နိုင်ငံရေး ကကြီး ခခွေး

ရုပ်သံသတင်း၊ သတင်းစာ နဲ့ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေကို တွေ့တိုင်း နိုင်ငံရေး ဝေါဟာရတွေအကြောင်းမေးလေ့ရှိတဲ့ ၈ တန်းကလေးတစ်ယောက်အတွက် နိုင်ငံရေးအဘိဓာန် စာအုပ်လိုက်ရှာတဲ့အခါ

“ နိုင်ငံရေး ကကြီး ခခွေး” ( မင်းရွှေမောင် ၊ Myanmar Heritage စာအုပ်တိုက်၊ စက်တင်ဘာ ၂၀၂၀ ) ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဒီစာအုပ်က ဘာသာပြန်စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်က “Politics for Beginners” ဆိုတဲ့စာအုပ်ဖြစ် ပါတယ်။

စာမျက်နှာ ၁၂၈ မျက်နှာရှိတဲ့ ဒီစာအုပ်မှာ အစိုးရအမျိုးမျိုး၊ နိုင်ငံရေးစနစ်များ၊ ရွေးချယ်တင်မြှောက် ပွဲများနှင့် ဆန္ဒမဲပေးခြင်း၊ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးဝါဒစနစ်များ၊ အရေးပါသော မေးခွန်း များဆိုတဲ့ အခန်းခြောက်ခန်းပါပြီး ရုပ်ပုံများနဲ့ လိုတိုရှင်း ရေးသားထားတယ်။

မူရင်းစာအုပ်ရေးသားသူများက လစ်ဘရယ်ဒီမိုကရေစီ ရှုထောင့်ကနေရေးသားတာဖြစ်တဲ့အတွက် ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ အီရတ်စစ်ပွဲ၊ ယူဂိုဆလာဗီးယာနိုင်ငံအရေးအခင်း စတာတွေ နဲ့ ပတ်သက်ပြီးရေးသားတဲ့အခါ ဘက်လိုက်မှုနည်းနည်းပါတယ်လို့ခံစားရတာကလွဲရင် စာအုပ်ရဲ့ ၉ ဝ% က နိုင်ငံရေးအခြေခံအချက်အလက်တွေကို ကလေးငယ်တွေ လွယ်ကူ ရှင်းလင်းစွာ နားလည်နိုင်အောင် ရေးထားတာတွေ့ရပါတယ်။

အမေဇုံ မှာတော့ ဒီစာအုပ်ကို အသက် ၈ နှစ် နဲ့ ၁၁ နှစ်ကြားကလေးတွေအတွက်လို့ ညွှန်းထား ပေမယ့် မြန်မာနိုင်ငံအခြေအနေနဲ့တော့ အထက်တန်းကျောင်းသားတွေအထိ ဖတ်သင့်တဲ့စာအုပ် ဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက်တွေမှာလည်းထားသင့်တဲ့စာအုပ်ဖြစ်ပါတယ်။

ဒါပေမယ့် စာအုပ်တန်ဖိုး ၆၀၀၀ ကျပ်ဆိုတာကတော့များတယ်။ အားလုံးလက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းဖြစ်ရင်တော့ ပိုသင့်တော်မယ်လို့ထင်ပါတယ်။

One thought on “နိုင်ငံရေး ကကြီး ခခွေး

  1. ဆင်းရဲတဲ့နိူင်ငံသားေတွအပေါ်စေတနာထားတဲ့
    မေတ္တာ

    Like

Leave a reply to bamore Cancel reply