တောနဲ့ တောင်သူ

ပဲခူးရိုးမတောင်ခြေက ကြိုးပြင်တောတွေမှာရော၊ ကြိုးဝိုင်းထဲမှာပါ ယာကွက်လေးတွေ ရှိ တယ်။ အဓိကကတော့ ရွာပတ်လည်မှာ လယ်မြေသစ်ထွင်ဖို့ နေရာမရှိတော့တဲ့အတွက် တောထဲ ရောက် လာတာပါပဲ။ တောင်ကြားလွင်ပြင်တွေမှာ ၊ တောင်စောင်းတွေမှာ ခုတ်ထွင်ရှင်းလင်းပြီး လုပ်ကိုင် လာကြတာ နှစ်လေးငါးခြောက်ဆယ်ရှိတော့မယ်။ ဗကပတွေ ချုပ်ငြိမ်းသွားထဲက တစ်ဖြေးဖြေး နဲ့ ရွှေ့လာကြတာပေါ့။ အကို၊ ညီ နဲ့ ညီမ သုံးယောက်ပေါင်း ၁၅ ဧကလောက်ရှိတဲ့ တောင်ကြား လွင်ပြင်ကို ခွဲဝေလုပ်ကိုင်နေတာလည်းတွေ့ရတယ်။ တစ်ချို့ကတော့ မိသားစုနဲ့ကိုယ် လယ်ထဲမှာ အမြဲနေတယ်။ တစ်ချို့ကတော့ သွားလိုက်၊ ပြန် လိုက်ပေါ့။ တောင်ကြားရေရတဲ့နေရာမှာ စပါးစိုက်တယ်။ စပါးစိုက်လို့မကောင်းတဲ့နေရာမှာ နှမ်း စိုက်တယ်။ နှမ်းရိတ်ပြီးတာနဲ့ မြေပဲဆက်စိုက်တယ်။ ချောင်းဘေးနေရာတွေကတော့ နှမ်းနဲ့ မြေပဲ အဓိကပေါ့။ တောင်စောင်းတွေကတော့Continue reading “တောနဲ့ တောင်သူ”

ဆင်လဲ ချောင်း

မြေပုံမှာက ခြင်ရဲချောင်း ( Chinye Chaung) ၊ ဒါပေမယ့် ဒေသခံတွေက ဆင်လဲချောင်း လို့ပဲ ခေါ်တယ်။ အဲဒီချောင်းမှာ ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာဟိုတယ်ကိုလာတည်းတဲ့ ဧည့် သည်တွေ လည်ပတ်လေ့ရှိတဲ့ ရေတံခွန်တစ်ခုရှိတယ်။ ဒီဆင်လဲချောင်းကလည်း ဒဏ္ဍာရီပုံပြင်နဲ့ပဲ။ ပျူမင်းသားတစ်ပါးက စစ်ရှုံးလို့ ဆင် ကိုးကောင် နဲ့ ရတနာတွေတင်ပြီး ထွက်ပြေးရတယ်။ လမ်းမှာဆင်တွေပင်ပန်းပြီး သေကုန်လို့ ပစ္စည်းတွေ ပြောင်း တင်ရင်းနဲ့ နောက်ဆုံးဆင်တစ်ကောင်ပဲကျန်တော့တယ်။ အဲဒီဆင်ကလည်း ဒီချောင်းကို ရောက် တော့ မသွားနိုင်တော့ပဲ လဲကျသွားတယ်။ ဒါနဲ့ဆင်လဲချောင်း လို့ခေါ်တယ်။ ဆင်နောက်ဆုံး ခေါင်းချတဲ့ ( သေဆုံး) တဲ့ နေရာက ကျောက်ကုတင်ခွက်ကြီးကိုတော့ ဆင်ခေါင်း အိုင်လို့ခေါ်တယ်။ ဒီဒေသကလူတွေက တောင်ကျချောင်းတွေမှာတစ်နှစ်ပတ်လုံး ရေရှိနေတဲ့ ကျောက်အိုင်ကြီးတွေကို ကျောက်ကုတင်ခွက်လို့ခေါ်တယ်။Continue reading “ဆင်လဲ ချောင်း”

တောပျော်

နေ့ကလေးထိန်းကျောင်းလား ၊ မကြားဖူးဘူး။ အဖေ နဲ့ အမေ ပဲဆွတ်၊ ကျွန်တော်က တဲနားမှာ ကစား။ ဘာကိုမှ မကြောက် သားကိုထိ ၊ ဓားကြည့်ဆိုတဲ့ အဖေရှိတယ်။

