မဇ္ဈိမ စကားဝိုင်း (၅)

ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တို့ ပင်တိုင်ဆွေးနွေးသူ သုံးယောက်အပြင် ဆရာမုံရွာအောင်ရှင်၊ ကိုမြအေး တို့ပါ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကတော့ ဦးဇော်ဌေး အစပျိုးလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ အကြောင်းပါပဲ။ ကျွန်တော့်ကို မေးတဲ့မေးခွန်းကတော့ “ အမျိုးသားညီညွတ်ရေးအစိုးရ လိုအပ်သလား၊ လိုအပ်တယ်ဆိုရင် ဘယ်လိုပုံစံဖြစ်သင့်လဲ ၊ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး ဘယ်လိုဖြစ်သင့်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော့်အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ( အချိန်ကန့်သတ်ချက်ကြောင့် မပြော နိုင် လို့ ချန်ထားခဲ့ပြီး အခုမှ ထပ်ဖြည့်ပြောတဲ့အချက်များကို ( ) ဖြင့်ဖော်ပြထားပါတယ်။ ) ၁။ အမျိုးသားညီညွတ်ရေးဘာ့ကြောင့်လိုအပ်လဲဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုဟာ အဓိက ကျတဲ့အုပ်စုတွေကြားမှာ ညီညွတ်ရေးမတည်ဆောက်နိုင်လို့ ဖြစ်ခဲ့ တာ။ ဒါ့ကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်Continue reading “မဇ္ဈိမ စကားဝိုင်း (၅)”

မဇ္ဈိမ စကားဝိုင်း (၄)

ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ စကားဝိုင်းအစမှာ ရှမ်းပြည်နယ်လွှတ်တော်အကြောင်း ဆွေးနွေးခဲ့ တယ်။ ရှမ်းပြည်နယ်လွှတ်တော်က ၂၀၁၅-၂၀၂၀ ကာလမှာ ( ကျွန်တော့် မှတ်တမ်းအရ) ပြည်ခိုင်ဖြိုး ၃၁ ၊ SNLD ၂၈၊ NLD ၂၅၊ ကျန်ပါတီ ငယ်များ ၂၃ ( ရေးရာ ဝန်ကြီးများအပါအဝင်) နဲ့ တပ်မတော်သား ၃၆ ရှိတယ်။ အဓိက ကတော့ ဘယ်ပါတီကမှ အများစုရမထားဘူး။ မ ျှခြေ ဖြစ် နေတဲ့အနေအထားပေါ့။ အခု လည်း ပြည်ခိုင်ဖြိုး လေ ျှာ့သွား ပေမယ့် SNLD နဲ့ NLD အပြိုင်ဖြစ်မယ့်အခြေအနေဖြစ်နေတယ်။ ကျွန်တော့်ကို မေးတဲ့မေးခွန်းက ရှမ်းပြည်နယ်လွှတ်တော်က ဘာတွေလုပ်သင့်လဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။Continue reading “မဇ္ဈိမ စကားဝိုင်း (၄)”

မ ဇ္ဈိမ စကားဝိုင်း (၃)

ဒီနေ့ စကားဝိုင်းမှာ နောက်ထပ်မေးခံရတဲ့မေးခွန်းကတော့ “ NLD ကဘာ့ကြောင့် အများမေ ျှာ်မှန်းထားတာ ထက်ပိုနိုင်ခဲ့ ရသလဲဆိုတဲ့မေးခွန်းပါ။ ကျွန်တော့်အဖြေအကျဉ်းချုပ်က အောက်ပါအတိုင်းဖြစ်ပါတယ်။ ပထမပိုင်းက အင်န်အယ်လ်ဒီပါတီအပိုင်းဖြစ်ပါတယ်။ အင်န်အယ်လ်ဒီပါတီက ကိုဗစ် ရောဂါ ဖြစ်ပွားမှု အပါအဝင် အကိုင်အတွယ်မတတ်ရင် ကိုယ့်အတွက် ဒုက္ခရောက်နိုင်တဲ့အခြေအနေ အားလုံးကို ကိုယ့်အတွက် အကျိုးရှိအောင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်သွားတယ်။ ဒေါ်အောင်ဆန်း စုကြည် ရဲ့ နိုင်ငံရေးအရှိန်အဝါ အားသာချက်အားလုံးကို အပြည့်အဝအသုံးချသွားတယ်။ ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် လူမှုှုကွန်ယက်ကို ထိထိရောက်ရောက် အသုံးချတယ်။ ဒီရွေး ကောက်ပွဲမှာ မနိုင်ရင်မဖြစ်ဘူး ဆိုတာကို ပါတီဝင်တွေ၊ ဝန်းရံသူတွေ သိအောင် လှုံ့ဆော် နိုင်တယ်။ ဒုတိယပိုင်းက ပြည်ခိုင်ဖြိုးနဲ့တပ်မတော်တို့ရဲ့ အားနည်းချက်အပိုင်းဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီရဲ့ ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုတွေထဲမှာ အဓိကContinue reading “မ ဇ္ဈိမ စကားဝိုင်း (၃)”

