ခြစ်မယ် ၊  ညှစ်မယ် 

ခြစ်မယ်၊ ညှစ်မယ် ရဲ့ ဇာတ်လမ်းအစကတော့ ကျွန်တော်ပဲပေါ့။ ဖေ့စ်ဘွတ်ပေါ်က  ရန်ကုန်မြို့   စားသောက်ဆိုင် အညွှန်းတွေကို ဖတ်ရင်း  အုန်းထမင်းနဲ့ အမဲနှပ် စားချင်စိတ်ပေါက်လာတယ်။ အိမ်မှာ အဆိုတင်သွင်းလိုက်တော့ ကန့်ကွက်သူမရှိ အတည်ပြုကြတယ်။အဲဒီမှာ အုန်းထမင်းချက်ဖို့အတွက် အုန်းသီး ညှစ်ဖို့ တာဝန်က ကျွန်တော့် တာဝန်ဖြစ်လာတယ်။  ဒါနဲ့ မနက်စောစော လမ်းလျှောက်ထွက်ရင်း အုန်းသီး ခြစ်လို့ ညှစ် လို့ရမယ့် နေရာကို စုံစမ်းလိုက်တော့ အိမ် ကနေ   ဆယ့်ငါး မိနစ်လောက်လျှောက်ရတဲ့လမ်းသွယ်လေးထဲမှာရှိတယ်လို့ သိရတယ်။ ပြောတဲ့သူကလည်း နေရာတိတိကျကျ သိတာမဟုတ်ဘူး။ ဒီတော့ လမ်းလျှောက်ရင်း အဲဒီလမ်းထိပ်ကို အရင်သွားလိုက်တယ်။    အဲဒီ လမ်းထိပ်အနားမှာတွေ့တဲ့ ကွမ်းယာဆိုင်ကို မေးလိုက်တော့ “လမ်းထဲဝင်သွား၊ လမ်းအလယ်လောက်မှာ  “ငွေဖြည့် ကတ်မျိုးစုံရောင်း သည်”ဆိုတဲ့ ဆိုင်းဘုတ်နဲ့ စတိုးဆိုင်လေးရှိတယ်။ အဲဒီစတိုးဆိုင်နဲ့ မျက်နှာချင်းဆိုင် က အိမ်မှာ အုန်သီးညှစ်လို့ ရတယ်”လို့Continue reading “ခြစ်မယ် ၊  ညှစ်မယ် “

ဥ – ကြက်ဥ

“ဟိုဘက်ခြံထဲက ကြက်ဖ နဲ့ကျုပ်ကြက်မ နဲ့ ညားသူတို့ချစ်ခြင်းရဲ့ချစ်သက်သေအိမ်မှာ ဥ တစ်လုံးကျ” အရိုး က ကြက်ဥ တစ်လုံးအကြောင်းကို “ ဥ ” ဆို ပြီး ရေးဖွဲ့သီဆိုတော့ ကြက်ဥ အကြောင်းများ သီချင်းလုပ်စရာလား လို့တွေးခဲ့ဖူးတယ်။ ကိုဗစ် ကာလမှာ မဖြစ်မနေ မှ အပြင်ထွက်ရတယ်၊ အပြင်ထွက်တဲ့သူကလည်း အိမ်မှာ ဘာလိုလဲ၊ ဘာကိစ္စလုပ်ဖို့ရှိလဲ မေးသွားပြီး ကိစ္စအားလုံးကို ပြတ်အောင်လုပ်ခဲ့ရတယ်။ လူတစ်ယောက် ကိစ္စ တစ်ခု နဲ့ အိမ်ရှိ လူကုန် အပြင်ထွက်နေလို့ကောင်းတဲ့ခေတ်မဟုတ်တော့ဘူး။ ဒီနေ့ ကိစ္စတစ်ခုနဲ့ အပြင်သွားရမယ်ဆိုတော့ ကြက်ဥ မှာတယ်။ ကြက်ဥ ဝယ်ခဲ့ ဆိုတဲ့ စကားလုံး ကို “ ရအောင်ဝယ်ခဲ့” ဆိုတဲ့ စကားနဲ့ နောက်ဆက်တွဲContinue reading “ဥ – ကြက်ဥ”