တာလီဘန်လို လူတွေ

ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကိုယ်တိုင် ကျောင်းမတက်ဘူး။ ကိုယ့်ကလေးတွေကို ကျောင်း မအပ်ဘူး ဆိုတာ တစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ ယုံကြည်ရာ လုပ်ကြတာဖြစ်တဲ့အတွက် အကောင်းအဆိုး မဝေဖန် လို ဘူး။

ဒါပေမယ့် ပညာသင်ဖို့ ဆန္ဒရှိသူတွေ ကျောင်းမတက်နိုင် အောင် ခြိမ်းခြောက်တယ်၊ အန္တရာယ်ပြုတယ်၊ ကျောင်းကို ဗုံးခွဲတယ် ၊ မီးရှို့တယ်ဆိုတာက တော့ ကိုယ်မသင်စေချင်တဲ့ စာတွေ သင်လို့ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေကို သတ်တယ် ၊ ကျောင်းကို ဗုံးခွဲတယ် ဆိုတဲ့ အာဖဂန်က တာလီဘန် အစွန်းရောက် အကြမ်းဖက်သောင်းကျန်း သူတွေရဲ့ လုပ်ရပ်နဲ့ အတူတူဖြစ်သွားပြီ။

စစ်အစိုးရအောက်က ကျောင်းတွေမှာ ပညာသင်ရင် အသုံးမကျတဲ့သူဖြစ် မယ် ဆိုရင် အခု နစက ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူ Gen X, Y , Z ၉ ဝ% ကျော်က နဝတ/ နယက အစိုးရ လက်ထက် ကချမှတ်ခဲ့တဲ့ ပညာရေးစနစ် နဲ့ နဝတ/နယက ပညာရေးကို နည်းနည်း ပါးပါး မွမ်းမံထားတဲ့ ၂၀၁၁-၂၀၂၀ ကာလ ပညာရေးစနစ် အောက်မှာ ပညာ သင်ကြားခဲ့သူတွေ မဟုတ်ဘူးလား။ ဒီလူတွေအားလုံးကို အသုံးမကျတဲ့သူတွေလို့ သိမ်းကျုံးပြောရင် မှန်မယ် မထင်ဘူး။

တပ်မတော်မှာ ၁၉ ၈၁ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ချိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသအမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အဲဒီ အချိန်က ကျွန်တော်တို့နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ အဖွဲ့တွေဟာ အစိုးရတပ်ဖွဲ့တွေနဲ့ အသေ အကြေ တိုက်ခိုက်နေပေမယ့် ဘယ်တော့မှ အစိုးရ စာသင်ကျောင်း ကို မီးမရှို့ဘူး၊ ကလေး တွေကို ကျောင်းမတက်နဲ့လို့ မပိတ်ပင်ဘူး၊ ဆရာ/ဆရာမတွေကို စာသင်ရင် သတ်မယ်လို့ မခြိမ်း ခြောက်ဘူး။

အခု ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ကြိုးပမ်းနေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ် / အဖွဲ့ အစည်း တွေက ကျောင်းတွေကို မီးရှို့၊ ဗုံးခွဲလုပ်တဲ့ လုပ်ရပ်၊ စာသင်မယ့် ဆရာ/ ဆရာမတွေရဲ့ အသက် အန္တရာယ်ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကို ဝမ်းသာအားရ လုပ် ဆောင်ကြ၊ ထောက်ခံနေ ကြတာ မြင်ရတော့ အတော်အံ့သြမိတယ်။

ပါကစ္စတန်နိုင်ငံသူလေး မာလာလာ ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါ “ အစွန်း ရောက်သမားတွေဟာ စာအုပ်နဲ့ ခဲတံတွေကို ကြောက်ကြတယ်” လို့ ပြောခဲ့တယ်။

တာလီဘန်တွေဟာ ဒီမိုကရေစီအတွက်လုပ်နေတာမဟုတ်ဘူး။ တာလီဘန်လုပ်သလို လိုက်လုပ်ရင် ဒီမိုကရေစီသမားမဟုတ်ဘူး။

9 thoughts on “တာလီဘန်လို လူတွေ

  1. အမှန်ဘဲ
    တိုင်းပြည်ကိုဖျက်တာလူတွေကိုပျက်စီးအောင်လုပ်နေတာသူတို့ပြောပြေ‌ာ‌ေန‌ေသာဒီမိုကရေစီကြီးလား‌။
    တောင်းတောဒီမိုကရေစီလုက်နေတကာအစွန်းရောက်ကွန်မြူနစ်ဆန်ဆန်လုက်နေကြတယ်။

    Like

  2. ဦးရဲထွဋ်စကားတွေ အမှန်ပါ၊ ဒီလိုလူတွေရဲ့လုပ်ရပ်တွေ၊ ဒီလိုအတွေးအခေါ်တွေ၊ အဲ့ဒီလိုလူတွေ၊ ဒီနှစ်ပိုင်းလေးမှာတင် ဘာကြောင့်များလာသလဲ သုံးသပ်ပေးပါဦးခင်ဗျာ။

    Like

    1. ဘာဖြစ်လို့လဲဆိုတော့
      ဒီမိုကရေစီသွားနေတာလေ
      အတူတူမွဲ အတူတူမလုံခြုံ အတူတူစိတ်ဆင်းရဲကျပါစို့

      Like

    2. သုံးသပ်ရမယ်ဆိုရင်တော့ ဖင်တော့အရင်ဆေးရမယ်

      Like

  3. အသုံးမကျတဲ့လူ​တွေဟာ သူတို့ရဲ့မှားယွင်းတဲ့လုပ်​ရပ်​တွေအတွက် သူများအမှားကိုလက်ညှိုးထိုးပြီး ကာကွယ်တတ်ကြတယ်

    Like

  4. ဟောင့် ငါတော်တာ နအဖ ကြောင့်လို့ အေပြောမခံရအောင် ၁၀ တန်း ၁၀ ခါကျပြရမှာလား

    နိုင်ငံနှင့်အဝန်း ဆိုတာကို မင်းထည့်ပြောနိုင်လား

    ကျွန်တော်တို့နိုင်ငံရဲ့ အနည်းဆုံး ဝင်ငွေ ဘယ်လောက်ကွ

    တဦးချင်းအသားတင်ထုတ်ကုန် ဘယ်လောက်ကွလို့ မင်းပြောနိုင်လို့လား

    Like

  5. သုံးသပ်ရမယ်ဆိုရင်တော့ ဖင်တော့အရင်ဆေးရမယ်

    Like

  6. If you consider them Talibans, can you admit that the military regime is Nazi, committing crimes against the society with impunity? Newton’s third law, plain and simple.

    Like

Leave a reply to Win Shwe Maung Cancel reply