အင်း ပုံပြင် (၃)

အင်းထဲရောက်ရင် ပထမဆုံး လုပ်ရတဲ့အလုပ်ကတော့ ဖိနပ်ချွတ်ဖို့ပဲ။ ကန်သင်းရိုးတွေပေါ်မှာ၊ ဗွက်တောတွေထဲမှာ ဖိနပ်နဲ့အဆင်မပြေဘူး။ ရွံ့တွေနဲ့ ချော်နေတဲ့ ကန်သင်းရိုးပေါ်မှာ ခြေမ လေးနဲ့ ကုတ်ပြီး ထိန်းသွားမှအဆင်ပြေတယ်။ ခြေဗလာနဲ့ဆိုရင် ဗွက်ထဲ ဖိနပ်ကျန်ခဲ့မှာ မပူရဘူးပေါ့။ အင်းသားကြီးတို့က ရေစုတ်ထားတဲ့အကန့်မှာ ပိုက်ဆွဲဖို့ပြင်နေပြီ။ သူတို့အင်းချောင်းရဲ့ ဒီအပိုင်းက တာဘောင် ပြင်တဲ့အချိန်မှာ ဘက်ဟိုးတူးထားလို့ မြောင်းဖြစ်နေ တယ်။ အောက်မှာလည်း စမ်းပေါက်ပြီးရေလိုက်နေလို့ ရေကုန်အောင်အတော်အချိန်ယူရတယ်။ ဒီနေ့ကတော့ ပိုက်ဆွဲမယ်၊ နောက်နေ့ ရေခန်းသွားရင် ကျန်တဲ့ငါးတွေကို ထပ်ဖမ်းမယ်လို့ အင်းသားကြီးက ရှင်းပြတယ်။ ကျွန်တော်က ပိုက်ဆွဲတာကို မြင်ချင်နေပေမယ့် အင်းသားကြီးတို့ကတော့ အေးအေးဆေးဆေးပဲ။ အင်းသားကြီးကိုယ်တိုင်ဦးစီးပြီး အင်းချောင်းဘေးမှာ ပိုက်ဖြန့်ပြီး ပိုက်ပေါက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖာထေးပြုပြင်နေတယ်။ ပိတ်ထားတဲ့ အကန့်ထဲက ငါးတွေက ဘယ်အချိန်ဖမ်းဖမ်းရတယ်။ ဒါပေမယ့်Continue reading “အင်း ပုံပြင် (၃)”

ကိုတံငါ

အသက်ဘယ်လောက်လဲ၊ကျောင်းမနေဘူးလား၊ဘာညာ သာရကာဆင်စွယ်နန်းပေါ်က မေးခွန်းတွေမမေးနဲ့။အစာအိမ်ကအရာရာထက်အရေးကြီးတဲ့ဘဝတွေအများကြီးရှိတယ်။

အင်း ပုံပြင် (၂)

မိုးယွန်းကြီး အင်းကို လာတဲ့သူအများစုက ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ဖို့လာတာများတယ်။ အနည်း စုက ဒေသခံရေပျော်ငှက်တွေ၊ ဆောင်းခိုငှက်တွေကို ဓာတ်ပုံရိုက်ကြတယ်။ ဒါပေမယ့် မိုးယွန်းကြီး အင်းပတ်လည်မှာနေထိုင်နေတဲ့ ရေလုပ်သားတွေ ဘဝကို ဓာတ်ပုံရိုက်တဲ့သူကတော့ လက်ချိုးရေ လို့ရမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ငှက်ရော၊ ရေလုပ်သားတွေ ဘဝကိုရော ဓာတ်ပုံရိုက် ဖို့ အတွက် မိုးယွန်းကြီးကိုရောက်ခဲ့တယ်။ မိုးယွန်းကြီးရောက်တော့ ဟိုတယ်က စီစဉ်ပေးတဲ့စက်လှေသမားက ကိုထွန်းထွန်းနိုင် တဲ့။ ကံ ကောင်းတာက ကိုထွန်းထွန်းနိုင်က ဒေသခံဖြစ်တဲ့အပြင် ငှက်တွေအကြောင်းလည်းသိတယ်။ အင်း သမားတွေနဲ့လည်းသိတယ်။ သူကပဲ တာဂွဘက်မှာ အင်းဖော်ဖို့ရှိတယ်။ သွားကြည့်လို့ရတယ် လို့ သတင်းပေးတယ်။ အင်းဖော်တဲ့အချိန်က ပျော်စရာအကောင်းဆုံးအချိန်ပါ။ ရွံ့ထဲမှာ ငါးဆင်းဖမ်းရတာ ပျော်ဖို့ကောင်း သလို၊ လတ်လတ်ဆတ်ဆတ်ငါးတွေချက်စားရတာလည်း ဘယ်မှာမှမရနိုင်တဲ့အရသာပဲ။ ငယ်ငယ် က ခန္တီးContinue reading “အင်း ပုံပြင် (၂)”

