ငှက်ကြည့်သူ (၄)

ငှက်ကြည့်တဲ့ မိုင်တိုင် ၆၉ ကနေ တစ်မိုင်လောက်ဆက်မောင်းသွားရင် လမ်းဘယ်ဘက်မှာ တဲစုလေးရှိတယ်။ အနားမှာ သစ်ပင်ကြီးတစ်ပင် နဲ့နတ်စင်နှစ်ခုရှိတယ်။ အဲဒီသစ်ပင်က လည်း စားပင်ပဲ။ အခု အသီးတွေသီးနေပြီ။ မိုင်တိုင် ၆၉ အပင်က အသီးတွေ ကုန်ခါနီးရင် ဒီအပင်က အသီးတွေမှည့်တယ်တဲ့။ အဲဒီအချိန်ကျရင် ငှက်တွေက နတ်စင်အပင်ကို ပြောင်းပြီး စားကြ လိမ့်မယ်။ သဘာဝတရားကြီးက ငှက်လေးတွေ အစာရေစာမပြတ်အောင်ဖန်တီးပေးထားသလိုပဲ။ တဲစုလေးကို ကျော်ပြီးနည်းနည်းမောင်းလိုက်ရင် သစ်တော စစ်ဆေးရေးဂိတ်ရှိတယ်။ ဂိတ် ကျော် တာနဲ့ ကားလမ်းညာဘက်မှာ တောင်အောက်ကို ဆင်းသွားတဲ့လမ်းလေးရှိတယ်။ အဲဒါက ရဲနွယ် ဆည်ကို သွားတဲ့ လမ်းပဲ။ ဆည်ကိုသွားမယ်ဆိုရင် လူသွားလမ်းဖြစ်တဲ့အတွက် ကားကို လမ်းဘေးမှာ ရပ်ခဲ့ရမယ်။ လူသွားလမ်းထိပ်မှာ တဲလေးတစ်လုံးရှိတယ်။ အဲဒါက ရဲနွယ်ဆည်Continue reading “ငှက်ကြည့်သူ (၄)”

ငှက်ကြည့်သူ (၃)

“ အာကျဲခေါ” ဆိုတဲ့ ရွာလေးက ယူနန်ပြည်နယ် ယွမ်ရမ်ခရိုင်ထဲက ကျေးရွာလေးပါ။ ၂၀၁၃ ခုနှစ်မှာ ယွမ်ရမ်ခရိုင် တောင်တန်းတွေပေါ်က နှစ်ပေါင်း ၁၃၀၀ ကျော်သက်တမ်းရှိတဲ့ လှေကားထစ်စိုက်ခင်းတွေကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံ ရပါတယ်။ အာကျဲခေါ ရွာ လေးက လှေကားထစ်စိုက်ခင်းတွေကြားက ရွာလေး တစ်ရွာဖြစ်ပြီး ဟာနီ တိုင်းရင်းသားလူနည်းစု တွေနေထိုင်ပါတယ်။ ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်တော့ ခရီးသွားတွေရောက်လာ ကြ တယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေပဲ ပိုက်ဆံရပြီး ရွာလေးက ဘာမှ တိုးတက်မလာဘူး။ ဒါ့ အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်လိုက်တဲ့အတွက် ရွာသားတွေဘက်က ပတ်ဝန်းကျင်ထိန်းသိမ်း ေ ရးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေက ပိုများလာတယ်။ တစ်ဖက် မှာလည်း ခရီးသွားတွေကြောင့် အမှိုက်တွေရှုပ်လာတဲ့Continue reading “ငှက်ကြည့်သူ (၃)”

ငှက်ကြည့်သူ (၂)

ကိုး နာရီ ထိုးခါနီးလောက်မှာ ငှက်လေးတွေ ပေါ်လာတယ်။ သူတို့ကလည်း စားပင်ကို တိုက်ရိုက် လာတာမဟုတ်ဘူး။ အတော်ဝေးဝေးက အပင်တစ်ပင်မှာ အရင်နားကြတယ်။ ကံကောင်းချင် တော့ အဲဒီအပင်က အရွက်ကြွေနေတဲ့အတွက် ဓာတ်ပုံရိုက်လို့ကောင်းတယ်။ နေရောင်အောက် မှာ စိမ်းပြာရောင် ငူငှက်လေးတွေ၊ ခေါင်းအဝါ ရွှေရောင်နှုတ်သီးနဲ့ ဆက် ရက်(ဇရက်) ရွှေဝါတွေ နေစာလှုံနေတာ သစ်သီးလေး တွေ လိုပဲ။ ဇရက်တွေကြားထဲမှာ သာလိကာတစ်ကောင် နှစ်ကောင်ပါတယ်။ သာလိကာတွေက ခေါင်းမည်း၊ နှုတ်သီးအနီ ၊ လည်ပင်းမှာ အဝါရစ်လေးနဲ့ သေသေချာချာကြည့်မှ မြင်ရတယ်။ ငှက်ရွှေဝါလို့ခေါ်တဲ့ ငှက်လေး တစ်ကောင်လည်းတွေ့တယ်။ တကယ်တော့ ကျွန်တော်လည်း ငှက်တွေကို အမျိုးအစားမခွဲ တတ် ဘူး။ နားလည်သူကို မေးရတယ်။ ခဏနေတော့ ဇရက်တွေက စပြီးContinue reading “ငှက်ကြည့်သူ (၂)”

ငှက် ကြည့်သူ (၁)

နှစ်သစ် ကို ငှက်ကြည့်ခြင်း နဲ့ ကြိုဆိုဖို့အတွက် မနေ့ ( ဇန်နဝါရီ ၃ ရက်) မနက်လေးနာရီ ဆယ်ငါးမိနစ်မှာ အိမ်ကထွက်တယ်။ ကိုယ့်ကိုကိုယ် အစောဆုံးလို့ထင်ပေမယ့် အကြောင်း ကြောင်း နဲ့ သွားလာနေတဲ့ကားတွေ လမ်းပေါ်မှာ ရောက်နေပါပြီ။ ရန်ကုန်ဟာ တရားဝင် ထုတ်ပြန် ထားတဲ့ အိမ်မှာပဲ နေထိုင်ရန် အမိန့်ရယ်၊ မဖြစ်မနေ သွားလာဖို့လိုအပ်ချက်ရယ်၊ ပျင်းလို့၊ ငြီးငွေ့ လို့ အကြောင်းရှာပြီး အပြင်ထွက်တာရယ် ကြားမှ သဟဇာတဖြစ်အောင်နေတတ်နေပါပြီ။ဒါဟာ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေရဲ့ နေထိုင်မှုပုံစံသစ်ပါပဲ။ ထောက်ကြံ့လမ်းဆုံကျော်တော့ လမ်းညာဘက်မှာ ကုန်ကားတွေ၊ ဆီသယ်ယာဉ်တွေ နှစ်ထပ် ရပ်ထားတာတွေ့တယ်။ ကိုဗစ်ကြောင့် မျက်နှာငယ်နေရတဲ့ ရန်ကုန်သားတွေ တစ်မြို့တစ်ရွာ မသွားခင်ဆေးစစ်ဖို့စောင့်နေကြတာတဲ့။ အမြန်လမ်းပေါ်မှာတော့ အိမ်စီးကားငယ်လေးတွေ တွေ့တယ်။ ဒိုင်နာကားလေးတွေလည်းတွေ့တယ်။Continue reading “ငှက် ကြည့်သူ (၁)”

စွန်

မိုးယွန်းကြီးအင်း အနားက အိမ်တစ်အိမ်မှာ တွေ့ခဲ့ရတယ်။တစ်ချိန်က ကောင်းကင်မှာ လွတ်လပ်စွာပျံသန်း၊ စူးရှတဲ့မျက်လုံးအစုံနဲ့ သားကောင်ကို ရှာဖွေခဲ့ပေ မယ့် အခုတော့ လူလာရင် အစာကျွေး မလားဆိုတဲ့ အကြည့်နဲ့ ကြည့်တတ်နေပြီ။သူကတော့ လူတွေနဲ့ မိတ်ဆွေဖြစ်၊ သင့်မြတ်နေပြီလို့ ထင်ကောင်းထင်မှာပေါ့၊ ဧည့်သည် လာရင် ထုတ်ပြဖို့ အလှမွေးခံရတဲ့ဘဝကိုရောက်နေပြီဆိုတာ နားလည်နိုင်မှာမဟုတ်ဘူး။ဖမ်းမိတဲ့အချိန်က အတောင်ဖြတ်ခံရပေမယ့် အခုတော့ အတောင်စုံနေပြီ။ ဒါပေမယ့် ချည်ထားတဲ့ ကြိုးသေးသေးလေးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားတာမမြင်ခဲ့ရဘူး။အတောင်စုံနေပြီဆိုတော့ လွတ်သွားမှာ မစိုးရိမ်ဘူးလားလို့မေးတဲ့အခါ ပိုင်ရှင်က“ သူ အစာရှာမစားတတ်တော့ဘူး” တဲ့။