စာချွန်တော် နဲ့ ရွေးကောက်ပွဲကော်မရှင်

ကျွန်တော်ရေးတဲ့ “ဒိုင်လူကြီးရဲ့ တာဝန်” ဆိုတဲ့ဆောင်းပါးမှာ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံ ဘူး၊ ရွေးကောက်ပွဲအသစ်ပြန်လည်းကျင်းပပေးရမယ်ဆိုတာ ဥပဒေနဲ့မညီဘူး။ ဒါပေမယ့် ရွေး ကောက်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုများနဲ့ပတ်သက်ပြီး ကော်မရှင် ရဲ့ လုပ်ဆောင်ချက်မှန်ကန်ကြောင်းပြန်ရှင်းပြသင့်တယ်။ ကိုယ်စားလှယ်များက ဥပဒေ ကန့်ကွက် လွှာ တင်သွင်းနိုင်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေတောင်းခံလာတဲ့အခါ ဥပဒေအရ ပေးသင့် တဲ့ စာရွက်စာတမ်းတွေကို ပေးရမယ်လို့ အကြံပြုရေးသားခဲ့တယ်။ ဆိုလိုတာက အခြေခံဥပဒေအရ မဲပေးခြင်း၊မဲစာရင်းပြုစုခြင်း စတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်က အတည်ပဲ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိတဲ့ ကော်မရှင်ဆိုရင် အဲဒီဆုံးဖြတ်ချက် ဘာ့ကြောင့်မှန်ကန်တယ်ဆိုတာကိုတော့ ရှင်းပြနိုင်ရမယ်။ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ရှင်းပြပေမယ့် လက်မခံဘူးဆိုရင် ဥပဒေအရ တုန့်ပြန် ဆောင်ရွက် သင့်ရင်ဆောင်ရွက်ရမယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာContinue reading “စာချွန်တော် နဲ့ ရွေးကောက်ပွဲကော်မရှင်”

ရခိုင်ပြည်နယ် ရွေးကောက်ပွဲအလားအလာ

ရွေးကောက်ပွဲအကြိုကာလ ရခိုင်ပြည်နယ် မြို့နယ်ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်က အငြင်းပွားမှုတွေ ၊ ဝေဖန် မှုတွေ အများကြီးပေါ်ပေါက်စေခဲ့တယ်။ ရွေးကောက်ပွဲလွန်ကာလမှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့တဲ့မြို့နယ် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ ပြန်လုပ်သင့်၊ မသင့်၊ ဥပဒေအရ လုပ်လို့ရ၊ မရ ဆွေးနွေးမှုတွေပြန်ပေါ်လာပြန် တယ်။ ရွေးကောက်ပွဲ လား၊ ကြားဖြတ်ရွေးကောက်ပွဲလား နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ULA/ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိ တဲ့ မြို့နယ်များမှာ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သောတည်ငြိမ်တဲ့အခြေအနေ တစ်ရပ်ဖန်တီးနိုင်ဖို့ အတွက် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နဲ့ သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း သတင်းထုတ်ပြန်ခဲ့တယ်။ တပ်မတော်ကလည်းContinue reading “ရခိုင်ပြည်နယ် ရွေးကောက်ပွဲအလားအလာ”

သက်တန့်ရောင်စုံ နယူးဇီလန်

ပါတီစုံ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အင်အားနည်းအုပ်စုတွေ ဖြစ် တဲ့ အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသားတွေ၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ LGBTQ တွေ ဥပဒေပြုလွှတ်တော်ထဲမှာ ဘယ်လောက်ပါဝင်သလဲဆိုတာကို အလေးထားသုံးသပ်လေ့ရှိ တယ်။ ကိုယ်စားပြုမှုများပြားစုံလင်တယ်ဆိုရင် အဲဒီလွှတ်တော်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အုပ်စု အားလုံးရဲ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပေးနိုင်တယ်လို့ ယေဘုယျ သတ်မှတ်ကြ တယ်။ ၂၀၂၀ အောက်တိုဘာလ မှာကျင်းပခဲ့တဲ့ နယူးဇီလန်နိုင်ငံရွေးကောက်ပွဲကနေပေါ်ထွက်လာတဲ့ လွှတ်တော်ကတော့ ကမ္ဘာပေါ်မှာ ကိုယ်စားပြုမှုအစုံလင်ဆုံး လွှတ်တော်တစ်ခုဖြစ်တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့ CNN သတင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒေသခံတိုင်းရင်းသားများ ၁၈၄၀ ပြည့်နှစ် အင်္ဂလိပ်တွေ သိမ်းပိုက်ကိုလိုနီ မပြုခင်အထိ နယူးဇီလန်နိုင်ငံလို့ဖြစ်လာမယ့် ကျွန်းတွေမှာ အခြေချနေထိုင်သူတွေက မောဝ်ရီ Māori လို့ခေါ်တဲ့ ဒေသခံတိုင်းရင်းသားတွေ ဖြစ် ပါတယ်။ ဒါပေမယ့် ၁၈၅၂ ခုနှစ်Continue reading “သက်တန့်ရောင်စုံ နယူးဇီလန်”