အင်း ပုံပြင် (၁)

အင်းသူကြီး ဆိုတာက ကွင်းတစ်ခုလုံးကို လေလံဆွဲပြီး လုပ်တဲ့သူကို ခေါ်တာဆိုတော့ သူ့လို အင်းအပိုင်းလေးတစ်ခုကို အင်းသူကြီးဆီအခပေးပြီးလုပ်တဲ့သူကိုတော့ အင်းသားကြီးလို့ပဲ ခေါ် ရမယ်ထင်တယ်။ သူကတော့ သူ့ကိုယ်သူ အင်းလုပ်နေတာလို့ပဲ ပြောတယ်။ ကိုအောင်ကိုဦးက လူလတ်ပိုင်း၊ ပြုံးပြုံးနဲ့ ရေလုပ်ငန်းသမားထက် ကုန်သည် ပွဲစားနဲ့ပိုတူတယ်။ ရန်ကုန်-မန္တလေး မိုင်တိုင် ၇၀ အကျော်လေးမှာ ရှိတဲ့ တာဆုံကနေ ပုကိုင်တာဘောင်အတိုင်း ဝင်သွား၊ တာဂွရောက်ရင် မိုးယွန်းကြီး ဇွဲဘတ်တာဘောင်အတိုင်း ဆယ်မိနစ်လောက်သွားရင် သူ အင်းလုပ်နေတဲ့နေရာကိုရောက်တယ်။ သူတို့လုပ်နေတာကို အင်းချောင်းလုပ်တယ်လို့ခေါ်တယ်။ မိုးယွန်းကြီးတာဘောင်အပြင်ဘက် အခြမ်း၊ လယ်ကွင်းတွေနဲ့ တာဘောင်ကြားက ချောင်းတွေကို ပိတ်ပြီးလုပ်တာဖြစ်တဲ့အတွက် အင်း ချောင်းလို့ခေါ်တာ သဘာဝကျသားပဲ။ အင်းသားကြီးတဲက မြေစိုက်တဲ။ ဘေးတစ်ဖက်မှာ မီးဖိုချောင် အဖီရှိတယ်။ တဲမကြီးက သုံးပင် နှစ်ခန်းလို့ပြောရမယ်ထင်တယ်။Continue reading “အင်း ပုံပြင် (၁)”

စားစမ်း မနားတမ်း အောင်ပန်း

အမြန် လမ်းမကြီး မဖွင့်သေးခင်က ရန်ကုန်- မန္တလေး လမ်းဟောင်းက ပျဉ်ပုံကြီး ဈေးဘေးမှာ ဖွင့်ထားတဲ့ အောင်ပန်းထမင်းဆိုင်ကို လူသိများခဲ့တယ်။ အောင်ပန်းဆိုင် ရဲ့ ထင်ရှား တဲ့ ဟင်းတွေက ငါးရံ့အူနဲ ငါးရံ့ခေါင်းဟင်းပေါ့။ အမြန်လမ်းမကြီးပေါ်လာတော့ အောင်ပန်းဆိုင်ကို နှောင်းလူတွေ မသိကြတော့ဘူး။ ဆိုင်နေရာက လည်း ဈေးရုံအိုဘေးမှာ မှုန်မှုန်ကုပ်ကုပ်၊ ကားရပ်ဖို့နေရာလည်းမရှိတော့ သာမန်ခရီးသွားတွေ သတိမထားမိတာလည်းပါတယ်။ အခုတော့ ပျဉ်ပုံကြီးအထွက် မှာ အောင်ပန်း (၂) ဆိုပြီး ဖွင့်တယ်။ ဖွင့်တာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ ကားရပ်ဖို့လည်း လွယ်တယ်၊ ဆိုင်လည်းကျယ်တယ်ဆိုလို သွားစားခဲ့တယ်။ ငါးရံ့အူဟင်း နဲ့ အဝစား၊ ဗိုက်ရိုက်စား၊ အိပ်စား ၊လှိမ့်စား၊ မနားတမ်းစား သုံးထောင့်ငါးရာ တဲ့။ ရန်ကုန်မှာ ငါးရံ့အူနဲ့စားရင် ဈေးကContinue reading “စားစမ်း မနားတမ်း အောင်ပန်း”

