၁၉ ၅၅ ခုနှစ် ဧပြီလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ မှာ ကျင်းပခဲ့တဲ့ ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှုရဲ့ အစ အာရှ- အာဖရိကထိပ်သီး ညီလာခံ ( နောင်မှာ ဘန်ဒေါင်း ညီလာခံလို့ လူသိများတဲ့ညီလာခံ) ကို ကမကထပြုစီစဉ်တဲ့ ငါးနိုင်ငံမှာ မြန်မာနိုင်ငံပါဝင်ခဲ့ပါတယ်။
ဘန်ဒေါင်း နှစ်ခြောက်ဆယ်ပြည့် အခမ်း အနား ကို ၂၀၁၅ ခုနှစ် ဧပြီ ၂၄ ရက် ဘန်ဒေါင်း မြို့မှာ ကျင်းပတော့ ၁၉ ၅၅ ခုနှစ်က မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့သလို ဘန်ဒေါင်းမြို့ လမ်းမတွေ မှာ ဝန်ကြီးချုပ် ဦးနုကို ဂုဏ်ပြုထားတဲ့ ပိုစတာတွေကို ချိတ်ဆွဲထားခဲ့တယ်။ အဲဒီ နှစ်ခြောက်ဆယ် ပြည့် အခမ်းအနားကို သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စား လှယ်အဖွဲ့လည်း တက်ရောက်ခဲ့တယ်။
ဘန်ဒေါင်းညီလာခံကျင်းပပြီး ၆၇ နှစ်ကြာတဲ့အချိန်မှာတော့ ၁၉ ၅၅ ခုနှစ် နဲ့ ၂၀၁၅ ခုနှစ် အခမ်း အနားဓာတ်ပုံတွေကို ပြန်ကြည့်ရင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေး အတက်၊ အကျ၊ အနိမ့် ၊ အမြင့်တွေ အကြောင်း တွေးနေမိတယ်။






