++++လုပ်သက် နှစ်ဆယ်ကျော်သူ့ဝန်ထမ်းဘဝကို လူတွေက မကြိုက်ပေမယ့် အလိုက်သင့် နေ တဲ့ခေတ်၊ နည်းနည်းအမြင်ကောင်းလာတဲ့ခေတ်၊ ဝိုင်းကူတဲ့ခေတ်၊ ခေတ် သုံးခေတ် ကို ဖြတ်ခဲ့ တယ် ဆိုပြီး ဆစ်ပိုင်းပြတယ်။
သူတို့ဌာနက ရုံးပေါ်ကနေ စာနဲ့လုပ်ရတဲ့ ဌာန မ ဟုတ်ဘူး၊ လူကြားထဲဆင်းပြီး လုပ်ရတဲ့ ဌာနဆိုတော့ လူတွေက ငါတို့အစိုးရ ဆိုပြီး စိတ်ပါလက်ပါ ဝိုင်းကူ ရင် ပိုအောင်မြင် တာပေါ့ ဆိုပြီး သူ့အတွေ့
အကြုံကို ပြောတယ်။ ပြီးတော့မှ ခေတ်မျိုးစုံ ကြုံပြီး မှတော့ မကြိုက်ရုံတင်မဟုတ်တော့ဘူး မုန်းတဲ့ အဖြစ်ကို မခံနိုင်တော့ဘူးလို့ပြောပြီး စကားရပ် သွားတယ်။
++++တစ်ချိန်က “ရထားကြီးထွက်ပြီ” လို့ပြောတဲ့ သူငယ်ချင်းကို “ရထားထွက်ပေမယ့် ဘယ်ဘူတာ ရောက်ရောက်လက်မှတ်မဲ့ က လက်မှတ်မဲ့ ပဲ” လို့ ပြန်ပြောခဲ့ဖူးတယ်။
ဒီတစ်ခါ သူနဲ့ပြန် ဆုံရင်တော့ “ လူရာမဝင်တဲ့ လက်မှတ်မဲ့လည်း စီးခဲ့ဖူးတဲ့၊ လက်မှတ်ဝယ်ပြီး ထိုင်ခုံ နဲ့ ဟန်ကျ ပန်ကျလည်း စီးခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ နောက်တစ်ကြိမ် လက်မှတ်မဲ့ စီးဖို့ မသင့်တော့ဘူး” ဆိုတဲ့ အယူအဆကို ဆွေးနွေးရမယ်။
( ခေတ်သုံးခေတ် ကားဆရာ ဆောင်းပါးကောက်နှုတ်ချက် ၊ ဘယ်ကို သွားမလဲ – ကမ္ဘာကြီး နဲ့ လှိုင်သာယာ စာအုပ်)
City Mart စာအုပ်ဆိုင်များ
ပင်လယ်စာပေ ဖုန်း ၀၉ ၇၅၈၂၉ ၀၇၁၆
Book Tree စာအုပ်ဆိုင် ဖုန်း ၀၉ ၄၂၆ ၄၉ ၁ ၀၂၄ ။ https://www.facebook.com/profile.php?id=100066514606843



How can I buy your book? I live abroad. I would very much like to have signed copy. I couldn’t ask my friend to buy and bring it out, in case he got into trouble at the airport. How pathetic the situation is now.
LikeLike