သာမိုင်းခမ်း (၄)

အင်္ဂလိပ်အစိုးရက၁၈၉ ၄ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း အရေးပိုင်ရုံး ကို မိုင်းသောက်မှာ ရှိတဲ့ စတက်မန် ခံတပ် (Fort Stedman) ခံတပ်ကနေ တောင်ကြီးမြို့ကို ရွှေ့ ပြောင်းတယ်။ ၁၉ ၁၁ ခုနှစ်မှာ ကလောမြို့သစ်တည်ပြီး အနောက်ပိုင်းခရိုင်ရုံးကို ကလောကို ရွှေ့ဖို့စီစဉ်တယ် ။ (၁၉ ၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်တယ်။ ) အုပ်ချုပ်ရေးယန္တရားကို ပြောင်း လဲ ဖွဲ့စည်း နေချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန် အောင် ဆောင်ရွက်တဲ့အနေနဲ့ ၁၉ ၁၀ ခုနှစ်က စပြီး သာ စည် – ရွှေညောင် ရထားလမ်း ဖောက်လုပ် ရေး လုပ်ငန်းကို စတင်တယ်။

အဲဒီလိုအခြေအနေမှာ သာမိုင်ခမ်းက အုပ်ချုပ်ရေးဗဟိုဌာနအဖြစ်က လျော့ကျသွားသလို အသစ် ဖောက်လုပ်လာတဲ့ ကားလမ်း၊ ရထားလမ်းတွေနဲ့ ဝေးတဲ့နေရာကို ရောက်နေတယ်။ တချို့က သာမိုင်းခမ်း စော်ဘွားက ကားသံ၊ ရထားသံ ဆူဆူညံညံကို မကြိုက်လို့ သူ့မြို့ကို ဖြတ်ပြီး ကား လမ်း၊ ရထားလမ်းဖောက်ခွင့်မပေးခဲ့ဘူး လို့ မှန်းဆရေးတာလည်း ရှိတယ်။ အဲဒီအချက်ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ သာမိုင်းခမ်းစော်ဘွားကိုယ်တိုင်က ရန်ကုန်အထိ ရထားနဲ့သွားခဲ့ တဲ့ အတွက် ရထားလမ်း၊ ကားလမ်းဆုံ ဖြစ်သွားရင် သာမိုင်းခမ်း အတွက်အကျိုးရှိမယ်ဆိုတာ ကောင်း ကောင်းသိမှာပါ။သာမိုင်းခမ်း မြို့အနေအထားကိုက လုံခြုံရေးအနေအထားကောင်းတဲ့ တောင်ကုန်း အမြင့်မှာတည်ထားတဲ့အတွက် မြေအနေအထားပြေပြစ်မှုကို ဦးစားပေးရွေးချယ်တဲ့ ကားလမ်း ၊ ရထားလမ်းတွေနဲ့ အလှမ်းဝေးသွားတာဖြစ်ပါတယ်။

၁၉ ၁၂ ခုနှစ်ရောက်တော့ သာစည် – ရွှေညောင်ရထားလမ်းက ကျွဲတပ်ဆုံအထိ ခင်းပြီးပြီ၊ ကျန် တဲ့ အပိုင်းတွေကလမ်းအူကြောင်းရှာနေပြီ။အဲဒီအချိန်လမ်းပန်းဆက်သွယ်ရေး ကွန်ယက် အနေ အထား ကို ပြန်ကြည့်လိုက်ရင် အခုလိုတွေ့ရမှာဖြစ်ပါတယ်။ ( လက်ရှိ ကလောမြို့နယ်မြေပုံ နဲ့ ယှဉ်ပြီး လေ့လာကြည့်ပါ။ )

၁။ ရပ်စောက်စော်ဘွားနယ်နဲ့ ပင်းတယ ၊ ပွေးလှ၊ ကျုံး စတဲ့ မြေလတ်ငွေခွန်မှူးနယ်တွေက လာတဲ့ လမ်းက သာမိုင်းခမ်းကို မဝင်ဘဲ ကလောကနေ တဆင့် သာစည်ဘက် ဆင်းသွားတယ်။