မ ဇ္ဈိမ စကားဝိုင်း (၂)

ဒီမနက်စကားဝိုင်းမှာ ဒုတိယမေးခံရတဲ့မေးခွန်းကတော့ ကိုဗစ် က ရွေးကောက်ပွဲ အပေါ် ဘယ် လောက်အကျိုးသက်ရောက်သလဲ ဆိုတဲ့မေးခွန်းပါ။ ကျွန်တော်က ပထမဆုံးအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် အကျိုးသက်ရောက်မှုကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့သက်ဆိုင်တဲ့အတွက် မပြောလိုဘူးလို့ ဖြေတယ်။ ကိုဗစ် နဲ့ပတ်သက်တဲ့ငွေကြေးထောက်ပံ့မှုတွေက မဲဆွယ်မှုကို အကျိုးသက်ရောက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကျွန်တော်အဖြေအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ် – ၁။ ငွေကြေး၊ ပစ္စည်းထောက်ပံ့မှုကြောင့် အင်န်အယ်လ်ဒီ ကိုမဲပေးတယ်ဆိုတာက ရာခိုင် နှုန်း အနည်းစုပဲဖြစ်တယ်။ ၂။ သဘာဝဘေး၊ ရောဂါ ကပ်ဘေးတွေနဲ့ရင်ဆိုင်ရချိန်မှာ အစိုးရစွမ်းဆောင်မှုကို ပြည်သူတွေက အကဲဖြတ်လေ့ရှိတယ်။ ဒီလိုကပ်ဘေးတွေကို ရင်ဆိုင်ရချိန်မှာ အစိုးရက ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်ရသလို စိတ်ပိုင်းဆိုင်ရာ စာနာမှု၊ ကြင်နာမှု၊နားလည်မှုတွေကိုလည်း ပြရ တယ်။Continue reading “မ ဇ္ဈိမ စကားဝိုင်း (၂)”

မ ဇ္ဈိမ စကားဝိုင်း (၁)

၂၀၂၀ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ Mizzima Election Live Commentary မှာ နိုဝင်ဘာ ၈ ရက်က စပြီး တစ်နေ့လေးကြိမ် (မနက် ၁၀ နာရီ၊ နေ့လယ် ၂ နာရီ ၊ ညနေ ၄ နာရီ နဲ့ ၄ နာရီ ၄၅ မိနစ်) လေးကြိမ်ပါဝင်ဆွေးနွေးနေပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ဆွေးနွေးသွား မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ စကားဝိုင်းကတော့ ပါတီတွေ အနိုင်ရမယ့် အခြေအနေကို အဓိက ထားပြီး သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးသူ ကျွန်တော်၊ ဆရာမ မသီတာ (စမ်းချောင်း) နဲ့ ကိုစိုင်းထွန်းလွင် တို့ အားလုံးက အင်န်အယ်လ်ဒီContinue reading “မ ဇ္ဈိမ စကားဝိုင်း (၁)”

