ကျူး ကလော ၊ ကလော ကျူး

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ အတွင်းက ကလောပတ်ဝန်းကျင် မှာ တောတွင်း ခရီးကြမ်းလမ်း လေ ျှာက်ခဲ့တော့ ကလော သစ်တော ကြိုးဝိုင်းထဲက မြေဘုတ်ဘီလူးတွေအကြောင်း ကြားခဲ့ ရတယ်။ ဒါပေမယ့် ထူးဆန်းတာက အဲဒီ မြေဘုတ်ဘီလူးတွေအကြောင်း တိတိ ကျကျ ပြောစမ်းပါဆိုရင် ပြောမယ့်သူမရှိဘူး။ မြေဘုတ်ဘီလူးဖမ်းစားမှာကို ကြောက်နေကြတယ်။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ ကိုယ်တိုင်ပဲ မြို့ပတ်ဝန်းကျင်လှည့်လည်ပြီး မြေဘုတ် ဘီလူး ရှာပုံ တော်ဖွင့်ခဲ့တယ်။ ကလောမြို့ပတ်ဝန်းကျင်က ထင်းရှူးတောတွေဟာ ကလောမြို့ရဲ့ ကျက်သရေပဲ။ ကလောမြို့ထဲမှာ နဲ့ မြို့ပတ်ဝန်းကျင်မှာလည်း ကလောမြို့ကို ထင်းရှူးမြို့တော်အဖြစ် တည် ဆောက်ဖို့၊ ထင်းရှူးပင်တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ မေတ္တာရပ်ခံတဲ့ ဆိုင်းဘုတ်တွေ၊ ထင်းရှူးပင် တွေဟာ သစ်တောဥပဒေအရ အကာအကွယ်ပေးထားတဲ့ သစ်ပင်ဖြစ်တဲ့အတွက် ခုတ်လှဲရင်Continue reading “ကျူး ကလော ၊ ကလော ကျူး”

ဆင်တောင်

ကျွန်တော့်ခရီးစဉ်မှာ ခွေးရုပ်ဘူတာကနေ အပြန်အခရီးမှာ ဆင်တောင်ကို ခြေလျင်ပြန်သွားခဲ့ ရတယ်။ ဆင်တောင်ရောက်တဲ့အခါမှာတော့ ကားငှားပြီး မြင်းဒိုက်ဘူတာကို ပြန်ခဲ့တယ်။ ဆင်တောင်ရွာက အိမ်ခြေ လေးရာတစ်ဆယ်ရှိတယ်။ ပအိုဝ်း၊ တောင်ရိုး ၊ဓနု တိုင်းရင်းသားတွေနဲ့ ဂေါ်ရခါး လူမျိုးတွေများတယ်။ ဗမာတိုင်းရင်းသားအိမ်ထောင်စုက နှစ်ဆယ်ကျော်ပဲရှိတယ်။ ဆင်တောင်ရွာရဲ့ အဓိက လုပ်ငန်းက နနွင်း ( ဆနွင်း) စိုက်ပျိုးရေးပါ။ နနွင်းစိုက်တဲ့နေရာ အများစုက ဆင်တောင်ရွာ ပတ်ဝန်းကျင်မှာမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ သွားရင် နာရီဝက် ကျော်ကျော်၊ ခြေလျင်သွားရင် နှစ်နာရီကျော်သွားရတဲ့ ပေါင်းလောင်းချောင်းဦး ပတ်ဝန်းကျင် မှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ ပေါင်းလောင်းချောင်းဦး ဆိုတာ ပေါင်းလောင်းချောင်းအစ ကို ခေါ်တာပါ။ အဲဒီနေရာက တောင်ခြေ ဂူထဲကနေ ရေထွက်နေတာဖြစ်ပြီး တောင်ထိပ်မှာ စေတီတစ်ဆူရှိတယ်။ ချောင်းဦးနေရာနဲ့ ပေါင်းContinue reading “ဆင်တောင်”

