လူဝင်စား ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ပုဂံမှာ အလှူလုပ်တယ်ဆိုတာ ညောင်ဦးမြို့နယ် ရွာတစ်ရွာက ကလေး တွေ လိုအပ်နေတဲ့ စာအုပ်တွေ၊ စာရေးကိရိယာတွေ သွားဝေမျှပေးတာပါ။ ကျွန်တော်တို့ က လှူဒါန်းမဲ့ ပစ္စည်း တွေ ကို လိုက်ထရပ်နဲ့ သယ်သွားတယ်။ နောက် ကျွန်တော်တို့ စီးနေကြ တုတ်တုတ်ကိုလည်း ခေါ်သွားတယ်။ ကျွန် တော်တို့ က လိုက်ထရပ်ကို ပစ္စည်းတွေချပြီးရင် ပြန်လွှတ်လိုက်မယ်၊ လှူဒါန်းမှု ကိစ္စတွေ ပြီးရင် တုတ်တုတ်နဲ့ ဇီးအိုရွာဘက် ကို သွားမယ်ဆိုပြီး စီစဥ်ထားတာပါ။ ဒါ့ကြောင့် ရွာရောက်လို့ ပစ္စည်းတွေချပြီးတဲ့အခါ ကားဆရာ( ပိုင်ရှင်လည်း သူပါပဲ) ကို ပြန်လို့ရပြီလို့ အသိ ပေးလိုက်တယ်။ အဲဒီအခါမှာ သူက “ ကျွန်တော်လည်းမပြန်သေးဘူး၊ သမီးတွေနဲ့ တွေ့ဦးမယ်”Continue reading “ပုဂံမြင်ကွင်းကျယ် ( ၁၅) “