ထူးခြားတဲ့ ဝန်ကြီးချုပ်

အင်န်အယ်လ်ဒီ ဝန်ကြီးချုပ်တွေထဲမှာတော့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ထူးခြား တဲ့လူတစ်ယောက်ပဲ အခု ရေတာရှည်မြို့နယ် မြို့လှမြို့မှာ မဲဆွယ်စည်းရုံးရေးဆင်းရင်းနဲ့ ဒေသခံတွေကို ပိုက်ဆံတွေ ဝေနေတဲ့ ဗီဒီယိုဖိုင်တက်လာတယ်။ ဒါပေမယ့် အဲဒါ ပိုက်ဆံဝေတာမဟုတ်ဘူးတဲ့၊ ကလေး တွေ ဗိုလ်ချုပ်ပုံမြင်ဖူးအောင် ၅၀၀ တန်တွေဝေပေးတာဆိုပဲ ( ပုံ ၁) ဒါ့ကြောင့် အင်န်အယ်လ်ဒီ ဝန်ကြီးချုပ်ဦးဝင်းသိန်းရဲ့ ထူးခြားချက်လေးတွေကို လိုက်ရှာတော့ အခု လိုတွေ့ရတယ်။ • စဉ့်လုပ်ငန်းရှင်တွေကို နူကလီယာဓာတ်ပေါင်းဖို ထုတ်လုပ်နိုင်ဖို့ ကြိုးစားခိုင်းခဲ့ ဖူးတယ။် ( ပုံ၂)• တပ်မတော်က အာဏာသိမ်းဖို့ အတွက် ပြည်သူတွေက ဖန်တီးနေတာ မဟုတ်ဘူး လား လို့ ပြောခဲ့တယ်။ ( ပုံ ၃)• ဝန်ထမ်းအိမ်ရာမရှိတာကောင်းတယ်၊ ဆရာ၊ဆရာမတွေContinue reading “ထူးခြားတဲ့ ဝန်ကြီးချုပ်”

လွတ်လပ်ပြီး တရားမ ျှတသော ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီအများစု အနိုင်ရမလဲ ဆိုတာလည်း အရေးကြီးပါတယ်။ အဲဒီထက် ပိုပြီးအရေးကြီးတာက ပြည်သူအများစု၊ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်သူ အများစု နဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမ ျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို လက်ခံ ဖို့ ဖြစ် ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ ဆောင်ရွက်ချက်များ၊ မဲပေးတဲ့နေ့ အငြင်းပွားဖွယ် ကြိုတင်မဲကိစ္စတွေ ကြောင့် နံမည် ပျက်ခဲ့ရတယ်။ အဲဒီအကျိုးဆက်အဖြစ် ဦးသိန်းစိန်အစိုးရက တရားဝင်မှုရဖို့၊ လူထုထောက်ခံမှု ရဖို့၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတည်ဆောက်နိုင်ဖို့ ဆိုတဲ့ လုပ်ငန်းတွေမှာ အခက် အခဲအများကြီးတွေ့ခဲ့ရတယ်။ ပုံရိပ်ဆိုးကို ကျော်လွှားနိုင်ဖို့ အများကြီးကြိုးစားခဲ့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲက ရွေးကောက်ပွဲအကြိုContinue reading “လွတ်လပ်ပြီး တရားမ ျှတသော ရွေးကောက်ပွဲ”

မုန်တိုင်းစဲချိန်

မိုးကြိုးပစ်ခတ်၊ လ ျှပ်စီးတွေ ဝင်းလက်၊ လေပြင်းတိုက်ခတ်၊ မိုးသီးမိုးပေါက်တွေ သွန်းဖြိုးတဲ့ မိုးသက်မုန်တိုင်း ပြီးဆုံးသွားတဲ့အခါ အားလုံးတိတ်ဆိတ်သွားတော့တယ်။ နောက်တော့ တိမ်တွေကြားက နေရောင်ခြည်တွေဖြာဆင်းလာတယ်။ မုန်တိုင်းကြောင့် ဘေးကင်းရာမှာ ခိုလှုံနေ ရတဲ့ ကျေးငှက်လေးတွေရဲ့ အသံတွေပြန်ကြားလာရပြီ။ သစ်ရွက်တွေပေါ်မှာ ခိုနားနေတဲ့ မိုးရေစက် တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လှပ စိမ်းစိုလတ်ဆတ်နေတယ်။ မကြာခင်က အလွန်ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်သွားတယ်ဆိုတာ ယုံနိုင်စရာမရှိဘူး။ ရွေးကောက်ပွဲ အကြိုနေ့မှာ မဲဆွယ်စည်းရုံးမှုတွေ အားလုံးရပ်ဆိုင်းလိုက်တာဟာလည်း မဲဆွယ် မုန်တိုင်းကြီး ရပ်သွားတဲ့ သဘောပါပဲ။ မုန်တိုင်းထဲမှာ ပြေးလွှားနေခဲ့သူတွေ၊ မုန်တိုင်းရန်ကြောင့် ဘေးကင်းရာမှာ ခိုလှုံနေခဲ့သူတွေအားလုံး ငြိမ်သက်အေးချမ်းမှုကို ခံစားရမယ့် အချိန်ပေါ့။ ဒီနေ့ဟာ အမုန်း ပွား ရမယ့်နေ့၊ ရင်ပူရမယ့်နေ့မဟုတ်ဘူး။ ဆုံးဖြတ်ထားပြီးတာတွေ ပိုခိုင်မာရမယ့်နေ့၊ မဆုံးဖြတ်ရContinue reading “မုန်တိုင်းစဲချိန်”

