လွန်ခဲ့တဲ့ (၇) နှစ် ၊ ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ရေကူးအသံလွှင့်ရုံစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အပြန်အလှန်ဆွေးနွေးခဲ့တဲ့ အကြောင်းတွေ ဖေ့စ်ဘွတ် မှာ အမှတ်တရ ပြန်တက်လာတယ်။ ရေကူးစီမံကိန်းတင်ဒါ အကျဉ်းချုပ်က ရေကူးစက်ရုံက မြန်မာ့အသံလှိုင်းတို၊ လှိုင်းလတ် ရေဒီယို ထုတ်လွှင့်မှုတွေအတွက် အဓိက သုံးတဲ့ စက်ရုံဖြစ်ပါတယ်။ ရေကူးအသံလွှင့်စက်ရုံကို စတင် တည်ဆောက်ချိန် ကတော အဲဒီနေရာက မြို့ပြင်ပဲ၊ ၂၀၁၅ ခုနှစ်ရောက်တော့ အဲဒီပတ်ဝန်းကျင်မှာ လူနေ အိမ်တွေ၊ အထပ်မြင့်တိုက်တွေဖြစ်လာတယ်။ ကျွန်တော်တို့ မီဒီယာပြုပြင်ပြောင်းလဲမှု တွေ အတွက် အကူအညီပေးနေပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း အဖွဲ့ဝင်အဖြစ် ပါဝင် နေတဲ့ Asia-Pacific Institute for Broadcasting Development,Continue reading “ရေကူးစီမံကိန်း၊လွှတ်တော်နဲ့ ကျွန်တော်”
Tag Archives: Hluttaw
မပြေးသော် ကန်ရာရှိ
ပြည်ခိုင်ဖြိုးပါတီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားပါတီတစ်ချို့ နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ အရ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုမယ်လို့ ပြောခဲ့တယ်။ ဒီတောင်းဆိုမှုဟာ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ ကျင်းပ ဖို့ ဖိတ်ကြားခြင်းမရှိဘဲ တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေကိုပဲ ၂၀၂၁ ဖေဖော်ဝါရီ လ ၁ ရက်နေ့ မှာကျင်းပဖို့ ဖိတ်ကြားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင် သန်း တို့ရဲ့ လုပ်ဆောင်ချက်ကြောင့်ပေါ်ထွက်လာရတာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ လုပ်ဆောင်ချက်က ပထမအကြိမ်လွှတ်တော် နောက်ဆုံး အစည်းအဝေးတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်အထိ ပြုလုပ်ခဲ့တဲ့ အစဉ်အလာကို ချိုးဖောက်လိုက်တဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော် ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပထမအကြိမ်လွှတ်တော် ရဲ့ နောက်ဆုံးအစည်းContinue reading “မပြေးသော် ကန်ရာရှိ”
ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့ရက်စွဲနဲ့ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆက်လက်ရပ်တည်ခွင့်မရှိကြောင်း နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာခဲ့တယ်။ ပုံ ၁ဒီကြေညာချက်ကြောင့် တစ်ချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် ကြတယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် လို့မရဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေအတိုင်းလုပ်ရမှာပဲ။ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ အချက်နှစ်ချက်ပါတယ်။ပထမအချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (ဃ) နဲ့ ငြိစွန်း တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ပုဒ်မ ၁၁ ပုဒ်မ ခွဲ (ဃ) ဆိုတာက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံContinue reading “ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ”
၂၀၁၆ ခုနှစ် အရည်အချင်းစစ် စာမေးပွဲမှာ တစ်မှတ်တောင်မရလို့ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် သတိပေးရတယ်ဆိုတဲ့ သတင်းလေး ပြန်တွေ့တော့လည်းအခြေခံဥပဒေပြင်ဆင်ရေးမှာ ပုဒ်မ ၄၀ (ဂ) နဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေး ဖို့ကျန်သွားတာ ဖြစ်နိုင်ပါတယ် ဆိုတဲ့ ဆင်ခြေကို လက်ခံ ရတော့မှာပဲ။
သိသွားပြီ
အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲ ၇၅% ကျော်ရဖို့ မလွယ်မှန်းသိပေမယ့် ပြည်သူလူထုရဲ့ သဘောထား ၊ လွှတ်တော်ကိုယ်စားလှယ် အားလုံ းရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ သိအောင် စမ်းသပ်တာပါလို့ အင်န်အယ်လ်ဒီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောတယ်။ ( ပုံ ၁) မနေ့က မဲခွဲတဲ့အချိန်မှာ ပြည်ထောင်စု ပြိုကွဲမယ့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲမယ့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးမယ့် အရေးပေါ် အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရယူသုံးစွဲခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မဲခွဲတဲ့အခါ ထောက်ခံ မဲ ၃၄၃ မဲပဲရခဲ့တယ်။ ( ပုံ ၂ နဲ့ ၃) သတင်းတွေအရ အဲဒီနေ့က လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်Continue reading “သိသွားပြီ”
