ ချစ်ကြည်ရေးတံတားရှိတယ်။ဗီယန်ကျင်းကနေ တံတားကို လေးလမ်းသွား လမ်းသစ်ဖောက်ထားတယ်။ ဗီယန်ကျင်းမြို့ လယ် မှာ အထပ်မြင့် အဆောက်အဦတွေ မတွေ့ရပေမယ့် လမ်းသစ်ဘက် မြို့စွန်ကိုရောက်တာနဲ့ အထပ်မြင့်အဆောက်အဦ စီမံကိန်းတွေ စပြီးတွေ့လာရတယ်။ တံတားမရောက်ခင်Continue reading “မဲခေါင် ခရီးသည် (၂၁)”
မဲခေါင် ခရီးသည် (၂၀)
ဗီယန်ကျင်း မြို့လယ် မှာ အောင်မြင်ခြင်း မုခ်ဦး ဆိုတာရှိတယ်။ လာအိုလိုတော့ Patuxai လို့ ခေါ် ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့က အောင်မြင်ခြင်း မုခ်ဦး Arc de Triomphe ကို နမူနာယူတည် ဆောက်ထားတာလို့ဆိုပါတယ်။ ဒါပေမယ့် မုခ်ဦးတည်ဆောက်တဲ့အယူအဆ ကိုသာ နမူနာ ယူတာဖြစ်မယ်ထင်ပါ တယ်။ လက်ရာကတော့ လာအို ရိုးရာပုံစံပါပဲ။ဒီအဆောက်အဦကို စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးနေတဲ့ ၁၉ ၆၂ ခုနှစ် မှာ စတင်တည်ဆောက်ခဲ့ တယ်။ တည်ဆောက်တဲ့ရည်ရွယ်ချက်ကတော့ ပြင်သစ်လက်အောက်က လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရာမှာ ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုဖို့အတွက် တည်ဆောက်ခဲ့တာဖြစ် တယ်။ ဒါ ပေမယ့် မူလ ဗိသုကာ ပုံစံအတိုင်း ပြီးအောင်မတည်ဆောက်နိုင်ပဲ ၁၉ ၆၈ ခုနှစ်မှာContinue reading “မဲခေါင် ခရီးသည် (၂၀)”
မဲခေါင် ခရီးသည် (၁၉ )
ဖေဖော်ဝါရီလ ၆ ရက်နေ့ညနေမှာ ဗီယန်ကျန်း ကို ရောက်တယ်။ ကျွန်တော်တို့က တစ်ညအိပ် နှစ် ရက်နေတဲ့အတွက် လေ့လာဖို့ အချိန်အတော်ရပါတယ်။ ဗီယန်ကျန်းနဲ့ပတ်သက်ပြီး ပထမ ဆုံး သတိထားမိတာက မဲခေါင်မြစ်ကမ်းနားရှုခင်းပဲ။ဗီယန်ကျန်းကို အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ ဝန်ကြီး ဦးကျော်ဆန်း နဲ့ အတူ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ၇ ရက်နေ့အထိရောက်ခဲ့ဖူးတယ်။ ကျွန်တော် တို့က ကြိုရောက်နေပြီး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရတယ်။ ဝန်ကြီးက နောက် မှ လိုက်လာပြီး ဝန်ကြီးအဆင့်အစည်းအဝေးတက်တယ်။အဲဒီအချိန်က မဲခေါင်မြစ်ကမ်းနားမှာ ဟိုတယ်ကြီးကြီးမားမားဆိုလို့ အစည်းအဝေး ကျင်းပတဲ့ Don Chan Palace Hotel တစ်ခုပဲရှိတယ်။ ကမ်းနားတစ်လေ ျှာက် ကားလမ်းကျဉ်းကျဉ်း ဘယ်၊ ညာ မှာContinue reading “မဲခေါင် ခရီးသည် (၁၉ )”
မဲခေါင် ခရီးသည် (၁၈)
ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဗန်ဗီယင်း မြို့ကနေ လာအိုနိုင်ငံ မြို့တော်ဗီယန်ကျင်းကို ခရီးဆက်ခဲ့ တယ်။ ဗန်ဗီယင်း – ဗီယန်ကျင်းက ကီလို ၁၅၈ ကီလိုမီတာပဲဝေးပြီးလမ်းလည်းကောင်းတဲ့အတွက် သက်တောင့်သက်သာပဲ မောင်းလို့ရပါတယ်။ နေ့လယ်စာကို Nam Ngum ရေအားလ ျှပ်စစ်စီမံကိန်းနေရာမှာ ဝင်စားဖို့အတွက် ခရီးသွား အေဂျင်စီက စီစဉ်ထားတယ်။ ကျွန်တော်တို့ဆီမှာက သာမန်ခရီးသွားတွေ အစိုးရ စီမံကိန်းတွေမှာ ဝင်နားလို့ မရဘူးဆိုတော့ စီမံကိန်းနေရာမှာ နေ့လယ်စာ စားမယ်ဆိုတဲ့အခါ နည်းနည်း အံ့သြ သွားတယ်။ Nam Ngum ရေအားလ ျှပ်စစ်စီမံကိန်းက Thalat ဆိုတဲ့မြို့လေးကနေ မိနစ်နှစ်ဆယ်လောက် ဝင်ရတယ်။ ဒီမြို့က ဗီယန်ကျန်းနဲ့ ကီလိုမီတာ ၉ ၀ ဝေးတယ်။ ကျွန်တော်တို့ သွားမယ့် ရေအားContinue reading “မဲခေါင် ခရီးသည် (၁၈)”
