ဆူခိုထိုင်း ကနေ နန်မြို့ ကို အသွားလမ်းမှာတွေ့ခဲ့တဲ့ တစ်ကိုယ်တော် စက်ဘီးသမား
ပြင်သစ်နိုင်ငံသား အသက် ၆၅ နှစ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စက်ဘီးစီးနေတာ နှစ်လ ရှိပြီ။ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း စီးခဲ့တယ်။ ရှမ်းပြည်မြောက်ပိုင်းကို သွားချင်ပေမယ့် နယ်မြေမအေးချမ်းလို့ မသွားနိုင်ခဲ့ဘူး။
ထိုင်းနိုင်ငံမှာ စက်ဘီးစီးခရီးသွားရတာ
၁။ လမ်းတွေကောင်းတယ်။
၂။ ဟိုတယ်ခ၊အစားအသောက် ထိုင်းစားရင်လည်း ဒီဈေး၊ နိုင်ငံခြားသားစားရင်လည်း ဒီဈေးပဲ။
၃။ အင်တာနက်ကောင်းတယ်။
၄။ လုံခြုံစိတ်ချရတယ်။
၅။ ထိုင်းရဲတွေက နိုင်ငံခြားသားတွေ့ရင် ကူညီဖို့ အသင့်ရှိတယ်။ ( မြန်မာနိုင်ငံမှာ ငါ့ကိုတွေ့တာနဲ့ ရဲက ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ပတ်စ်ပို့ပြ ဆိုပြီး စစ်ဆေးတယ်။ )
သူ့စကားက မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တစ်ချို့ကို ပြောပြနေ သလိုပဲ။