၂။ တောင်ကြီး၊ ညောင်ရွှေ ( စော်ဘွားနယ်) နဲ့ ဟဲဟိုးက လာတဲ့လမ်းက သာမိုင်းခမ်း တောင်ဘက် က ဖြတ် ပြီး ပင်းတယ ကလာတဲ့လမ်းနဲ့ သွားဆုံတယ်။

၃။ ပင်လောင်း၊ ဖယ်ခုံ ၊ မိုးဗြဲ နယ်မြေက လာတဲ့ လမ်းကလည်း သာမိုင်းခမ်း မြို့ အနောက် တောင်ဘက် ကနေ ကလော ဘက်ကို ဆင်းသွားတယ်။

၄။ အင်းလေး ၊ အင်းတိန်၊ ပင်မှီနယ်မြေကလာတဲ့လမ်းကလည်း သာမိုင်းခမ်းမြို့အနောက်တောင် ဘက်မှာ တောင်ကြီးကားလမ်းနဲ့ သွားဆုံတယ်။

၅။ သာစည်- ရွှေညောင် ရထားလမ်းကလည်း သာမိုင်းခမ်းကို မဝင်ဘူး။ ပင်းတယလမ်း၊ တောင်ကြီး လမ်းနဲ့ အင်းလေးက လာတဲ့လမ်းဆုံနားကဖြတ်ပြီး သွားတယ်။
အဲဒီအနေအထားတွေအရ လမ်းဆုံကျတဲ့နေရာမှာ သာမိုင်းခမ်းစော်ဘွားရဲ့ အုပ်ချုပ်ရေးဌာန တစ်ခု ထားဖို့လိုအပ်တယ်ဆိုတာထင်ရှားနေပါတယ်။ကျွန်တော်ကတော့ ဒါဟာ အောင်ပန်းမြို့ ပေါ်ပေါက် လာရခြင်း ရဲ့ အဓိ က အကြောင်းအရင်းလို့ပဲ ယူဆပါတယ်။

ဆရာဦးမြင့်သန်းရဲ့ အောင်ပန်း ( သို့ မဟုတ် ) မြို့သစ်တစ်မြို့မွေးဖွားခြင်း စာအုပ်မှာ ဟိုးအရင် ထဲ က မြေလတ်ဒေသက ငွေခွန်မှူးနယ်တွေက အခြားနယ်မြေတွေကို ဆက်သွယ်သွားလာတဲ့အခါ အခု အောင်ပန်းမြို့တည်ထားတဲ့နေရာကို ဖြတ်သန်းသွားရတဲ့အတွက် အချက်အခြာ ကျတဲ့နေရာ ဖြစ်တယ်၊ ဒါ့ကြောင့် သာမိုင်းခမ်းစော်ဘွားက တပ်စခန်းတစ်ခု ထားခဲ့ပြီး အဲဒီနေရာကို တပ်ကုန်း လို့ ခေါ်ခဲ့တယ်လို့ ရေးထားပါတယ်။