မဲခေါင် ခရီးသည် (၁၇)
ဗန်ဗီးယင်း မြို့ကို မီးပုံပျံပေါ်က ကြည့်တဲ့အခါ မြို့ အနားကဖြတ်ပြီးတောင်-မြောက် သွယ်တန်း နေတဲ့ အမြန်ရထားလမ်း စီမံကိန်းကို တွေ့ခဲ့ရတယ်။ ဗန်ဗီယင်းကနေ ဗီယန်ကျန်း မြို့တော်ကို သွားတဲ့အခါမှာလည်း အဲဒီစီမံကိန်းရထားလမ်းက တစ်ခါတစ်လေမှာ ကားလမ်းနဲ့ ပြိုင်လို့၊ တစ်ခါ တစ်လေမှာ ကားလမ်းကို ဖြတ်လို့ တွေ့ခဲ့ရတယ်။ မျက်မြင်အခြေအနေအရတော့ မြေသားလုပ် ငန်းတွေအတော်ပြီးနေပြီ။ဒီရထားလမ်းက နန်နင်း – စင်္ကာပူ စီးပွားရေးစင်္ကြန် ၊ ဒါမှမဟုတ် တရုတ်- အင်ဒိုချိုင်းနား ကျွန်းဆွယ် စီးပွားရေးစင်္ကြန် China-Indochina Peninsula Economic Corridor (CICPEC) ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီစင်္ကြန်က တရုတ်နိုင်ငံကဆောင်ရွက်နေတဲ့ စီးပွားရေးစင်္ကြန် ခြောက်ခုထဲက တစ်ခု ဖြစ်ပါတယ်။ ပုံ ၁နန်နင်း- စင်္ကာပူစီးပွားရေးစင်္ကြန်ဆိုတာက တရုတ်Continue reading “မဲခေါင် ခရီးသည် (၁၇)”
မဲခေါင် ခရီးစဉ် (၁၆)
ဗန်ဗီယင်းမြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုတွေထဲမှာ မီးပုံးပျံနဲ့ နေထွက်ချိန်၊ နေဝင် ချိန်ကို ကြည့်တဲ့အစီအစဉ်လည်းပါတယ်။ ကျွန်တော်တို့ အဖွဲ့အစီအစဉ်မှာ မီးပုံးပျံစီးဖို့မပါဘူး။ ဗန်ဗီးယင်းကိုရောက်တဲ့ညနေ နမ့်ဆောင်မြစ်ထဲမှာ စက်လှေ စီးတယ်။ အဲဒီအချိန်မှာ ညနေ နေဝင် ဆည်းဆာကို ကြည့်ဖို့အတွက် မီးပုံးပျံတွေ တက်လာတာတွေ့တယ်။ စုံစမ်းကြည့်တော့ ဗန်ဗီယင်းမှာ မီးပုံးပျံစီးရတာ အရှေ့တောင်အာရှမှာ ဈေး အသက်သာဆုံးပဲ တဲ့။ လူကြီးတစ်ယောက် ဒေါ်လာ ၉ ဝ၊ ကလေးတစ်ယောက် ဒေါ်လာ ၅၀ ပဲကျတယ်။ ပုဂံမှာဆိုရင် တစ် ယောက်ကို ဒေါ်လာ ၃၀၀/ ၄၀၀ ပေးရတယ်လို့ ကြုံဖူးသူတစ်ယောက်ကပြောတယ်။ ဒီလို နဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မနက် ဗီယန်ကျင်းမြို့ကို မသွားခင် မီးပုံးပျံစီးဖို့ စီစဉ်ကြတယ်။ မနက်ကျတော့Continue reading “မဲခေါင် ခရီးစဉ် (၁၆)”
မဲခေါင် ခရီးသည် (၁၅)
ဖေဖော်ဝါရီလ ၅ ရက်နေ့အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဗန်ဗီယင်းမြို့ ကို နေ့လည် တစ်နာရီမှာရောက်တယ်။ လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းကနေ လေးနာရီ ခရီးဝေး တဲ့ ဗန်ဗီယင်းမြို့တည်နေပုံက ကရင်ပြည်နယ်နဲ့တူတယ်။ မြို့လယ်မှာ နမ့်ဆောင်မြစ်က ဖြတ်စီးနေ တယ်။ မြို့ပတ်ဝန်းကျင် မြေပြန့်ထဲမှာ ထုံးကျောက်တောင်ကြီးတွေ မှိုလိုပေါက်နေတယ်။ လှိုဏ်ဂူ တွေရှိတယ်။ ရေပြာအိုင်တွေရှိတယ်။ ဒီမြို့ဟာ အနောက်နိုင်ငံတွေကလာတဲ့ ပေါချောင်ခရီးသွား( Backpacker) တွေရဲ့ မြို့ အဖြစ် နာမည်ကြီးခဲ့တဲ့မြို့ဖြစ်ပါတယ်။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ လာအိုနိုင်ငံ တံခါးဖွင့်လိုက်တော့ ပေါချောင်ခရီးသွားတွေ အလုံးအရင်းနဲ့ရောက်လာတယ်။ တောင်တက်တယ်၊ လှိုဏ်ဂူတွေထဲကို ဝင်လေ့လာတယ်။ နမ့်ဆောင်မြစ်အတိုင်း ကားတာယာကွင်းစီးပြီးခရီးနှင်တယ်။ ပေါချောင်ခရီးသွားတွေနဲ့အတူ မူးယစ်ဆေးပြဿနာတွေပါလာတယ်။ ဒေသ ခံတွေ ရဲ့ ဓလေ့ထုံးစံတွေပျက်လာတယ်။ နမ်Continue reading “မဲခေါင် ခရီးသည် (၁၅)”