လွန်ခဲ့တဲ့ နှစ်နှစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို မှာ “ မုန်တိုင်းစဲချိန်” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပြီး အခုလို တိုက်တွန်းခဲ့တယ်- xxxပြိုင်ပွဲမစခင် မန်နေဂျာတွေ၊ နည်းပြတွေ၊ ကစားသမားတွေ၊ အားပေးထောက်ခံသူတွေ အမျိုးမျိုး ပြောလို့ရတယ်။ ဒါပေမယ့် ပြိုင်ပွဲစပြီဆိုရင်တော့ ကစားသမားတွေကသာ ပြိုင်ပွဲစည်းမျဉ်းနဲ့ အညီ ယှဉ်ပြိုင်၊ ဒိုင်လူကြီးကလည်း ပြိုင်ပွဲစည်းမျဉ်း နဲ့အညီဆုံးဖြတ်ရမှာပါ။ အငြင်းပွားရင်လည်း ပြိုင်ပွဲ စည်းမျဉ်းနဲ့အညီ စောဒကတက်ကြဖို့ပဲရှိပါတယ်။xxxx ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်း၊ ရွေးကောက်ပွဲ ပြဿနာကို ရွေးကောက် ပွဲ ဥပဒေ နဲ့ မဖြေရှင်း တဲ့အတွက် မုန်တိုင်းမစဲဘဲ ၊ မိုးကြိုးမုန်တိုင်းနဲ့ ကြုံခဲ့ ရတယ်။ ဒီမိုကရေစီအရွေ့Continue reading “မုန်တိုင်းစဲချိန်”
Tag Archives: 2020election
တစ်ခါက ပြောခဲ့သမ ျှ
အခုတစ်လော ကျွန်တော့ ခရီးသွား ဆောင်းပါးတွေ၊ အက်ဆေးတွေအောက်မှာ မှတ်ချက် ရေးသူတစ်ချို့က “ ပြည်ခိုင်ဖြိုး ကိုတော့ မဝေဖန်ခဲ့ဘူး” လို့ ရေးသလို ရွေးကောက်ပွဲ မတိုင်ခင်က “ NLD ကို ဝေဖန်ခဲ့ပြီး အခုမှ ဘက်ပြောင်းတယ်” စသည်ဖြင့် မှတ်ချက်ရေးကြ တယ်။ အဲဒီမှတ်ချက်တွေကို ဖတ်ရတော့ ရွေးကောက်ပွဲအလွန် ၁၁ နိုဝင်ဘာ ၂၀၂၀ ရက်နေ့မှာ 7 Day TV က ကိုသီဟ နဲ့လုပ်ခဲ့တဲ့ အမေးအဖြေ အစီအစဉ်ကို သတိရမိတယ်။ အဲဒီအချိန်ကလည်း ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီက ပြောနေတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘူးဆိုတဲ့ မူဝါဒ ကို သဘောမတူကြောင်း ဖေ့စ်ဘွတ်ပေါ်မှာရော၊ မီဒီယာတွေ့ဆုံဖြေကြားမှုတွေမှာ ပြောနေတဲ့ အချိန် ဖြစ်တော့Continue reading “တစ်ခါက ပြောခဲ့သမ ျှ”
၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ထုတ်ေ၀ ဖြန့်ချိ ဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းကြောင်းသော အကြောင်းများကြောင့် ကြန့်ကြာနေတဲ့စာအုပ်။ ဒီနေ့ ( ဇူလိုင် ၆ )ရက်နေ့မှာ စတင်ဖြန့်ချိပါပြီ။ City Mart စာအုပ်ဆိုင်တွေမှာတော့ ဇူလိုင် ၁၁ နောက်ပိုင်းမှ ရောက်မယ်လို့သိရပါတယ်။ ဒီစာအုပ် မှာ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲ နေ့ နဲ့ ရွေးကောက်ပွဲလွန်ကာလ ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါးတွေ၊ မီဒီယာတွေကို ဖြေကြားခဲ့တဲ့ အမေး/အဖြေတွေကို စုစည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် မှာရေးခဲ့တဲ့ အချိုးကျရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကိုလည်း ပြန်လည် စုစည်းဖော်ပြထားပါတယ်။ ရွေးကောက်ပွဲအကြိုကာလ မှာ ရေးခဲ့၊ပြောခဲ့တာတွေက ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုContinue reading “၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ”