ငဟစ် ( purple heron) တွေကိုမိုးယွန်းကြီးအင်းထဲမှာလည်းတွေ့တယ်။ တာဘောင်အပြင် လယ်ကွင်းထဲမှာလည်း တွေ့တယ်။
Category Archives: Wildlife
ငှက် ကြည့်သူ (၃)
မိုးယွန်းကြီးအင်းထဲက မယ်ညိုတွေ၊ သူတို့ကတော့ ဌာန ရေပျော်ငှက်တွေလို့ သိရပါတယ်။ တစ်ချို့ပုံတွေက ဖြတ်တောက်ပြီးမှတင်ရင် ပိုကောင်းမယ်ဆိုတာ သိပေမယ့် မူလ ရိုက်ချက် အတိုင်းထားတာက ပိုပြီး သဘာဝကျတယ်ထင်လို့ ဘာမှ မပြင်တော့ပါဘူး။
ငှက်ကြည့်သူ (၂)
အင်းထဲမှ ဗျိုင်းမျိုးစုံတွေ့ရတယ်။ ဒီဗျိုင်းကိုတော့ Intermediate Egret လို့ ခေါ်တယ်။ အင်းထဲက ချုံစပ်တွေမှာ တွေ့ခဲ့တာပါ။
ငှက်ကြည့်သူ (၁)
မိုးယွန်းကြီးအင်းကို ၁၉ ၈၈ ခုနှစ်မှာ ဒေသခံရေပျော်ငှက်တွေနဲ့ ဆောင်းခို ငှက်တွေအတွက် ဘေးမဲ့ တော အဖြစ်သတ်မှတ်ခဲ့တယ်။ မိုးယွန်းကြီးအင်းက သဘာဝအင်းမဟုတ်ပါဘူး။ ၁၉ ၀၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့လူလုပ်အင်းဖြစ်ပါတယ်။စတုရန်းမိုင်လေးဆယ်လောက်ကျယ်တယ်။ မူလ ရည်ရွယ်ချက်ကတော့ ပဲခူး-စစ်တောင်း တူးမြောင်း အတိုင်းရေယာဉ်တွေ၊သစ်ဆွဲဖောင်တွေ သွားနိုင် ဖို့ လိုအပ်တဲ့ရေကို ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အခုတော့ ပတ်ဝန်းကျင်က လယ်ကွင်းတွေကို ရေချိုဖြန့်ဝေပေးနေပါတယ်။ မိုးယွန်းကြီးအင်းကို နှစ်စဉ်ဆောင်းခိုငှက် နှစ်သောင်းလောက်လာတယ်လို့ ဆိုတယ်။ ဒေသခံ ရေပျော်ငှက်တွေ လည်းရှိတယ်။ မိုးယွန်းကြီးအင်းကို ကျွန်တော် လာရတဲ့အကြောင်းအရင်းထဲမှာ ရေပျော် ငှက် တွေကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်ချက်လည်းပါတယ်။ ဒါပေမယ့် ကျွန်တော်ဓာတ်ပုံရိုက်ဖူးတဲ့ ငှက်ဆိုတာက တိရိစ္ဆာန်ရုံထဲက ငှက်တွေ။ အခုလို သဘာဝပတ်ဝန်း ကျင်မှာ လွတ်လွတ်လပ်လပ်နေတဲ့ငှက်တွေကို ဓာတ်ပုံရိုက်တဲ့Continue reading “ငှက်ကြည့်သူ (၁)”