ဒိုင်လူကြီးရဲ့ တာဝန်

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေးပါတီများ၊ ပါတီထောက်ခံသူများ အကြား ပြိုင် ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့အတွက် ပြည်သူလူထုက ရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေများခဲ့ကြတယ်။ ရွေးကောက်ပွဲအလွန်ကာလမှာလည်း ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူး၊ ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပပေးရမယ်ဆိုတဲ့တောင်းဆိုချက်တွေကြောင့် ပြည်သူလူထုကြားမှာ စိုးရိမ်စိတ် ရော၊ ဒေါသတွေပါ မြင့်တက်ခဲ့တယ်။ ဒီအခြေအနေကို ကုစားနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေမှာတာဝန်ရှိသလို ဦးလှသိန်း ကော်မရှင်မှာလည်းတာဝန်ရှိတယ်။ ကန့်ကွက်ခြင်း လက်ရှိအချိန်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၁၆ ခုရဲ့ ရွေးကောက်ပွဲရလဒ်တွေ တရားမဝင်ဘူးလို့ ကန့်ကွက်မှုကို လက်မခံဘဲ ရွေးကောက်ပွဲ ရလဒ်အတိုင်းဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ပြောထားတယ်။ ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကို လက်မခံ ဘူးလို့ပြောနေတာကို ပယ်ချတာ သဘာဝကျပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လုံးဝပယ်ဖျက်လိုက်ရင် ရွေးကောက်ပွဲရလဒ်ကို လက်ခံထားတဲ့ပါတီတွေရဲ့ အနိုင်ရလဒ်တွေကိုရော၊ ကန့်ကွက်နေတဲ့ပါတီတွေရဲ့Continue reading “ဒိုင်လူကြီးရဲ့ တာဝန်”

ရွေးကောက်ပွဲအပေါ် တပ်မတော်သဘောထား

တပ်မတော် က ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ တောင်းဆိုချက်ဟာ တပ်မတာ်သဘောထားမပါဝင်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပြီးသားဖြစ်တယ်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲနေ့မှာ ပြည်သူ့ဆန္ဒနဲ့ အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာဖြစ်ပြီး ငြင်းပယ်လို့မရတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ တာဖြစ်ပါတယ်။ သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ်

တပ်မတော်သတင်းထုတ်ပြန်ချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ULA/ AA အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်တဲ့ ကြေညာချက် အပေါ် တပ်မတော်ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတင်းထုတ်ပြန်ချက်မှာ တပ်မတော်အနေနဲ့လည်း လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရေးကို အလေးထားတဲ့ အတွက် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အချိန်အဆ (၂)

နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် နိုင်ငံရေးပါတီတွေက အစိုးရကို တစ်စုံတစ်ခု တောင်းဆိုတယ်ဆိုတာက နိုင်ငံရေးတိုက်ပွဲဆင်တာပဲ။ တနည်းအားဖြင့် တောင်းပွဲ ၊ တိုက်ပွဲ ဝင်တာပဲ။ လေ့လာမှတ်သားမိတဲ့စာတွေအရတော့ အဲဒီလိုလုပ်ဆောင်တဲ့အခါ ပထမဆုံးလိုအပ်ချက်က မိမိ တောင်းဆိုတဲ့ ကိစ္စက အကြောင်းအကျိုးခိုင်လုံရမယ်။ ဒါမှလည်း လူထုက ဒီတောင်းဆိုချက်က မှန်ကန်တယ်၊ ဖြစ်သင့်တယ်၊တရားမ ျှတတယ်လို့ မြင်မယ်။ ကိုယ့်ပါတီဝင်တွေကလည်း ပါတီ နောက်ကနေ ခိုင်ခိုင်မာမာရပ်တည်ဖို့ ခွန်အားရမယ်။ ဒုတိယလိုအပ်ချက်က တောင်းဆိုချက်က လက်တွေ့လည်းကျ၊ အကောင်အထည်လည်း ဖော်နိုင်တဲ့ တောင်းဆိုချက်ဖြစ်ရမယ်။ တတိယအချက်က အဲဒီတောင်းဆိုချက်မရရင် ဘာလုပ်မှာလဲ ဆိုတာ ဆုံးဖြတ်ထားရမယ်။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်စွမ်းရှိအောင်ပြင်ဆင်ထားရမယ်။ အထက်ပါ အခြေခံလိုအပ်တွေကို အချိန်အဆမှန်မှန် မလုပ်ဘူးဆိုရင်တော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် နဲ့ လှည့်ကြည့်လိုက်တော့ ကိုယ့်နောက်မှာ တစ်ယောက်မှ မရှိတဲ့Continue reading “အချိန်အဆ (၂)”