မိုမိုရေ

  ဟိုးတစ်ချိန်ကတော့ တိရစ္ဆာန်ဥယျာဉ်ကို သုံးဘီးကားနဲ့ သွားရင် ပြားခြောက်ဆယ်ပဲ ပေးရတဲ့ အကြောင်း သီချင်းထဲမှာတောင် ထည့်ဆိုခဲ့ကြတယ်။ အခုတော့ နှစ်ထောင်ပေးရတယ်။ မနက် ခြောက်နာရီ ခွဲကျော်ကျော်ပဲရှိသေးတော့ ကားရပ်နားကွင်းထဲက ဈေး ဆိုင်တွေမဖွင့်သေးဘူး။ အဝင်ဝက ဆိုင်တစ်ဆိုင်ပဲ ဆိုင်ခင်းဖို့ ပြင်ဆင် နေတယ်။ ကားဝင်းထဲမှာလည်း ကားတစ်စီးမှ မရှိသေးဘူး။တိရစ္ဆာန်ရုံက မနက် ၇ နာရီဖွင့်တယ်ဆိုလို့ မနက်ပိုင်းလူရှင်းတဲ့ အချိန် ဓာတ်ပုံရိုက်ချင်တာနဲ့ ဖွင့်ဖွင့်ချင်း ဝင်နိုင်အောင် စောစောထွက်လာခဲ့တယ်။ ဆိုင်ခင်းနေတဲ့ အမကြီးကို မေးတော့ ၇ နာရီခွဲမှလို့ ပြော တယ်။ အင်တာနက်မှာ ၇ နာရီလို့တွေ့တယ်လို့ စောဒကတက်တော့ သွားကြည့်လေလို့ စိတ်မ ရှည်တဲ့အသံနဲ့ပြောတယ်။ အဝင်ဝကို ၇ နာရီအတိရောက်အောင်သွားတယ်။ လုံခြုံရေး အစောင့် တစ်Continue reading “မိုမိုရေ”

ဗိုလ်တာယာ

တစ်ချိန်က စမ်းချောင်း ဗားကရာဘက်မှာ ကားတာယာတွေနဲ့ လူသုံးကုန် ပစ္စည်း တွေ ၊ မော်တော်ယာဉ်သုံးအပိုပစ္စည်းတွေ တီထွင်ထုတ်လုပ်ရောင်းချတဲ့ ဆိုင်တွေ ရှိခဲ့ဖူး တယ်။ အဲဒီ ဆိုင်တွေရှေ့မှာ ဖိနပ်တွေ၊ ရေပုံးတွေ၊ ဇလားတွေ၊ ရေပုံးကြိုးတွေချိတ်ထားလေ့ရှိတယ်။ ကား တာယာနဲ့ လုပ်ထားတဲ့ပစ္စည်းတွေက ရုပ်ထွက်မလှပေမယ့် အသုံးခံတဲ့ အတွက် ဝယ်ယူအားပေး တဲ့သူလည်းများတယ်။အခုတော့ အဲဒီနေရာမှာ တစ်ဆိုင်၊ နှစ်ဆိုင်လောက်ပဲရှိတော့တယ်။ ကားတာယာ ဖိနပ် ဆိုတာတော့ မသုံးသလောက်ဖြစ်သွားပြီ။ ကျန်တဲ့ လူသုံးပစ္စည်းတွေ ကတော့ ထုတ်လုပ်နေဆဲပါ။ ဒါပေမယ် ရန်ကုန်မြို့သူမြို့သား အတော်များများ က ကားတာယာနဲ့လုပ်တဲ့ပစ္စည်းတွေကို သုံးရကောင်းမှန်းမသိတော့ဘူး။ကျွန်တော်တို့ အရာရှိငယ်ဘဝက ရှေ့တန်းမှာ မိုးတွင်းကာလဆိုရင် ကြိုးသိုင်း ကားတာယာ ဖိနပ်တွေစီးခဲ့ရတယ်။ အဲဒီ ဖိနပ် တွေကို ဗီယက်နမ်စစ်ပွဲကာလမှာ ဗီယက်ကောင်းContinue reading “ဗိုလ်တာယာ”