ဦးပေါက်

ဦးပေါက်၊ မှတ်ပုံတင်ထဲက နာမည်က မြင့်ရွှေ၊ ဒါပေမယ့် အဖေက ချစ်လို့ ငယ်ငယ်ထဲက “ ပေါက် ကလေး၊ ပေါက်ကလေး” နဲ့ခေါ်လာတာ။ ကြီးတော့ ပေါက်ကြီး ၊ဒီလိုနဲ့ အခု အသက်ခြောက်ဆယ် အထိ ဦးပေါက်ကြီး ဆိုမှပဲ လူသိတော့တယ်။ မြင့်ရွှေ ဆိုရင် ဘယ်သူမှမသိဘူး။ ဦးပေါက်ရဲ့ ချစ်ဇနီးက မကရင်မ။ သူ့မှတ်ပုံတင်နာမည်က မစန်းတင်။ ဒါပေမယ့် သူကို မွေးတဲ့အချိန် မှာ အဖေက အစိုးရရဲ့ ခြောက်ပင် ကျွန်းစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့အချိန်။ ကရင်ရွာတွေနားမှာ မွေးလို့လား၊ ကရင်မလေးနဲ့တူလို့လားမသိဘူး။ ငယ်ငယ်ထဲက ကရင်မလို့ခေါ်လိုက်တာ အခု ထိ ကရင်မပဲ။ ခြောက်ပင်ကျွန်းခင်းက ကျွန်မနဲ့ မွေးဘက် လို့ ဆိုတယ်။ ဦးပေါက် ဇာတိက အိုးတင်းကုန်းရွာ၊Continue reading “ဦးပေါက်”

လေပွေတောင်

ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာ Bago Yoma Eco Resort မှာလာတည်းတဲ့ ဧည့်သည် တွေ အတော်များများက တောလမ်းခရီးသွားကြတယ်။ အများဆုံးသွားတာ ရေတံခွန်ပေါ့။ ရေတံခွန် နှစ်ခု ရှိတယ်။ တစ်ခုက ဟိုတယ်နဲ့ နီးတဲ့ ဆင်လဲအိုင်ရေတံခွန်၊ နောက်တစ်ခုက ကားလမ်း အတိုင်းသွားရတဲ့ ကရင်မသေရေတံခွန်။ အဲဒီရေတံခွန်တွေက လမ်းပေါ်ကနေ နာရီဝက်လောက် ခြေလျင်သွားရင်ရောက်ပြီ။ ငှက်ကြည့်သွားတဲ့သူတွေ သွားတဲ့နေရာတွေက သတ် သတ်ရှိတယ်။ အဲဒါကတော့ ရာသီအလိုက်ငှက်အကျများ တဲ့နေရာတွေ ကို ရွေးပြီးသွားရတာပါ။ ကျွန်တော်ကတော့ ဧည့်သည်တွေသွားလေ့မရှိတဲ့ လေပွေတောင်ကို တက်ဖို့ရွေးခဲ့တယ်။ သာမန် အားဖြင့် ခရီးအချိန်ကြာတာရယ်၊ အဆင်းမတ်စောက်တာကြောင့် ချော်လဲတာ ဒဏ်ရာရတာ ဖြစ် မှာ စိုးရိမ်လို့ ဒီခရီးကို စီစဉ်ပေးလေ့မရှိဘူး။ ကျွန်တော်ကတော့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ပါ တယ်Continue reading “လေပွေတောင်”

