လွန်ခဲ့တဲ့ ခုနစ်တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ ဦးထင်ကျော် ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နဲ့ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးအတွက် ပြင်ဆင်ထားပြီး ဖြစ် ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတသစ်ရွေးချယ်ခြင်း မပြုမီ သမ္မတဦးသိန်းစိန်က ပထမအကြိမ် ပြည်ထောင်စု လွှတ် တော် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၂၈ ရက်နေ့အစည်းအဝေး မှာ နှုတ်ဆက်မိန့်ခွန်းပြောခဲ့ပါတယ်၊ အဲဒီမိန့်ခွန်းထဲမှာ သူ့အစိုးရရဲ့ ငါးနှစ်သက်တမ်းအတွင်း လုပ်ဆောင် ချက် များ ကို ပြန်လည်သုံးသပ်ပြခဲ့သလို ဒီမိုကရေစီစနစ်မှာ ကြုံတွေ့ရမယ့် ရွေးကောက်ပွဲ အခြေ အနေ များ ကိုလည်း အခုလို ပြောခဲ့ပါတယ်-
- “သက်တမ်းအလိုက် ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစနစ်ရဲ့ အင်္ဂါရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲများကနေ ပြည်သူများရဲ့ အဆုံးအဖြတ်အတိုင်း နိုင်ငံရေးပါတီများရဲ့ အနိုင်၊ အရှုံးဆိုတာလည်း ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။ အများစုအနိုင်ရတဲ့ ပါတီများက နိုင်ငံ နဲ့ပြည်သူအကျိုးစီးပွားအတွက် အကောင်အထည်ဖော် ဆောင်ရွက်သလို အနည်းစုပါတီများ ကလည်း အမျိုးသားအကျိုးစီးပွားအခြေခံပေါ်ကနေ ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်ရင် အပြု သဘော ဆောင် ဝေဖန်ထောက်ပြခြင်းများ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ နောင်အဆက် ဆက်သော ရွေးကောက်ပွဲများမှာ မိမိတို့ပါတီရဲ့မူဝါဒများကို ပြည်သူတွေလက်ခံ ယုံကြည်လာ အောင် ဒီမိုကရေစီနည်းလမ်းတကျ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”
၂၀၂၀ ရွေးကောက်ပွဲ ပြီးသွားချိန်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာ ပြည်သူ့အဆုံးအဖြတ်တိုင်း အနိုင်၊အရှုံး ဆိုတာ ရှိနေမှာပဲ၊ ဒါ့ကြောင့် အခုအနည်းစုဖြစ်သွားတဲ့ ပါတီ တွေအနေနဲ့ ကိုယ့်ပါတီမူဝါဒကို ပြည်သူလက်ခံလာအောင် ဒီမိုကရေစီနည်းလမ်းတကျ ကြိုးစားဖို့ပဲလိုတယ်ဆိုတဲ့ စကားကို မေ့သွားကြတာအတော်ဆိုးတာပဲ။



I wonder how much he is willing to put his neck out for democracy that he appeared to creat for this god forsaken country.
LikeLike