ကျေးလက် ဘောဂဗေဒ

ရန်ကုန် – ပြည်ကားလမ်း နတ်တလင်း နဲ့ ပေါင်းတည်ကြား လမ်းဘေးဝဲယာမှာ ပြောင်းဖူးမီးဖုတ် ရောင်းတဲ့ဆိုင်လေးတွေရှိတယ်။ သစ်ရိပ်ကောင်းကောင်းအောက်မှာ ခနော်ခနဲ့ တဲလေး၊ ခြင်း ကြား ဒါမှမဟုတ် ယိုင်နဲ့နဲ့ ဝါးစားပွဲလေးပေါ်မှာတင်ထားတဲ့ ဗန်းထဲက ပြောင်းဖူးမီးဖုတ်တွေ၊ ကတ္တရာပုံး သံပြားနဲ့လုပ်ထားတဲ့ မီးဖို။ မနက် ၇ နာရီလောက်ဆိုရင် မီးခိုးတစ်လူလူနဲ့ ဒီဆိုင် လေးတွေကို မြင်ရပြီ။ဒီဆိုင်လေးတွေက ပြောင်းဖူးမီးဖုတ်က ရန်ကုန်မှာလိုမဟုတ်ဘူး။ အခွံ မခွာပဲ မီးဖုတ်ထား တဲ့ အတွက် အခွံခွာလိုက်တဲ့အခါ အနံလေးမွှေးနေတယ်။ ပိုပြီးနူးညံ့တယ်။ ရန်ကုန်မှာက မီးခိုး စော် နံတယ်။ မီးကျွမ်းတဲ့အပိုင်းတွေပိုများတယ်။ ပြောင်းဖူးတွေက ဒီနေ့ခုတ်၊ ဒီနေ့ မီးဖုတ်ရောင်းဆို တော့ လတ်ဆတ်ပြီး ချိုဆိမ့်နေတာပဲ။ နောက် နေ့ထားရင် အချိုပေါ့သွားလို့ စားမကောင်းContinue reading “ကျေးလက် ဘောဂဗေဒ”

ဂုံမင်းခုံ

ဂုံမင်းခုံ ( ဂုံမင်းခုန်လို့လည်းရေးတယ်။) ရွာက ပေါက်ခေါင်း – အုတ်တွင်းလမ်း မိုင်တိုင် ၃၈/ ၃ နားကနေ အထဲကို နှစ်ဖာလုံလောက် ဝင်ရတယ်။ ပေါက်ခေါင်း ဘက်ကလာရင် ညောင်ဝန်းရွာအလွန်ပေါ့။ ဂုံမင်းခုံ ကလည်း ညောင်ဝန်းအုပ်စုပါပဲ ၊အိမ်ခြေကတော့ ၁၉ ၀ ကျော်လောက်ရှိတယ်။ ။ ဂုံမင်းဂုံ ရွာ အဝင်လမ်းက အညာရွာတွေရဲ့ ရှုခင်းပါပဲ။ ရွာအဝင် ရွာဦးကျောင်းနဲ့ စေတီ၊ ပြီးတော့ စာသင် ကျောင်း။ ဂုံမင်းခုံရွာမှာ ရွာဦးကျောင်း သန္တိသုခ ကျောင်းတိုက်ကို ဆွမ်းပို့တဲ့စနစ်က နမူနာယူဖို့ကောင်း တယ်။ အရင်ကတော့ သံဃာတော်တွေက ဆွမ်းခံကြွ၊ ဒကာ၊ ဒကာမတွေကလည်း အဆင်ပြေ သလို ဆွမ်းလောင်းကြ၊ အလုပ်များလို့ ဆွမ်းမမီတာလည်းရှိ၊ ဆွမ်းရတာ များတဲ့နေ့များ၊Continue reading “ဂုံမင်းခုံ”