အချိန်အဆ (၂)

နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် နိုင်ငံရေးပါတီတွေက အစိုးရကို တစ်စုံတစ်ခု တောင်းဆိုတယ်ဆိုတာက နိုင်ငံရေးတိုက်ပွဲဆင်တာပဲ။ တနည်းအားဖြင့် တောင်းပွဲ ၊ တိုက်ပွဲ ဝင်တာပဲ။

လေ့လာမှတ်သားမိတဲ့စာတွေအရတော့ အဲဒီလိုလုပ်ဆောင်တဲ့အခါ ပထမဆုံးလိုအပ်ချက်က မိမိ တောင်းဆိုတဲ့ ကိစ္စက အကြောင်းအကျိုးခိုင်လုံရမယ်။ ဒါမှလည်း လူထုက ဒီတောင်းဆိုချက်က မှန်ကန်တယ်၊ ဖြစ်သင့်တယ်၊တရားမ ျှတတယ်လို့ မြင်မယ်။ ကိုယ့်ပါတီဝင်တွေကလည်း ပါတီ နောက်ကနေ ခိုင်ခိုင်မာမာရပ်တည်ဖို့ ခွန်အားရမယ်။

ဒုတိယလိုအပ်ချက်က တောင်းဆိုချက်က လက်တွေ့လည်းကျ၊ အကောင်အထည်လည်း ဖော်နိုင်တဲ့ တောင်းဆိုချက်ဖြစ်ရမယ်။

တတိယအချက်က အဲဒီတောင်းဆိုချက်မရရင် ဘာလုပ်မှာလဲ ဆိုတာ ဆုံးဖြတ်ထားရမယ်။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်စွမ်းရှိအောင်ပြင်ဆင်ထားရမယ်။

အထက်ပါ အခြေခံလိုအပ်တွေကို အချိန်အဆမှန်မှန် မလုပ်ဘူးဆိုရင်တော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် နဲ့ လှည့်ကြည့်လိုက်တော့ ကိုယ့်နောက်မှာ တစ်ယောက်မှ မရှိတဲ့ အဖြစ်မျိုး နဲ့ ကြုံရတတ်ပါတယ်။

One thought on “အချိန်အဆ (၂)

Leave a comment

Why are you reporting this comment?

Report type