သူငယ်ချင်း- ငါတို့ကုမ္ပဏီကတော့ အကျိုး အကြောင်း အပြည့်အစုံ ကြိုပြောခဲ့တာပဲကွ၊ ဒါပေမဲ့ ငါတို့ ဘော့စ် ကို မကြည်တဲ့စီးပွားပြိုင်ဘက် တွေက အမြဲတမ်း အကွက်ချောင်းနေတော့ ဒီကိစ္စဖြစ်တာနဲ့ အမျိုးမျိုးတိုက်ခိုက် နေတာပဲ။ ရှင်းလို့ကို မဆုံးတော့ဘူး။ ဒီကြားထဲ မင်းကလည်း တစ်မျိုး၊ ငါ့တွေ့တာနဲ့ပြောမယ်ဆိုတာပဲ။
ကျွန်တော်- အေးပါကွာ၊ မင်းပြောတာမှန် ပါတယ်။ မင်းတို့က လုပ်သင့်လို့လုပ်တာ၊ ပြောသင့်တာလည်း ပြော တာပဲ၊ လူတွေ ကိုက ခက်နေတာပါကွာ။
သူငယ်ချင်း- အဲဒီလို လုပ်ပါကွ၊ မင်း နားမဝေးပါဘူး။
ကျွန်တော် – ဒါနဲ့ စကားမစပ်၊ ငါတို့ ငယ်ငယ်တုန်းကရန်သူစောင့်နေမှန်းလည်း သိတယ်၊ ရှောင်နိုင်တဲ့ နည်း လမ်း လည်းရှိတယ်။ ဒါတောင်မှ သတ်ကွင်းထဲကို တည့်တည့်ဝင်အောင် လုပ်တဲ့ တပ်မှူးကို ဘယ်လို သုံးသပ်ခဲ့လဲ။
သူငယ်ချင်း – ဟေ့ကောင်၊ တော်တော့။ မေးခွန်းမသတ်နဲ့။
ဤတွင်တစ်ခန်းရပ်