ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက် နေ့ ကနေ မတ်လ ၁၀ ရက်နေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကြေညာချက်၊ သတိပေးချက်၊ ပိုစတာ စသည်ဖြင့် ထုတ်ခဲ့တာ ၃၅ စောင် ရှိတယ်။ နိုင်ငံပိုင် ရော၊ ပုဂ္ဂလိက မီဒီယာတွေကလည်း သတင်းဆောင်းပါးတွေနဲ့ ရေးတယ်။
တာဝန်ရှိသူရော၊ တာဝန်မရှိသူရော မကြောက်ကြဘူး။ သတိပေးရင်တောင် မနာလိုလို့ပြောတယ် ထင်သေးတယ်။
ဟော အခု ကြောက်ပြီဆိုတော့လည်း နေစရာမရှိကြတော့ဘူး။ ဈေးဝယ် စင်တာတွေတောင်မကဘူး၊ ရပ်ကွက်ထဲက စတိုးဆိုင်တွေပါ အကြိတ်အနယ် ဖြစ်နေကြတယ်။
စိုးရိမ်မှု ( Anxiety) ကနေ ထိန်းမနိုင် သိမ်းမရ ကြောက်စိတ်ဝင်ခြင်း ( Panic) အဆင့်ရောက်မသွားအောင် အားလုံးဝိုင်းထိန်းကြရပါမယ်။
ပထမဆုံး လုပ်သင့်တာကတော့ လူထု စိုးရိမ်စိတ်လျော့သွားအောင် အစိုးရက လက်ရှိအခြေအနေနဲ့ နောင်ဆက်လုပ်မယ့် အစီအမံ တွေကို အမြန်ဆုံးထုတ်ပြန်ပေးဖို့ပါပဲ။