စူဠာမဏိ ညရှုခင်း

ခရီးသွားအများစုက စူဠာမဏိဘုရားနားမှာရှိတဲ့  ရှုခင်းကြည့်တောင်ကုန်းကနေ တန့်ကြည့် တောင် နေဝင်ချိန် မြင်ကွင်း ကိုပဲ ကြည့်ရှုခံစား ဓာတ်ပုံရိုက်တာများပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီ တောင် ကုန်းနောက်မှာရှိတဲ့ရေကန်ကနေ စူဠာမဏိဘုရားကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။

 ဒီမြင်ကွင်းက မိုးရာသီ ရေကန် ထဲမှာ ရေရှိနေမှ မြင်နိုင်တဲ့မြင်ကွင်းဖြစ်တဲ့အတွက် အခုအချိန် ပုဂံရောက်နေတဲ့ ဧည့်သည် များ ရှုခင်းကြည့်တောင်ကုန်းပေါ်က နေဝင်ချိန်ရှုခင်းကို ခံစားသလို ရေကန်ဘက် ကနေလည်း စူဠာ မဏိ ဘုရား ရဲ့ ညရှုခင်းကို ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

မှတ်ချက်။ တာဝန်ရှိသူများက ဓာတ်ပုံရိုက်တဲ့ဘက်အခြမ်း ရေကန်စပ်က ချုံတချို့ကို ရှင်းပေး လိုက်မယ်ဆိုရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကင်မရာကို ဒီ့ထက်ကောင်းတဲ့ ရှုထောင့်မှာ ထားပြီး ရိုက်လို့ရမှာပါ။ အခု ပုံက တော့ ချုံတွေလွတ်တဲ့နေရာကနေ အဆင်ပြေအောင်ရိုက်ခဲ့ရတာဖြစ်ပါတယ်။ 

One thought on “စူဠာမဏိ ညရှုခင်း

Leave a comment