ဝန်ကြီးများရုံးဟောင်းထဲက အလှပြုပြင်ရေးဆိုင်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ဝန်ကြီးများရုံးဟောင်းထဲမှာ အလှပြုပြင်ရေးနဲ့ပတ်သက်တဲ့ ဆိုင်ဖွင့်တာနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်က ငှားခဲ့လို့ အခုအစိုးရက ဘာမှလုပ်လို့ မရဘူးလို့ပြောနေသူများ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ်မတ်လမှာထဲက ဝန်ကြီးများရုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ တိုက်ရိုက်ကြီးကြပ်မှုနဲ့ ရှေးဟောင်း အမွေ အနှစ်အတိုင်း ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ပြောခဲ့တာကို မေ့နေကြတယ်ထင်ပါတယ်။

အတုတွေလာပြန်ပြီ

အတုတွေလာပြန်ပြီ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက သင်ကြားရေး ဆရာ၊ ဆရာမတွေရဲ့ ရာထူးတိုး ပြောင်းမှုအတွက် တင်ပြထားတဲ့ သုတေသနစာတမ်းတွေကို စစ်ဆေးခဲ့တာ ကိုယ်တိုင်မရေးဘဲ နိုင်ငံခြား ဝက်ဘ်ဆိုက်တွေက ဝယ်ထားတဲ့ စာတမ်း အတု တစ်ထောင်ကျော် တွေ့တယ်လို့ အလဲဗင်းသတင်းမှာ ဖော်ပြထားတယ်။ “ခေါင်မိုးက မလုံတော့ မိုးဒဏ်ကို ကိုယ်ခံနေရတာအမှန်ပဲ” ( စိုင်းထီးဆိုင် သီချင်း တစ်ပိုင်းတစ်စ)