ဆရာဦးမြင့်သန်းစာအုပ်အရ ပြင်သာရွာကြီး ရှိခဲ့ဖ့ူးတဲ့နေရာကို ဗဟိုပြုပြီး အောင်ပန်းမြို့ကို တည် တာဖြစ်ပြီး မြို့သစ်တည်ဖို့အတွက် ပန္နက်ချတဲ့နေ့က ၁၂၇၅ ခုနှစ် နှစ်ဆန်း တစ်ရက် ၊ ၁၉ ၁၃ ခုနှစ် ဧပြီလ ၁၅ ရက်ဖြစ်ပါတယ်။ မြို့သစ်တည်ဆောက်မှုကို ဦးဆောင်တာက သာမိုင်းခမ်း အမတ်ချုပ် ဦးခွန်ရုံးဖြစ်ပါတယ်။ ဦးခွန်ရုံးက သူ့ရုံးနဲ့ အိမ်ကို မူလတပ်ကုန်းနေရာမှာ မထားပဲ နောင်ပေါ် ပေါက်လာ မယ့် ဘူတာရုံနဲ့ နီးတဲ့နေရာမှာထားပါတယ်။ အခု အောင်ပန်းရဲစခန်းဟာ ဦးခွန်ရုံး နေခဲ့ တဲ့အိမ်ဖြစ်ပါတယ်။ အောင်ပန်းမြို့တည်ပြီးတဲ့အခါ အမတ်ချုပ် ဦးခွန်ရုံးက သာမိုင်းခမ်း စော်ဘွား ကိုယ်စား အောင်ပန်းမှာ ရုံးထိုင်ပါတယ်။ အင်္ဂလိပ်အစိုးရက သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုး ကို ဒုတိယတန်း ရာဘက်တရားသူကြီး အာဏာပေးအပ်သလို အောင်ပန်းမြို့တည်ပြီးချိန်မှာလည်း မြို့ အုပ်ချုပ်ရေးကိုဆောင်ရွက်နိုင်ဖို့အတွက်ဦးခွန်ရုံးကို ဒုတိယတန်း ရာဇဝတ် တရားမ တရားသူကြီး အဖြစ် ခန့်အပ်ခဲ့တယ်။ ဦးခွန်ရုံးက အောင်ပန်းမြို့ အုပ်ချုပ်ရေးကို ၁၅ နှစ်ကျော်တာဝန်ယူခဲ့ပြီ။ ၁၉ ၂၉ မှာ ကွယ်လွန်တယ်။ အောင်ပန်းမြို့ မင်းသင်္ခ ျိုင်းမှာ သင်္ဂြ ိုလ်တယ်။

သာမိုင်းခမ်းရွှေခေတ်ရောက်နေချိန်မှာပဲ သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုးက ညီဖြစ်သူ မောင်ရွှေ သာ ကို သတ်လိုက်တဲ့အတွက် အင်္ဂလိပ်အစိုးရရဲ့ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်း နဲ့ ရင်ဆိုင် ရတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆရာဦးမြင့်သန်းရဲ့ အောင်ပန်းမြို့သမိုင်းစာအုပ်မှာတော့ မင်း မောင်ငယ် ( မောင်ရွှေသာ) က မိသားစုတွင်း လူမှုရေးကိစ္စနဲ့ပတ်သက်ပြီး စော်ဘွားကို မကျေ နပ်ဘူး။ ဒ့ါကြောင့် ဟော်မှာ လူပြတ်တဲ့ အချိန် ရောက်လာတယ်။ လက်မှာ ဓားမြှောင်တစ်ချောင်း ကိုင် လာတယ်၊ သခွားသီးတစ်လုံးလည်း ပါလာတယ်။ စော်ဘွားရှေ့ရောက်တော့ သခွားသီးကို ဓား နဲ့ လှီး၊ သခွားသီးစိတ်ကို ဓားဦးနဲ့ စိုက်ပြီး စော်ဘွားကို လှမ်းပေးပြီး စားပါဦးလို့ ပြောတယ်။ အဲဒီ အချိန်မှာ စော်ဘွားက စိတ်မြန်လက်မြန်နဲ့ အနားမှာရှိတဲ့ တူ နဲ့ မင်းမောင်ငယ် ခေါင်းကို သုံးလေး ချက် ထုလိုက်တော့ မင်းမောင်ငယ် သေသွားတယ် လို့ရေးထားတယ်။

