ငွေစင်ရော်

အစာတောင်းရော့သလားကောင်းပါပြီစင်ရော်ပျိုရဲ့စာဆိုမှာ လိုမပြည့်သော်လည်းဖြည့်ဖို့ရန် အဆင်သင့်ပါကွဲ့စေတနာသဒ္ဓါပွင့်တွေကလန်းတင့်ကြူစွာ။ ( မင်းသုဝဏ်၏ ငွေစင်ရော်ကဗျာမှ )

ရဲနွယ် သဘာဝရှုခင်းအလှ

အောင်လောင် ငှက်တွေကို ကြည့်တဲ့နေရာက မြို့ချောင်း – မင်းလှ ကားလမ်း မိုင်တိုင် ၆၉ ၊ အဲဒီကနေ ဆက်သွားရင် မိုင်တိုင် ၆၄ မှာ ရဲနွယ်ဆည်ကို အပေါ်စီးက လှမ်းမြင်ရတဲ့ ရှုခင်း သာ နေရာရှိတယ်။ “ ရဲနွယ် သဘာဝရှုခင်းအလှ Ye Nwe View Point ( 8 Mile ) ” ဆိုတဲ့ ဆိုင်း ဘုတ်ထောင်ထားတယ်။ အခု လို ဆောင်းရာသီမှာ အဲဒီနေရာက ကြည့်ရင် တိမ်ပင်လယ် မြင်ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ရောက်ချိန်မှာ နေ့လယ် ၁၂ နာရီလောက်ဆိုတော့ မှန်/ မမှန် မသိနိုင်ဘူး။ သို့သော် ဘာပဲ ဖြစ်ဖြစ်Continue reading “ရဲနွယ် သဘာဝရှုခင်းအလှ”

ငှက်ကြည့်သူ (၄)

ငှက်ကြည့်တဲ့ မိုင်တိုင် ၆၉ ကနေ တစ်မိုင်လောက်ဆက်မောင်းသွားရင် လမ်းဘယ်ဘက်မှာ တဲစုလေးရှိတယ်။ အနားမှာ သစ်ပင်ကြီးတစ်ပင် နဲ့နတ်စင်နှစ်ခုရှိတယ်။ အဲဒီသစ်ပင်က လည်း စားပင်ပဲ။ အခု အသီးတွေသီးနေပြီ။ မိုင်တိုင် ၆၉ အပင်က အသီးတွေ ကုန်ခါနီးရင် ဒီအပင်က အသီးတွေမှည့်တယ်တဲ့။ အဲဒီအချိန်ကျရင် ငှက်တွေက နတ်စင်အပင်ကို ပြောင်းပြီး စားကြ လိမ့်မယ်။ သဘာဝတရားကြီးက ငှက်လေးတွေ အစာရေစာမပြတ်အောင်ဖန်တီးပေးထားသလိုပဲ။ တဲစုလေးကို ကျော်ပြီးနည်းနည်းမောင်းလိုက်ရင် သစ်တော စစ်ဆေးရေးဂိတ်ရှိတယ်။ ဂိတ် ကျော် တာနဲ့ ကားလမ်းညာဘက်မှာ တောင်အောက်ကို ဆင်းသွားတဲ့လမ်းလေးရှိတယ်။ အဲဒါက ရဲနွယ် ဆည်ကို သွားတဲ့ လမ်းပဲ။ ဆည်ကိုသွားမယ်ဆိုရင် လူသွားလမ်းဖြစ်တဲ့အတွက် ကားကို လမ်းဘေးမှာ ရပ်ခဲ့ရမယ်။ လူသွားလမ်းထိပ်မှာ တဲလေးတစ်လုံးရှိတယ်။ အဲဒါက ရဲနွယ်ဆည်Continue reading “ငှက်ကြည့်သူ (၄)”

ငှက်ကြည့်သူ (၃)

“ အာကျဲခေါ” ဆိုတဲ့ ရွာလေးက ယူနန်ပြည်နယ် ယွမ်ရမ်ခရိုင်ထဲက ကျေးရွာလေးပါ။ ၂၀၁၃ ခုနှစ်မှာ ယွမ်ရမ်ခရိုင် တောင်တန်းတွေပေါ်က နှစ်ပေါင်း ၁၃၀၀ ကျော်သက်တမ်းရှိတဲ့ လှေကားထစ်စိုက်ခင်းတွေကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံ ရပါတယ်။ အာကျဲခေါ ရွာ လေးက လှေကားထစ်စိုက်ခင်းတွေကြားက ရွာလေး တစ်ရွာဖြစ်ပြီး ဟာနီ တိုင်းရင်းသားလူနည်းစု တွေနေထိုင်ပါတယ်။ ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်တော့ ခရီးသွားတွေရောက်လာ ကြ တယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေပဲ ပိုက်ဆံရပြီး ရွာလေးက ဘာမှ တိုးတက်မလာဘူး။ ဒါ့ အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်လိုက်တဲ့အတွက် ရွာသားတွေဘက်က ပတ်ဝန်းကျင်ထိန်းသိမ်း ေ ရးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေက ပိုများလာတယ်။ တစ်ဖက် မှာလည်း ခရီးသွားတွေကြောင့် အမှိုက်တွေရှုပ်လာတဲ့Continue reading “ငှက်ကြည့်သူ (၃)”

ငှက်ကြည့်သူ (၂)

ကိုး နာရီ ထိုးခါနီးလောက်မှာ ငှက်လေးတွေ ပေါ်လာတယ်။ သူတို့ကလည်း စားပင်ကို တိုက်ရိုက် လာတာမဟုတ်ဘူး။ အတော်ဝေးဝေးက အပင်တစ်ပင်မှာ အရင်နားကြတယ်။ ကံကောင်းချင် တော့ အဲဒီအပင်က အရွက်ကြွေနေတဲ့အတွက် ဓာတ်ပုံရိုက်လို့ကောင်းတယ်။ နေရောင်အောက် မှာ စိမ်းပြာရောင် ငူငှက်လေးတွေ၊ ခေါင်းအဝါ ရွှေရောင်နှုတ်သီးနဲ့ ဆက် ရက်(ဇရက်) ရွှေဝါတွေ နေစာလှုံနေတာ သစ်သီးလေး တွေ လိုပဲ။ ဇရက်တွေကြားထဲမှာ သာလိကာတစ်ကောင် နှစ်ကောင်ပါတယ်။ သာလိကာတွေက ခေါင်းမည်း၊ နှုတ်သီးအနီ ၊ လည်ပင်းမှာ အဝါရစ်လေးနဲ့ သေသေချာချာကြည့်မှ မြင်ရတယ်။ ငှက်ရွှေဝါလို့ခေါ်တဲ့ ငှက်လေး တစ်ကောင်လည်းတွေ့တယ်။ တကယ်တော့ ကျွန်တော်လည်း ငှက်တွေကို အမျိုးအစားမခွဲ တတ် ဘူး။ နားလည်သူကို မေးရတယ်။ ခဏနေတော့ ဇရက်တွေက စပြီးContinue reading “ငှက်ကြည့်သူ (၂)”