မြင်းဒိုက်ဘူတာ

မြင်းဒိုက်ဘူတာ က ရွှေညောင်ဘူတာဘက်ကလာရင် ကလော အလွန်တစ်ဘူတာပေါ့။ ကလော ကနေ နန်းသဲကျေးရွာကို ဖြတ်ပြီး မြင်းဒိုက်ဘူတာ အထိ ကတ္တရာလမ်းအတိုင်း ကားနဲ့ သွားလို့ရ တယ်။ ကျွန်တော့်ခရီးစဉ်မှာ ရောက်ခဲ့တဲ့ မြင်းဒိုက်၊ ဆင်တောင်၊ ခွေးရုပ် ဘူတာသုံးခု ထဲမှာ မြင်းဒိုက်ဘူ တာက အဆောက်အဦ အများဆုံးပဲ။ ဘူတာရုံအပြင် ကိုလိုနီခေတ်လက်ရာ မီးခိုးခေါင်းတိုင် နဲ့ တည်ဆောက်ထားတဲ့ နေအိမ်တစ်လုံး၊ လေးခန်းတွဲလိုင်းခန်းတစ်လုံးရှိတယ်။ဒ့ါအပြင် အမိုး အုတ်ကြွပ်ပြားတွေမှာ ၁၉ ၅၃ လို့ရေးထား တဲ့ ဒီဘက်ခေတ် တန်းလျား နှစ်ခု ရှိတယ်။ မီးခိုးခေါင်းတိုင်နဲ့ အိမ်က ဘူတာရုံပိုင်အိမ်။ လေးခန်းတွဲက အရင်က စက်ခေါင်းမောင်းတွေ၊ တွဲ စစ်တွေနားတဲ့ရိပ်သာ၊ အခုတော့ အလုပ်သမားတန်းလျားဖြစ်နေပြီ။ အဖေကလည်း ဒီဘူတာမှာContinue reading “မြင်းဒိုက်ဘူတာ”

နီးနီး ဝေးဝေး ပညာရေး

မြင်းဒိုက်ကနေ ဆင်တောင်ကို ရထားသံလမ်းအတိုင်း သွားတော့ လမ်းမှာ ကျောင်းသူလေး တစ်ယောက်နဲ့တွေ့တယ်။ ဆယ်တန်းကျောင်းသူလေး။ ဆက်သွားတော့ နောက်ထပ် ကျောင်းသားသုံးယောက်၊ ကျောင်းသူတစ်ယောက်တွေ့တယ်။ ပထမတွေ့တဲ့ကျောင်းသူလေးနဲ့ တစ်ရွာတည်းပဲ။ ဆယ်တန်းနှစ် ယောက်ပါတယ်။ ကျန်တာက ရှစ် တန်း၊ ကိုးတန်းတွေ။ သူတို့ရွာကနေ မြင်းဒိုက် အထက်တန်း ကျောင်းကို နေ့စဉ်လမ်းလေ ျှာက်ပြီးလာရတယ်။ အသွားတစ်နာရီ၊ အပြန်တစ်နာရီ ကြာတယ်။ သူတို့ရွာမှာ အဲဒီလို ကျောင်းတက်နေတာ ရှစ်ယောက်ရှိတယ်တဲ့။ နီးနီးလေးရှိတဲ့ကျောင်းကို တက်သင့် မတက်သင့် အငြင်းပွားနေချိန်မှာ ၊ သူတို့လေးတွေကတော့ ဘယ်လောက်ဝေးဝေး ရောက်အောင်သွားပြီး ပညာဆည်းပူးနေဆဲပဲ။

အတိတ် ခရီးသည်

“ ရထားလမ်းအတိုင်း ခြေလျင်ခရီးနှင် ချင်တယ်ဗျာ” ။ ကျွန်တော့်စကားကို ကြားတော့ ဒေသခံ ဧည့်လမ်းညွှန်က နားမလည်နိုင်တဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်။ သူက သာစည်ကနေ ကလော ကိုရထားနဲ့လာတဲ့။ ဒါမှမဟုတ် ညောင်ရွှေကနေ ဆင်တောင်ကို ရထားနဲ့သွား၊ ဆင်တောင် မှညအိပ် ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို ခရီးလှည့်တဲ့နိုင်ငံခြားခရီးသွားတွေကိုပဲ ကြုံဖူးတာကိုး။ ကျွန်တော်ကတော့ မြင်းဒိုက် ဘူတာ ကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း လမ်းလေ ျှာက် ဖို့ ဆုံးဖြတ်ထားတာ။ ကျွန်တော်ငယ်ငယ်က အဖေ အောင်ပန်းမှာ တာဝန်ကျတော့ သာစည်- ရွှေညောင် ရထားကို အကြိမ်ကြိမ်စီးခဲ့ဖူးတယ်။ တောင်တက်လမ်းကို အသံကုန် အော်ပြီးတက်နေတဲ့ စက်ခေါင်းကြီးကို သနားဖူးတယ်။ လွန်းထိုးတွေမှာ ရထားကြီးကို ရှေ့နောက် အတက်အဆင်းတွေလုပ်နိုင်ဖို့ သံလမ်းတွေအပြောင်းအလဲလုပ်တာကို အံ့သြမဆုံး၊Continue reading “အတိတ် ခရီးသည်”