အဲဒီဖြစ်စဉ်ကိုပဲ ဒေါ်အေးတီရဲ့ အဖိုး၊ အဖွားတွေပြောခဲ့တာက အောင်ပန်းမြို့သမိုင်း စာအုပ်မှာ ပါတဲ့ ဖြစ် စဉ် နဲ့နည်းနည်းလေးကွဲလွဲတယ်။စော်ဘွားမင်းမောင်ဖိုးကသခွားသီးပေါ်ချိန်ဆိုရင် သခွားသီး နဲ့သကြား နဲ့ တို့စားရတာကို ကြိုက်တယ်။ မောင်ရွှေသာက ရာထူးလိုချင်တဲ့အတွက် စော်ဘွားကို သတ်ဖို့ အစီအစဉ်ဆွဲတယ်။ အဲဒီနေ့မှာ မောင်ရွှေသာက စော်ဘွားကြီး စားဖို့ သခွားသီးတွေ ယူလာတယ်။ အတူစားဖို့ထိုင်တော့ မောင်ရွှေသာက စော်ဘွား သခွားသီးစိတ်ကို ယူလိုက်တဲ့ အချိန်မှာ ဓားနဲ့ ထိုး မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သခွားသီးစိတ်ကို ဓားမြှောင်ဦးနဲ့ ထိုးပြီး စော်ဘွား ကို ပေး တယ်။ စော်ဘွား ကလည်း မောင်ရွှေသာကို သင်္ကာမကင်းဖြစ်နေတဲ့အတွက် စော်ဘွား ဝတ်ရုံ လက်အပွထဲ မှာ တူတစ်ချောင်းထည့်ယူလာတယ်။ မောင်ရွှေသာ က ဓားဦး သူ့ဘက် လှည့်လိုက်တာနဲ့ စော်ဘွား က တူကို ထုတ်ပြီး ခေါင်းကို ထုလိုက်တဲ့အတွက် မောင်ရွှေသာ သေ သွားတယ်။

အောင်ပန်းသမိုင်းစာအုပ်မှာရော၊ ဒေါ်အေးတီ ပြောပြချက်အရရော မောင်ရွှေသာ အလောင်းကို သာမိုင်းခမ်းမြို့အနောက်တောင်ဘက်က ကမ်းပါးမှာ မြှုပ်လိုက်တယ်။ ဒေါ်အေးတီ ဆက်ပြောတာ က အဲဒီလို မြှုပ်ပြီးချိန်မှာ စော်ဘွားမင်းမောင်ဖိုးက မောင်ရွှေသာကို ဒီကမ်းပါးကို စောင့်ရမယ်၊ သာ မိုင်းခမ်းမြို့ကို ရေတိုက်စားမှုမရှိအောင် ကာကွယ်ရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒါကြောင့် ဒီကမ်း ပါးက ဒီနေ့ဒီအချိန်ထိ မိုးဘယ်လောက်ရွာရွာ ကမ်းပါးပြိုတယ်ဆိုတာ မရှိဘူးတဲ့။

ဟိုး သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်ကဆိုရင်တော့ အခုလို သတ်လိုက်တာက ပြဿနာရှိမယ် မထင်ဘူး။ ဒါပေမယ့် အင်္ဂလိပ်က စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတွေကို နယ်မြေအလိုက်အုပ်ချုပ်ခွင့် ပေးတဲ့အချိန်မှာ (၁) အင်္ဂလိပ် ဘုရင်/ ဘုရင်မ ကို သစ္စာရှိရမယ်၊ (၂) အကြောင်းမဲ့လူသတ် တာမလုပ်ရဘူး။ (၃) အစိုးရ ဘဏ္ဍာတော်ကို ထိပါးခြင်း မပြုပါဘူးဆိုတဲ့ ပဋိညာဉ် သုံးရပ် ကို ခံဝန်ကတိပြုခိုင်းခဲ့တယ်။ ဒီတော့ သာမိုင်းခမ်းစော်ဘွား သူ့ညီကို သတ်လိုက်တဲ့ အမှုက အင်္ဂလိပ် အစိုးရ ဆီကို ရောက်သွားတယ်။

ဒါပေမယ့် သာမိုင်းခမ်းစော်ဘွား အတွက် ကံကောင်းသွားတာက အဲဒီအချိန်မှာ သူ့မိတ်ဆွေကြီး ဂျော့ စကော့( Gorge Scott ) က တောင်ကြီးမှာ ရုံးစိုက်ထားတဲ့ ရှမ်းပြည်တောင်ပိုင်း အရေးပိုင် ဖြစ် နေပြီ။ စော်ဘွား မင်းမောင်ဖိုး အမှုကို အရေးပိုင် စကော့က စစ်ဆေးပြီး အပြစ်မရှိကြောင်း ဆုံးဖြတ် ခဲ့တယ်။ အောင်ပန်းမြို့သမိုင်းစာအုပ်မှာတော့ အရေးပိုင်စကော့ က စော်ဘွားက ဒုတိယတန်း ရာဇဝတ်တရားသူကြီးအာဏာပိုင်ဖြစ်တဲ့ အတွက် သူ့ညီကို သတ်တာဟာ တရားစီရင်တာဖြစ် တယ်။ လူသတ်မှုမဟုတ်ဘူးလို့ ဆုံးဖြတ်တယ်လို့ ရေးထားတယ်။ ဒါပေမဲ့ အဲဒီအဆိုက မဖြစ်နိုင် ဘူးလို့ထင်ပါတယ်။အရေးပိုင်က မောင်ရွှေသာကစော်ဘွားကိုသတ်ဖို့ကြိုးစားတဲ့အတွက် စော်ဘွား က မိမိ ကိုယ် မိမိ ခုခံကာကွယ်မှုအဖြစ်သတ်မှတ်ပြီး အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့တာ ဖြစ်ဖို့များ ပါတယ်။

