ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြတဲ့အခါ ၀ ပြည်နယ် ဖွဲ့စည်းရေး ကိစ္စ အကြောင်းလည်း ပါလာတယ်။ တကယ်တော့ ၀ တိုင်းရင်းသားတွေသာမဟုတ်ဘူး။ အနာဂတ်မှာ ပြည်နယ် မရသေးတဲ့ အခြား တိုင်းရင်းသားတွေကလည်း ပြည်နယ်အဆင့် တောင်းဆို တာတွေလည်း ရှိလာနိုင်တာပဲ။ ပြည်နယ်အသစ်ဖွဲ့စည်းရေးလို့ ပြောတဲ့အခါ ဘယ်တိုင်းရင်းသားတွေက ပြည်နယ် ရသင့်တယ်၊မရ သင့်ဘူးဆိုတာ မပြောခင် လက်ရှိအချိန်မှာ အတည်ဖြစ်နေဆဲ ၂၀၀၈ အခြေခံဥပဒေမှာ ပြည်နယ် အသစ် ဖွဲ့စည်း ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြဋ္ဌာန်းချက်တွေရှိသလဲ၊ဘယ်သူ တွေက ပြည်နယ် အသစ်ဖွဲ့စည်းရေးကို ဆုံးဖြတ်ခွင့်ရှိသလဲဆိုတာ အရင်သိထားသင့်တယ်လို့ ထင် ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်ဖွဲ့စည်းမှုက ၁၉ ၇၄ အခြေခံဥပဒေပါ သတ်မှတ် ချက်အတိုင်းပဲဖြစ်ပါတယ်။Continue reading “ပြည်နယ်အသစ်နဲ့ ၂၀၀၈”
Tag Archives: Constitution
သိသွားပြီ
အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲ ၇၅% ကျော်ရဖို့ မလွယ်မှန်းသိပေမယ့် ပြည်သူလူထုရဲ့ သဘောထား ၊ လွှတ်တော်ကိုယ်စားလှယ် အားလုံ းရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ သိအောင် စမ်းသပ်တာပါလို့ အင်န်အယ်လ်ဒီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောတယ်။ ( ပုံ ၁) မနေ့က မဲခွဲတဲ့အချိန်မှာ ပြည်ထောင်စု ပြိုကွဲမယ့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲမယ့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးမယ့် အရေးပေါ် အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရယူသုံးစွဲခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မဲခွဲတဲ့အခါ ထောက်ခံ မဲ ၃၄၃ မဲပဲရခဲ့တယ်။ ( ပုံ ၂ နဲ့ ၃) သတင်းတွေအရ အဲဒီနေ့က လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်Continue reading “သိသွားပြီ”