ကျိုက္ကလဲ့ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ၁၂ -၄-၂၀၂၂ မှာ ကျိုက္ကလဲ့ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ကျိုက္ကလဲ့ဘုရားက ရန်ကုန်မြို့စွန်က ဘုရားလို့ဆိုနိုင်ပါတယ်။ ရန်ကုန်- ပြည်ကားလမ်းအတိုင်း ထောက်ကြန့်ဘက်ကို ထွက်လာရင် ခရေပင်လမ်းဆုံကျော်တာနဲ့ မီးရထားခုံးကျော်တံတားကို ဖြတ်ရမယ်။ တံတားကျော်ပြီးရင် ဘယ်ဘက်မှာ ကျိုက္ကလဲ့ ဘုရားမုခ်ဦးနဲ့ ကားလမ်းရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ ) မြန်မာနိုင်ငံ ဘုရားသမိုင်းပေါင်းချုပ် ( လှသမိန် ) စာအုပ်မှာတော့ ကျိုက္ကလဲ့ ဆိုတာ မွန်ဘာသာ နဲ့ ကျိုက် ဆိုတာ ဘုရား ၊ ဒေးကလဲ့ ဆိုတာ ပျောက်သောကုန်း ၊ “ ဘုရားပျောက်သောကုန်း” လို့ အနက်ဖွင့်ထားတယ်။ ဘုရားသမိုင်းနဲ့ပတ်သက်ရင်တော့ ဒဏ္ဍာရီContinue reading “ကျိုက္ကလဲ့ဘုရား”