နိုင်သူပျော် ရှုံးသူပြုံး ကြစို့

ရွေးကောက်ပွဲ ရလဒ် နဲ့ ပတ်သက်ပြီး “ အချိန် အဆ” ဆိုတဲ့ ဆောင်းပါးရေ တော့ ၁။ အခု မှ အမြင်မှန်ရပြီး ဘက်ပြောင်းလာတယ်လို့ ပြောသူရှိတယ်။ ၂။ ဘက်ပြောင်းသွားပြီလားလို့ စွပ်စွဲသူရှိတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဘယ် လိုပဲ မဲဆွယ်စည်းရုံးခဲ့ စည်းရုံး ခဲ့ ရွေးကောက်ပွဲ ပြီးတဲ့အခါ နိုင် သူကလည်း ရှုံးတဲ့သူကို အားပေး၊ ရှုံးသူကလည်း နိုင်သူကို ဂုဏ် ပြု ဆိုတဲ့ အားကစားသမားစိတ်ဓာတ်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံနိုင်ရမယ်၊ ဒီမိုကရေစီခရီးဆက်နိုင်ရမယ် ဆိုတာ ကျွန်တော့်ရဲ့ ယုံကြည်မှုဖြစ်ပါတယ်။ အဲဒီယုံကြည်ချက်အတိုင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရေးထားတဲ့ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုနိုင်အောင်မ ျှဝေလိုက်ပါတယ်။ ၂၀၁၆Continue reading “နိုင်သူပျော် ရှုံးသူပြုံး ကြစို့”

အချိန်အဆ

ဘယ်နိုင်ငံမှာလုပ်လုပ် ပါတီစုံရွေးကောက်ပွဲ ဆိုရင် အနည်းနဲ့ အများအငြင်းပွားမှုရှိတာပဲ။ ဒ့ါကြောင့်လည်း ရွေးကောက်ပွဲဥပဒေတွေမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ခြင်း၊ တရားမဲ့ ပြုကျင့်ခြင်းများကို အရေးယူဆောင်ရွက်ခြင်း စတဲ့ ပုဒ်မတွေပါနေတာပေါ့။ ဒါပေမယ့် နိုင်ငံရေးပါတီတစ်ခုက ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တော့မယ်ဆိုရင် တရားမဲ့ ပြုကျင့်မှုတွေ၊ အငြင်းပွားမှုတွေဟာ ဘယ်အတိုင်းအတာအထိ ဖြစ်နေတာလဲ၊ အဲဒီဖြစ်စဉ် တွေနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့အထောက်အထား ဘယ်လောက်ရှိလဲဆိုတာကို ချိန်ဆရမယ်။ တကယ်လို့ အငြင်းပွားမှုတွေက မဲဆန္ဒနယ် အနည်းငယ်လောက်မှာသာဖြစ်တယ်၊ ဖြစ်စဉ်တွေ က လည်း ရွေးကောက်ပွဲရလဒ်ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့အထိ ပမာဏမများဘူးဆိုရင် မဲဆန္ဒနယ်တစ်ခုချင်းအလိုက်ပဲ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်သင့်တယ်။ တစ်စိတ်တစ်ဒေသ ဖြစ်စဉ်တွေကို အလုံးစုံဖြစ်စဉ်လို့ ယူဆပြီး တုန့်ပြန်ဆောင်ရွက်နေရင် လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့Continue reading “အချိန်အဆ”

မဇ္ဈိမ စကားဝိုင်း (၆)

ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တစ်ဦးတည်းကိုပဲ ဦးတည်မေးမြန်းခဲ့တဲ့ မေးခွန်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲလက်မှတ်အတုတွေ့တယ်၊ မဲစာရင်းမှာပါတဲ့လူဦးရေထက် မဲလက်မှတ် တွေက ပိုများနေတယ်ဆိုတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး “၂၀၁၅ ခုနှစ်မှာ မဲလက်မှတ်တွေကို ဘယ်လိုပုံ နှိပ်ခဲ့သလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။” ဒီမေးခွန်းနဲ့ပတ်သက်လို့ကတော့ စကားဝိုင်းမှာ အချိန်ကန့်သတ်ချက်ကြောင့် မပြောနိုင်ခဲ့တဲ့ အချက်တွေ နဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ဖြည့်စွက်ပြီး ရှင်းပြပါ့မယ်။ ၂၀၁၂ ရွေးကောက်ပွဲ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာကျင်းပတယ်။ အဲဒီရွေးကောက်ပွဲ မှာ မဲပေးတဲ့အခါ ဘောပင် နဲ့ အမှန် အမှတ်အသားခြစ်ပြီး မဲပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ ရွေးကောက်ပွဲနေ့မှာ အင်န်အယ်လ်ဒီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖယောင်းသုတ် ထားတဲ့မဲလက်မှတ်တွေ တွေ့ရတယ်။ ဒါဟာ ဘောပင်နဲ့ခြစ်ပြီး မဲပေးလို့မရအောင်Continue reading “မဇ္ဈိမ စကားဝိုင်း (၆)”