တောင်ပေါ်ဈေး

ပေါက်ခေါင်း – အုတ်တွင်းလမ်းပေါ်မှာ ညောင်ဝန်း၊ ပေါ်လံကြီး၊ ရွှေတောင် ငွေတောင် ၊ ကရင်မသေ စတဲ့ ရွာတွေရှိသလို မီးသွေးဖုတ် ၊ ဝါးခုတ်နေတဲ့ တဲစုလေးတွေလည်း ရှိတယ်။ အဲဒီ လိုပဲ ကျွန်းစိုက်ခင်းစောင့်၊ လမ်းပြင်၊ ကေဘယ်လ်ကြိုးလိုင်းတူး စတဲ့လုပ်ငန်းတွေကို လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေရဲ့ တဲတွေရှိတယ်။ လမ်းပြင်တဲ့သူ၊ ကေဘယ်လ်ကြီုးလိုင်း တူးတဲ့သူတွေကတော့ တစ်နေရာပြီး တစ်နေရာရွှေ့နေတာပါ။ အဲဒီလိုနေထိုင်သူတွေအတွက် မနက်ခင်းဈေးကတော့ ပေါက်ခေါင်းကနေ တက်လာတဲ့ ဆိုင် ကယ်ဈေးသည်တွေပါပဲ။ မနက် ခြောက်နာရီ၊ ခုနှစ်နာရီဆိုရင် သူတို့တက်လာကြပြီ။ ခြင်း တောင်း နှစ်တောင်းထဲမှာ အသီးအနှံတွေ၊ ခြင်းတောင်းဘေးပတ်လည်မှာ ကြက်သား၊ ဝက်သား၊ ငါး နဲ့ အသီးအရွက်အထုတ်လေးတွေချိတ်လို့။ ဘုရားပန်းတွေနဲ့တက်လာတဲ့ ဘီးလည်းရှိတယ်။ ကြက်သား၊ ဝက်သား၊ အမဲသားContinue reading “တောင်ပေါ်ဈေး”

ဆိတ်ငြိမ်ရာ (၃)

သဘာဝတောကြီးနဲ့ အံဝင်ခွင်ကျဖြစ်အောင် တည်ဆောက်ထားတဲ့ ပဲခူးရိုးမ သဘာ၀ အပန်းဖြေစခန်းသာ Bago Yoma Eco Resort မှာ ထူး ထူး ခြားခြား နှစ်သက်မိတဲ့အဆောက်အဦ နှစ်ခုရှိတယ်။ ဧည့်ကြိုဆောင် ဟိုတယ်တွေမှာ ဧည့်ကြိုဆောင်ဆိုတာ နေရာကျယ်ကျယ်ထားတယ်။ ဧည့်သည်တွေ အကြောင်း အမျိုးမျိုးနဲ့ စောင့်ဆိုင်းနိုင်ဖို့အတွက် ခုံတွေရှိတယ်။ ဟိုတယ်ကြီးတွေဆိုရင်တော့ ကော်ဖီဆိုင်၊ ဘားတို့နဲ့တွဲထားတာပေါ့။ ဒီဟိုတယ်မှာတော့ ဧည့်ကြိုဆောင်ကို တောင်ကမ်းပါးလေးက သစ်ပင်ကြီးတွေကြားမှာ ဆောက် ထားတဲ့အတွက် နေရာအကျယ်ကြီးမလုပ်ထားဘူး။ ကောင်တာရှေ့မှာ ထိုင်ခုံ နှစ်စုံ ဆန့်တဲ့ နေ ရာရှိတယ်။ အမှတ်တရ ပစ္စည်းရောင်းတဲ့နေရာလေးရှိတယ်။ အပြင်ဘက်မှာ ကပြင်ရှိတယ်။ ထိုင်စရာခုံတန်းတစ်ခု ရှိတယ်။ စက်ဘီးလေးတွေ ထားဖို့ နေရာရှိတယ်။ ဒါပဲ။ ဗိသုကာဆရာက မြေပြင်မှာ နေရာကျယ်ကျယ်မယူနိုင်တဲ့ အခြေအနေကိုContinue reading “ဆိတ်ငြိမ်ရာ (၃)”

ဂုံခါး

ရိုးမပေါ်တက်ပြီး ဂုံခါး တူးမယ့်သူ။ ဆိုင်ကယ်မှာ ဓားရယ်၊ ပေါက်တူးရယ်ပါတယ်။ ရိုးမပေါ်ကို ဆိုင်ကယ်နဲ့တက်နိုင်သလောက် တက်တယ်။ လိုအပ်ရင် ပေါက်ပြားနဲ့ လမ်းနည်းနည်းချဲ့တယ်။ မရတော့တဲ့အခါ ခြေလျင် ခရီး နဲ့ တောတိုးပြီး ဂုံခါးရှာရတယ်။ ဂုံခါးကို ကွမ်းယာမှာထည့်စားသလို တိုင်းရင်းဆေးမှာလည်း သုံးတယ်။ တရုတ်ကိုလည်း ပို့တယ်။ ကိုရီးယားအထိတောင် ပို့ခဲ့ဖူးတယ်လို့ဆိုတယ်။ ဒီတောင် ပေါ်မှာတော့ ကုန်သည်တွေက တစ်ပိဿာ ၁၃၀၀ ဈေးကောက်တယ်။ ဂုံခါး ပင်က နွယ်ပင်ဖြစ်ပြီး အမြစ်ကို တူးရတယ်။ ကားလမ်းဘေးက တောတွေထဲမှာ ရှိပေမယ့် အပင်သေးတယ်။ ရိုးမပေါ်က အပင်တွေမှာ အမြစ် နှစ်ပိဿာ၊ သုံးပိဿာလောက်ရတယ်လို့ ဆိုတယ်။ ကံလိုက်တဲ့နေ့ဆိုရင် တစ်နေ ဆယ်ပိဿာ လောက်အထိ ရတယ်။

