DVB ရဲ့ ဂျင်း သတင်း

မတ်လ ၂၂ ရက် ( မနေ့က ) DVB သတင်းဌာနက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က မြန်မာနိုင်ငံ အတွင်းမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ မြင့်မားလာတာကို တုန့်ြ့ပန်တဲ့အနေနဲ့ အမေရိကန်အစိုးရက အရာရှိနှစ်ဦးနဲ့ စစ်ဌာနချုပ်နှစ်ခုကို ခန့်အပ်တာဝန်ပေးလိုက်ပြီ လို့တွစ်တာမှာ ရေးထားတဲ့အကြောင်း သတင်းဖော်ပြခဲ့တယ်။ ( ပုံ ၁ ) အဲဒီသတင်းကို မြင်တဲ့အခါ တစ်ဆင့်ခံ သတင်းဖြန့်ချိသူတွေက အမေရိကန်တပ်ဖွဲ့ကြီးပဲ လာတာ့မလိုလို မှတ်ချက်တွေရေးပြီး မ ျှဝေနေကြတယ်။ တကယ်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောတာက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာနောက်ထပ် မြန်မာအရာရှိကြီး နှစ်ယောက်နဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့နှစ်ခုကို ထပ်တိုးလိုက်တဲ့ အကြောင်းပြောတာဖြစ်ပါတယ်။ ဒါ့ကြောင့် Designating လို့ သုံးနှုန်းထား တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောတဲ့ သတင်းအပြည့်အစုံကိုContinue reading “DVB ရဲ့ ဂျင်း သတင်း”

DVB နဲ့ ကျွန်တော်

( မတ်လ ၈ ရက်နေ့ ထုတ်ဝေခြင်းလုပ်ငန်းပိတ်သိမ်းခံရတဲ့ မီဒီယာငါးခုလုံးမှာ ကျွန်တော်နဲ့ လုပ်ငန်းသဘောအရ ခင်မင်သိကျွမ်းခဲ့၊ အပြန်အလှန်ဆက်ဆံခဲ့ရတဲ့ သတင်းထောက်တွေရှိပါ တယ်။ ဒါပေမယ့် ဆဲဗင်းဒေး၊ DVB နဲ့ မဇ္ဈိမ သတင်းဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီး ဌာန ရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ( ၂၀၁၁ – ၂၀၁၆) မှာ ပါဝင်ကူညီခဲ့ဖူးတဲ့အတွက် ပိုပြီး အမှတ်တရ ဖြစ် ရပါတယ်။ သူတို့ ကူညီတယ်ဆိုတာ က အစိုးရကို ဖော်လံဖားတာမျိုးမဟုတ်ပါဘူး။ သတင်း သမား ရဲ့ အလုပ်ဖြစ်တဲ့ အစိုးရကို ဝေဖန် ထောက်ပြတာလည်း လုပ်တယ်။ တစ်ဖက်ကလည်း မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဥပဒေပြုရေး၊ လေ့ကျင့်ရေး ကိစ္စတွေမှာ ကူညီ ပေးခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ရရှိရေးမှာ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်နဲ့Continue reading “DVB နဲ့ ကျွန်တော်”