တရားစွဲ မတဲ့လား
မနေ့ ( ဖေဖော်ဝါရီ ၂၇ ရက်) နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နာယက ဦးတီခွန် မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးတဲ့အခါ လွှတ်တော် ကိုယ်စားလှယ်များ ဂုဏ် သိက္ခာ နဲ့ ညီရန် လိုအပ်ပြီး အပြောအဆို လွန်လာပါက ဥပဒေအရ တရားစွဲဆို အရေးယူ နိုင်တယ် လို့ ပြောတဲ့ အကြောင်း သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ ပုံ ၁ နဲ့ ၂ အဲဒီသတင်းတွေအပေါ်မူတည်ပြီး လွှတ်တော်နာယကကြီးကတော့ ဘယ်သူ ၊ ဘယ်ဝါကို ဘယ် လို လုပ်လိုက်တော့မှာပဲ။ နောက်နေ့တွေမှာ လွှတ်တော်နာယကကြီး လက်မခံနိုင်တာကိုပြောရင် ဘာဖြစ်တော့မှာပဲ စသည်ဖြင့် မှတ်ချက်တွေဝေေ၀ဆာဆာ ရေးနေကြတာလည်းတွေ့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို လွှတ်တော်အတွင်း ဆွေးနွေးမှုတွေကြောင့် ဥပဒေအရ တရားစွဲလို့ ရတယ်ဆိုတာ မဟုတ်ပါဘူး။Continue reading “တရားစွဲ မတဲ့လား”
တိုက်တိုက်ဆိုင်ဆိုင်
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ဟာ ဥပဒေကြမ်းတစ်ခုကို မှားပြီးတင်သွင်းခဲ့တဲ့ အတွက်ကျွန်တော်က “ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သလိုနောက်ဆုံးဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။ သူ့ကို ပထမအကြိမ်လွှတ်တော်တုန်းက ဆုံဖူးတယ်။ အလွန်အလုပ်လုပ်နိုင်တဲ့၊ အလွန်တက်ကြွတဲ့ ပုဂ္ဂိုလ်ပါ။အလုပ်တွေများလို့ ဆွေးနွေးရမယ့် ဥပဒေကြမ်းလွဲသွားတာထင်တယ်။ အခြေခံဥပဒေဥပဒေပြင်ဆင်ရေးမှာတော့ ပုဒ်မတွေ၊ ဥပဒေတွေ လွဲလို့မဖြစ်ဘူး။” လို့ သတိပေးခဲ့ ဖူးတယ်။ ပုံ ၁ နဲ့ ၂ တိုက်တိုက်ဆိုင်ဆိုင် တစ်နှစ် ပြည့်ဖို့ တစ်ရက်အလို ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပေ ဒ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့အခါ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေတင်သွင်းတဲ့Continue reading “တိုက်တိုက်ဆိုင်ဆိုင်”
ပြည်ထောင်စုလွှတ်တော်ထဲမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ကန့်ကွက်ချက်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက ကြီးရဲ့ တုန့်ပြန် ဆောင်ရွက်ချက် ဗီဒီယို ဖိုင်ပါ။ ဒီဗီဒီယိုဖိုင်မှာ ဘေးက ပုဂ္ဂိုလ်တစ်ဦးရဲ့ အကြံပေးချက်အသံတွေနဲ့ အကြံပေးချက်တွေအပေါ် နာယကကြီးရဲ့ တုန့်ပြန်မှုတွေကလည်း စိတ်ဝင်စား ဖို့ ကောင်းတယ်။ တပ်မတော်က တင်သွင်းတဲ့ အခြေခံဥပဒေဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ရုံးရဲ့ အားနည်းချက်ကြောင့် တစ်ပိုဒ်လုံး ကျန်ခဲ့တယ်ဆိုတာလည်း အံ့သြ ဖို့ကောင်းပါတယ်။
မသိဘူး စီးမယ် (၂)
ဒီဇင်ဘာလ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲများနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်များရဲ့ ခရီးစဉ်မှာ အသုံးပြုဖို့အတွက် ကျည်ကာ ယာဉ် ခြောက်စီး ကို အခွန်ကင်းလွတ်ခွင့်ပြုဖို့ အစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက တင်ပြခဲ့တယ်။ (ပုံ ၁)ဒုဝန်ကြီးရဲ့ တင်ပြချက်အရ ကားခြောက်စီးအတွက် ဒေါ်လာ ၇ သိန်းကျော် ကုန်ကျမယ်။ အဲဒီ ကား တွေကို ဥပဒေနဲ့ အညီ အခွန်ပေးရရင် နောက်ထပ် ဒေါ်လာ လေးသိန်းကျော် ထပ်ကုန်မယ်။ ဒါ့ကြောင့် အခွန်ကင်းလွတ်ခွင့်ပေးဖို့တင်ပြရတာဖြစ်တယ်လို့ သိရပါတယ်။အဲဒီလို ကျည်ကာယာဉ် ( Bullet Proof ) ကို ၂၀၁၄ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အသုံးပြုဖို့အတွက် ဝယ်ခဲ့ဖူးတယ်။ အဲဒီလို ဝယ်ယူမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနဲ့ လွှတ် တော်ကြားမှာContinue reading “မသိဘူး စီးမယ် (၂)”
ငလျင်
ငလျင်လှုပ်ပြီ ဆိုရင် ဒီလွှတ်တော်ကိုယ်စားလှယ်ကြီးကို သတိရမိတာ ကိုယ်တစ်ယောက်ထဲပဲလား