ဒေါ်သက်သက်ခိုင် အင်တာဗျူး နဲ့ ဖေ့စ်ဘွတ် (၂)

Facebook က People Media စာမျက်နှာကနေ ဖယ်ရှားလိုက်တဲ့ ဒေါ်သက်သက်ခိုင် ရဲ့ အင်တာဗျူး နားထောင်ကြည့်တဲ့အခါ #Facebook ရဲ့ စံတွေနဲ့ ညှိနိုင်တဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေ၊ ပုဂ္ဂိုလ်ရေးအရ ရိုင်းပြစွာပြောဆိုတိုက်ခိုက်မှုတွေ မတွေ့ပါဘူး။ NLD ပါတီအတွင်းမှာ ပါတီတွင်း ဒီမိုကရေစီ မရှိတဲ့ကိစ္စ၊ အုပ်စုဖွဲ့၊ ဆရာမွေး ၊ တပည့်မွေးတဲ့ကိစ္စ နဲ့ အင်န်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးမူဝါဒအပေါ် သုံးသပ်ချက်ပဲ တွေ့ပါတယ်။ Facebook ရဲ့ စံတွေထဲမှာ အာဏာရ NLD ပါတီကိုမဝေဖန်ရဆိုတဲ့ စံ ကို ထည့်သွင်းထားတယ်ဆိုရင်တော့ ငြိစွန်းတယ်လို့ပြောနိုင်ပါတယ်။ အင်တာဗျူးကို အောက်ပါလင့်ခ်မှာ နားထောင်နိုင်ပါတယ်။ https://www.facebook.com/ththkh.dagonnldtownship/videos/421342075450829/UzpfSTEwMDAwMzEwODM1NDQ2OToyNTA3NzczNDE5MzM2MjQ1/

ဒေါ်သက်သက်ခိုင် အင်တာဗျူး နဲ့ ဖေ့စ်ဘွတ် (၁)

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အင်တာဗျူးကို #Facebook က ဖယ်ရှားလိုက်တယ်ဆိုတာ အတော်ထူးဆန်းတဲ့ကိစ္စပဲ လူမျိုးရေး၊ဘာသာရေး ဆိုင်ရာ အမုန်းစကားတွေပါနေလို့လား။ မကြားချင်တဲ့အတွင်းရေးတွေပါနေလို့များလား။