ဒီအမှုဖြစ်ပွားတဲ့ရက် အတိအကျကို အထောက်အထားရှာမတွေ့ဘူး။ ဒါပေမယ့် ဂျော့စကော့က ၁၉ ၀၂ ခုနှစ် ဖေဖော်ဝါရီလ မှာ ရှမ်းပြည်တောင်ပိုင်း အရေးပိုင်ဖြစ်တဲ့အတွက် အဲဒီကာလ နောက်ပိုင်း မှာ ဖြစ်တယ်လို့ပဲ ယူဆရပါတယ်။

အဲဒီအမှုပြီးနောက်ပိုင်းမှာတော့ သာမိုင်းခမ်းစော်ဘွားမင်းမောင်ဖိုးက သာမိုင်းခမ်းမြို့ ဟော်မှာပဲ အနေ များတယ်၊ အုပ်ချုပ်ရေးလုပ်ငန်းတွေကို လက်ထောက်တွေနဲ့ပဲ လွှဲထားတယ်လို့ ဆိုတယ်။ အဲဒီအချိန်မှာ သူတည်ခဲ့တဲ့ အောင်ပန်းမြို့ကတော့ အရှိန်အဟုန်နဲ့ တိုးတက်လာနေတယ်။ ၁၉ ၁၃ ခုနှစ်မှာ မြို့တည်တယ်၊ ၁၉ ၁၅ ခုနှစ် မှာ ကလော – အောင်ပန်းရထားလမ်းအပိုင်းပြီး တယ်။ ရထား လမ်းပြီးပြီဆိုတော့ မြေလတ်ငွေခွန်မှူး နယ်တွေက ထွက်ကုန်တွေဟာ သာစည်ကို ဝန်တင် နွား တွေ၊လှည်းတွေနဲ့ သွားဖို့မလိုတော့ပဲ အောင်ပန်းဘူတာကနေ သာစည်ကို တင်ပို့လိုရပြီ ဖြစ် တဲ့ အတွက် အောင်ပန်းမြို့မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေများလာတယ်။ ပွဲစား ကုန်သည် လူမျိုး ပေါင်းစုံရောက်လာပြီး ပွဲရုံတွေ၊ကုန်ရုံတွေပေါ်ပေါက်လာတယ်။ သာမိုင်းခမ်းက အုပ်ချုပ်ရေးမြို့ ဆိုရင် အောင်ပန်းက စီးပွားရေးမြို့ဖြစ်လာတယ်။

၁၉ ၂၃ ခုနှစ်မှာ သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုး ကွယ်လွန်တယ်။ ကွယ်လွန်ချိန်မှာ အသက် ရှစ်ဆယ်ကျော်ပြီလို့ ဆိုတယ်။ စော်ဘွား မင်းမောင်ဖိုးက ၁၈၈၆ ခုနှစ်ကနေ ၁၉ ၂၃ ခုနှစ်အထိ ၃၇ နှစ်သာမိုင်းခမ်းနယ်ကိုအုပ်ချုပ်ခဲ့တာပေါ့။အဲဒီလိုမင်းသက်ရှည်တဲ့ စော်ဘွားကြီး ကွယ်လွန်သွားတာ ဟာ သမိုင်းခမ်း ကျဆုံးခန်းအစလို့လည်းပြောလို့ရပါတယ်။

ဆက်လက်ဖော်ပြပါ့မယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: