၂၀၂၀ ကိုဗစ် ဒုတိယလှိုင်းကာလထဲက ဗိုလ်တထောင်ဆိပ်ကမ်းကို မရောက်တာဆိုတော့ နှစ်နှစ် နီးပါးရှိပြီပေါ့။ ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ ဗိုလ်တထောင်ဘုရားကိုလာတော့ ဆိပ်ကမ်းမှာ ညဈေး တန်းနဲ့ အတော်စည်ကားနေတာမြင်ခဲ့ရတယ်။ ဒါနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေစောင်းမှာ ဈေးတန်းလေ ျှာက်ဖို့ တစ်ခေါက်ပြန်သွားခဲ့တယ်။ ကားကို ဗိုလ်တထောင်ဘုရားလမ်း အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်ကျောင်းရှေ့မှာ ရပ်ပြီး ခြေလျင် ခရီးဆက်ခဲ့တယ်။ ကမ်းနားလမ်းကို လူကူးတံတားပေါ်က ဖြတ်တယ်။ တံတားမှာ စက်လှေကားရှိပေမယ့် အလုပ်မလုပ်ဘူး။ ဘေးနံရံမှာတော့ စက်လှေကားကို နေ့လယ်ဘက်မှာ တစ်နာရီ အနားပေးမယ် လို့ အသိပေးထားတဲ့ ဗီနိုင်းဆိုင်းဘုတ် ကပ်ထားတယ်။ အခုလို ညနေဘက်မှာ စက်လှေကား အလုပ်မလုပ်တာတော့ မီးမလာလို့များလား၊ ဒါပေမယ့် မီးပွိုင့်တွေတော့ အလုပ်လုပ်နေသားပဲ။ အရှည်မတွေးတော့ဘူး။ မလုပ်ရင် မလုပ်ဘူးလို့ မှတ်ပြီးContinue reading “ဆည်းဆာ ဆိပ်ကမ်း”
Tag Archives: YangonRiver
ငွေစင်ရော်
အစာတောင်းရော့သလားကောင်းပါပြီစင်ရော်ပျိုရဲ့စာဆိုမှာ လိုမပြည့်သော်လည်းဖြည့်ဖို့ရန် အဆင်သင့်ပါကွဲ့စေတနာသဒ္ဓါပွင့်တွေကလန်းတင့်ကြူစွာ။ ( မင်းသုဝဏ်၏ ငွေစင်ရော်ကဗျာမှ )