ဂါဇာ ဟားမားစ် ဘယ်လဲ

ဂါဇာကမ်းမြှောင်ဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်ပဋိပက္ခက ဒီနေ့ လူတိုင်းစိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်  နေတဲ့အတွက်ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီးသိသင့်သိထိုက်တဲ့အချက်အလက်များကိုမျှဝေပေးလိုက်  ပါ တယ်။ ဂါဇာကမ်းမြှောင်ဒေသ ဂါဇာကမ်းမြှောင်ဒေသဆိုတာက အစ္စရေးနိုင်ငံနဲ့ မြေထဲပင်လယ်ကြားထဲက စတုရန်းမိုင် ၁၄၁ မိုင်ပဲ ရှိတဲ့ နယ် မြေ ဖြစ်ပါတယ်။ ( မြေပုံကိုကြည့်ပါ) တစ်ဖက်မှာ မြေထဲပင်လယ်ကမ်းခြေရှိတယ်၊ အီဂျစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နမိတ်က ၆ ဒဿမ ၈ မိုင်ရှိပြီး အစ္စရေးနဲ့ ထိစပ်နေတဲ့နယ်နမိတ်က ၃၂ မိုင်ရှိတယ်။ စတုရန်းမိုင် ၁၄၁ မိုင်မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ တတိယမြောက် လူဦးရေ သိပ်သည်းမှု အများဆုံးဒေသ လည်းဖြစ်တယ်။ ဂါဇာကမ်းမြှောင်ဒေသဟာ ၁၆ ရာစုနှစ်ကနေ ၁၉၁၈ ခုနှစ်အထိ  တူရကီအော်တိုမန်အင်ပါယာရဲ့Continue reading “ဂါဇာ ဟားမားစ် ဘယ်လဲ”