အဖြူရောင်ပင်လယ်ပြင်

ပင်းတယ ဘေဘီလုံ တောင်ပေါ် စခန်းမှာ ညအိပ်ခဲ့စဉ်က ပင်းတယ လွင်ပြင်ပေါ်မှာ တိမ်ပင်လယ် ဖြစ်တာကို မမြင်ခဲ့ရပေမယ့် ကလောရောက်ချိန်မှာ တိမ်ပင်လယ်ကို မြင်ခဲ့ရတယ်။ တကယ်တော့ မြူတွေ အုပ်ဆိုင်းလာပြီး ကလောမြို့လေးကို ဖုံးအုပ်သွားတာကို တောင်ပေါ်က စောင့်ကြည့်ရတာဖြစ်လို့ မြူလွင်ပြင်လို့ ခေါ်တာက ပိုမှန်မယ်ထင်ပါတယ်။ တိမ်ပင်လယ်ကို ကြည့်ဖို့အတွက် ကလောမြို့ကနေ အောင်ပန်းဘက် အထွက် မှာရှိတဲ့ “ကလောမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ် ဘေးကနေ အိုးစည် တောင်ပေါ်ကို တက်ရတယ်။ တောင်ထိပ်အထိ ကားတက်လို့ရတယ်။ လမ်းကျဉ်းတယ်။ အကွေ့အကောက်များတယ်။ တောင်ထိပ်မှာ စေတီ တစ်ဆူနဲ့ ဘုန်းတော်ကြီး ကျောင်းရှိတယ်။ ကားရပ်ဖို့ နေရာ ကျယ်ကျယ်ရှိတယ်။ တိမ်ပင်လယ်ကြည့်မယ့်နေရာက ကားရပ်တဲ့နေရာကနေ ဘုန်းကြီးကျောင်း နောက်ဘက်ထဲကို ဆင်းသွားရတယ်။ တောင်ကြောလေးအတိုင်းContinue reading “အဖြူရောင်ပင်လယ်ပြင်”

လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ

ကလော ပတ်ဝန်းကျင် နေ့ချင်းပြန် ခြေလျင်တောလမ်းခရီးအကြောင်းရေးတော့ View Point ဆိုတဲ့ ရှုခင်းသာလေးအကြောင်းရေးခဲ့တယ်။ အဲဒီ View Point ကနေ အနောက်ဘက်ကို လှမ်းကြည့်ရင် တောင်ကြောထိပ်မှာ စေတီတစ်ဆူကို ဖူးမေ ျှာ်ရတယ်။ အဲဒီ စေတီက ရွှေမင်းပုန်းစေတီတဲ့။ အဲဒီစေတီပတ်ဝန်းကျင် ရွာတွေက ပလောင် ရွာတွေ၊ ပလောင် တွေမနေခင်က ကရင်တိုင်းရင်းသားရွာတွေရှိတယ်။ နောက်တော့ ပျဉ်းမနား၊ တောင်ငူ၊ ညောင် လေးပင် ဘက်ကို ရွှေ့သွားတယ်လို့ ဆိုတယ်။ ကရင်အမျိုးသားသမိုင်း ( ၂၀၂၀ ဇွန် ) မှာတော့ ပျဉ်းမနား အရှေ့ ဘက် တောင်ပေါ်ဒေသတွေမှာ နေထိုင်တာဟာ ကရင်ဖြူ ( မဲပုကရင်) တွေ ဖြစ်တယ်၊ ၁၆ ရာစုထဲ ကContinue reading “လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ”

ထင်းရှုးမြိုင် ခရီးသွားတောလား

ပင်းဒယ တောင်ပေါ်၊ တောတွင်းလမ်းလေ ျှာက်ခရီးစဉ်တွေ အပြီးမှာ ကလောကို ဆက်ထွက် တယ်။ မူလအစီအစဉ်ကတော့ ပင်းဒယခရီးစဉ်ပြီးရင် ရန်ကုန်ပြန်ဖို့ပါပဲ။ ဒါပေမယ့် တောတွင်း လမ်းလေ ျှာက်ခရီးသွားရတာ အားမရသေးလို့ ကလောပတ်ဝန်းကျင်မှာ ခရီးဆက်ဖို့ ဆုံးဖြတ် ခဲ့တယ်။ ကလောပတ်ဝန်းကျင် မှာ တောတွင်းလမ်းလေ ျှာက်ခရီးစဉ် မျိုးစုံရှိတယ်။ ပင်းဒယ၊ အင်းလေး ဘက်ကို နှစ်ည အိပ်၊ သုံးညအိပ် သွားတဲ့ခရီးစဉ်တွေရှိသလို ကလောပတ်ဝန်းကျင်မှာပဲ နေ့ချင်း ပြန်လမ်းကြောင်း အတော်များများရှိတယ်။ ပင်းဒယ နဲ့ ယှဉ်လိုက်ရင်တော့ ကလောမြို့ ဟာ ပြည် တွင်းခရီးသွားဧည့်သည်တွေကြောင့် နည်းနည်းလှုပ်လှုပ်ရှားရှား ရှိပါသေးတယ်။ ကျွန်တော်ကတော့ ကလောပတ်ဝန်းကျင် မှာရှိတဲ့ သစ်တောကြိုးဝိုင်းနဲ့ တောင်ပေါ် ရွာတွေ ကို သွားတဲ့ နေ့ချင်းပြန်ခရီးစဉ်ကို ရွေးလိုက်တယ်။Continue reading “ထင်းရှုးမြိုင် ခရီးသွားတောလား”