ပျားရည် နဲ့ ဝမ်းချ

နိုဝင်ဘာ ၄ ရက်နေ့ သမ္မအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက၂၀၂၀ ရွေးကောက်ပွဲ လွန်ကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government လိုမျိုး ပေါ် ထွက် လာနိုင်ပါတယ် လို့ ပြောလိုက်တာ အတော်ဂယက်ရိုက်သွားတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေကြားမှာလည်း အင်န်အယ်လ်ဒီပါတီက တိုင်းရင်းသားပါတီတွေ နဲ့ ပေါင်းပြီး အစိုးရဖွဲ့တော့မှာလားဆိုတဲ့ မေ ျှာ်လင့်ချက်တွေလည်း ပေါ်လာပါတယ်။ ကျွန်တော်ကတော့ ဦးဇော်ဌေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ စကားကို ရွေးကောက်ပွဲ အကြိုကာလမှ အင်န်အယ်လ်ဒီပါတီ အခြေအနေကောင်းအောင် ရည်ရွယ်ပြောဆိုလိုက် တာများ လားလို့ သံသယဖြစ်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၁။ အင်န်အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အဲဒီလို ဖွဲ့မယ်ဆိုတာနဲ့ ပတ်သက်လို့ သူဘာမှ မသိဘူး။ ပါတီမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့မူပဲ ရှိပါတယ် လို့ မီဒီယာကိုContinue reading “ပျားရည် နဲ့ ဝမ်းချ”

သင်္ဃန်းကျွန်း အတွက် ဦးသိန်းညွန့်

ဦးသိန်းညွန့် လွှတ်တော်ကိုယ်စားလှယ်ဘ၀ ( ၂၀၁၁ – ၂၀၁၆) မှာ သင်္ဃန်းကျွန်းမြို့နယ် အတွက် မြို့နယ်အတွင်းလမ်းတွေ ကောင်းဖို့၊ ရပ်ကွက်တွေမီးအားမှန်ဖို့အတွက် ထရန်စဖော်မာတွေရဖို့၊ ပျံကျဈေးသည်တွေ နေရာရဖို့ ၊ သင်္ယန်းကျွန်းဆေးရုံကြီး ကုတင် ၅၀၀ အဆင့်ဖြစ်ဖို့ လုပ်ပြ ခဲ့တယ်။ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်ကို မြို့နယ်အတွက် ထိထိရောက်ရောက် သုံးခဲ့ တယ်။ ဦးသိန်းညွန့်က မြို့နယ်အတွက် အလုပ် လုပ်သလို တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စ တွေမှာ အစိုးရကို ရဲရဲဝံ့ဝံ့ မေးခွန်းမေးခဲ့၊အဆိုတင်ခဲ့တယ်။ အစိုးရကို မကြောက်သလို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကိုလည်း မကြောက်ဘူး။ သူယုံကြည်တဲ့အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ သူလွှတ်တော်ကိုယ်စားလှယ်ဘဝမှာ ဝန်ကြီးဌာနတွေကို မေးခွန်းပေါင်း ၁၄၃ ခုမေးခဲ့တယ်၊ အစိုးရကို တိုက်တွန်းတဲ့ အဆိုContinue reading “သင်္ဃန်းကျွန်း အတွက် ဦးသိန်းညွန့်”