ကျွန်တော်နဲ့ ကန့်ကွက်သူများ


၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီ လာခံ တစ်ခုမှာ ကျွန်တော်မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအချိန်က သတင်းသမားတွေ အဖမ်းခံရတာ၊ အမှု ဖွင့်ခံရတာတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက အစိုးရနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကန့်ကွက်ဆန္ဒပြတဲ့အချိန်ပေါ့။
ဒါ့ကြောင့် ကျွန်တော်မိန့်ခွန်းပြောနေချိန်မှာ သတင်းသမားတစ်ယောက်က ဆိုင်းဘုတ် ကိုင်ပြီး ရပ်တယ်။ ခဏနေတော့ အခန်းအပြင်ကို ထွက်သွားတယ်။
အဲဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး ကျွန်တော်က ညီလာခံမှာ ရှိတဲ့ နိုင်ငံခြားသားအပါအဝင် ပရိသတ်ကို ဒီလိုဆန္ဒပြမှုဟာ မြန်မာနိုင်ငံဘယ်လောက်ပြောင်းလဲနေပြီလဲ ဆိုတာကို သက်သေပြလိုက်တာ ပဲ လို့မိန့်ခွန်းထဲမှာထည့်ပြောခဲ့တယ်။ ဆန္ဒပြသူကို လက်ခုပ်တီးပြီး ဂုဏ်ပြုပါလို့တောင် နောက် ဆက်တွဲဆက်ပြောခဲ့သေးတယ်။ ပရိသတ်ကလည်း လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ပါတယ်။
ကျွန်တော်ကတော့ စစ်သားဘဝကလာတဲ့ ဝန်ကြီးဆိုတော့ စိတ်ရှည်နိုင်တာပေါ့လေ။

One thought on “ကျွန်တော်နဲ့ ကန့်ကွက်သူများ

Leave a comment

Why are you reporting this comment?

Report type