ကြိမ်ချောင်း

ကြိမ်ချောင်းဆိုတဲ့ တောင်ပေါ်ကရင်ရွာလေးက ပြည် – အုတ်တွင်း ကားလမ်း မိုင်တိုင် ၄၆ /၂ ကနေ ခြောက်မိုင်လောက်ဝင်ရတဲ့ ရိုးမပေါ်က ရွာလေး။ ကြိမ်ချောင်း ချောင်းဖျားဆိုတာက ကြိမ်ချောင်းကနေ နောက်ထပ်တစ်နာရီလောက်ထပ်သွားရတယ်။ ဒီရွာတွေကို ကားလမ်း၊ဆိုင်ကယ် လမ်း မပေါက် သေးဘူး။ အဲဒီရွာတွေကနေ ဖျံဥ၊ တောင်ယာ ငရုတ်၊ နှမ်း စတာတွေကို ကားလမ်းပေါ်က ပေါ်လံကြီး ရွာမှာ လာရောင်းတယ်။ အပြန်မှာ ဆီ၊ ဆား၊ အချိုမှုန့်၊ လက်ဖက်ခြောက်တွေ ပြန်ဝယ်သွားကြတယ်။ ရေကျိုငါးပိကတော့ တစ်နှစ်စာ ဝယ်လှောင်ထားတယ်။ ဆန်ကတော့ တောင်ယာကထွက်တာပေါ့။ အသီး အရွက်ကလည်း တောင်ယာကပဲ။ အသား ကတော့ အမဲလိုက်လို့ရရင်စား၊ ဒါမှမဟုတ် ရွာမှာပေါ်ရင်ဝယ်စားပေါ့။ ဆယ်စုနှစ်များစွာအတွင်း သူတို့ဘဝတွေမှာ ထူးထူးခြားခြား ပြောင်းလဲသွားတာဆိုလို့Continue reading “ကြိမ်ချောင်း”

ဆိတ်ငြိမ်ရာ (၂)

ရန်သူမျိုးငါးပါးထဲမှာ အသံ တစ်ပါး ထပ်တိုးထားတဲ့ ရန်သူမျိုးခြောက်ပါး ရှိရာရန်ကုန်ကနေ ခရီးထွက်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်က နားအေးပါးအေးနေချင်ရင် ပေါက်ခေါင်း ၊ အုတ်တွင်း လမ်းပေါ်က Bago Yoma Eco Resort ကိုသွားလို့ အကြံပေးတယ်။ အနီးဆုံးရွာနဲ့ ငါးမိုင် လောက် ဝေးတယ်။ အခန်းထဲမှာ ဖုန်းမမိဘူး။ အင်တာနက်မရဘူး။ တီဗီမရှိဘူး။ သူပြောတဲ့ ဘာမှ မရှိဘူးဆိုတာနဲ့တင် အဲဒီအပန်းဖြေစခန်းသာလေးကို သွားဖို့ လုံလောက်သွားပြီ။ ဒီခရီးမှာ ရည်ရွယ်ချက်သုံးခုရှိတယ်။ ပထမတစ်ခုက စိတ်အေးလက်အေး နားအေး ပါးအေး နားဖို့၊ ဒုတိယတစ်ခုက ကိုယ့်ရဲ့ ခရီးဝေး ကားမောင်းနိုင်စွမ်းကို စမ်းသပ်ချင်လို့၊ နောက်ဆုံးတစ် ချက်က တော့ တောတောင်ထဲမှာ ခြေလျင်ခရီးကြမ်းနှင်ဖို့ဖြစ်ပါတယ်။ လမ်းကြောင်း ရန်ကုန်ကနေ ဒီအပန်းဖြေစခန်းကို လာဖို့ လမ်းကြောင်းသုံးခုရှိတယ်။Continue reading “ဆိတ်ငြိမ်ရာ (၂)”