နေမဝင်မီ

တောင်ပေါ်မြို့လေးရဲ့ မနက်ခင်းက အေးချမ်းလှသည်။ ညက တစ်စိမ့်စိမ့်ရွာနေသော မိုး တိတ်သွား ပြီ။ လူသံ ကားသံမကြားရ။ ဟိုတယ်ခြံစည်းရိုးတစ်နေရာမှာ ငှက်လေးတွေ တွတ်ထိုး နေသံကြားရသည်။ ပန်းခြံထဲက ပန်းပွင့်တွေမှာ မိုးရေစက်တွေ တွဲလွဲခိုနေသည်။ စင်္ကာပူမှာနေစဉ်ကတော့ မိုး ရွာပြီးစ ပန်းတွေ၊ သစ်ရွက်တွေ မှာ မိုးရေစက်လေးတွေတွဲလွဲခိုနေတာကို ဓာတ်ပုံရိုက်ပြီး “မိုး မနက်ခင်း” ဆိုပြီး ဓာတ်ပုံတွေတင်ခဲ့ဖူးသည်။ အခုတော့ မိုးမနက်ခင်းကို ဓာတ်ပုံရိုက်ချင်စိတ်မရှိ။ ရွာလိုက်၊ တိတ်သွားလိုက်၊ မရွာဘူးထင်ပေမယ့် ရွာလိုက်လုပ်နေသော တောင်ပေါ်မိုးကို ခံစားချင်စိတ် ကင်း မဲ့နေသည်။ ဟိုတယ်တစ်ခုလုံးတိတ်ဆိတ်နေသည်။ ဧည့်သည်တွေကလည်း အိပ်တုန်း၊ နောက်ဘက် မီးဖို ဆောင်ဘက်မှာတော့ နံနက်စာအတွက်ပြင်ဆင်နေသံတွေကြားရသည်။ နံနက်စာ စားဖို့ က စောနေသေးတော့ ဟိုတယ် ခြံဝင်း ရှေ့Continue reading “နေမဝင်မီ”

ထင်းရှူးမြိုင် (၉)

ကလောကို ပထမဆုံးအကြိမ်ရောက်ဖူးတာက ၁၉ ၆၄၊ ၁၉ ၆၅ ခုနှစ်တွေ။ အဖေသင်တန်းတက် တော့ ကျွန်တော်တို့မိသားစုတွေ လိုက်လာကြတာပေါ့။ နေတော့ ကြီးတော်ကြီးရဲ့ အိမ်မှာ နေရတယ်။ အိမ်ရှင်တွေကတော့ ရန်ကုန်မှာ ၊ ကလောမှာ နွေရာသီ အပူရှောင်ဖို့ဝယ်ထားတာပါ။ အိမ်က အရှေ့မြို့ပတ်လမ်း၊ အရှေ့ဘိုကုန်းလို့ခေါ်တဲ့နေရာမှာရှိတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ် အရာရှိတွေ၊ ကုန် သည်တွေရဲ့ အိမ်တွေရှိလို့ ဘိုကုန်းခေါ်တယ်ထင်တာပဲ။ အခုတော့ ရပ်ကွက် (၃) လို့သတ်မှတ်ထားတယ်ထင်ပါရဲ့။ အဲဒီအချိန်က မြို့ပတ်လမ်းမှာရှိတဲ့အိမ်တွေက ခြံကျယ်ကြီးတွေ၊ အိမ်ပုလေးတွေရှိသလို နှစ်ထပ် အိမ်မည်းကြီးတွေလည်းရှိတယ်။ ကျောက်တိုက်လို့ခေါ်တဲ့ ကျောက်ဆောင်တွေကြားမှာ ဆောက် ထားတဲ့အိမ်လည်းရှိတယ်။ အိမ်နံရံတွေမှာ သဘာဝကျောက်သားတွေထိုးထွက်နေတဲ့ အဲဒီအိမ် ကို အထူးအဆန်းအဖြစ်လာကြည့်သူတွေလည်းရှိတယ်။ ကျွန်တော်တို့နေရတဲ့ အိမ်က အိမ်ပုလေး။ တောင်စောင်းမှာ။ အိမ်အဝင်လမ်းကContinue reading “ထင်းရှူးမြိုင် (၉)”