ဘောလုံးပွဲတစ်ပွဲရဲ့ ရလဒ်ဟာ အကြောင်းအမျိုးမျိုးကြောင့်ပြောင်းသွားနိုင်တယ်။ ဒါပေမယ့် ခွေး တစ်ကောင်ကြောင့် သေရေး ရှင်ရေး ရလဒ်တစ်ခုပြောင်းလဲသွားတယ်ဆိုတာကတော့ ဖြစ်တောင့် ဖြစ်ခဲပဲ။ Torquay မြို့ကအင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေး။ ၂၀၂၀ ပြည့်နှစ်မှာတောင် လူဦးရေ ခြောက်သောင်းကျော်ပဲရှိတယ်။ လန်ဒန်ကနေ မိုင်နှစ်ရာလောက် ဝေး တဲ့ ဒီမြို့ရဲ့ မြို့ခံဘောလုံးအသင်းက Torquay United အသင်း။ Torquay United အသင်းကို ၁၈၉ ၉ ခုနှစ်မှာ ထူထောင်တယ်။ လက်ရှိအိမ်ကွင်းကို ၁၉ ၁၀ ခုနှစ် မှာဆောက်တယ်။ အဲဒီအချိန်ထဲက ဒီကွင်းမှာ အခြေပြုခဲ့တာ အခုအချိန်ထိပဲ။ မြို့က သေးသေး ဆို တော့ ဘောလုံးအသင်းက လည်း သေးသေးပဲ။ အစပိုင်းကတော့ ခရိုင်ပွဲလောက်ပဲ ကန်တာပါ ။Continue reading “အရှုံးမပေး (၇)”
Tag Archives: Losers
အရှုံးမပေး (၆)
Jean Van de Velde ၂၉ မေ ၁၉ ၆၆ ခုနှစ်မှာမွေးတယ်။ အဖေက အောင်မြင်တဲ့ အလယ် အလတ်အဆင့် စီးပွားရေးလုပ်ငန်းရှင်။ ဗန်ဒီဗဲလ်က ညီအကို ငါးယောက်မှာ အငယ်ဆုံး။ သူ အသက် ငါးနှစ်မှာ မိသားစု ပင်လယ်ကမ်းခြေကို အပန်းဖြေခရီးထွက်ကြတယ်။ ဒါပေမယ့် ဗန်ဒီဗဲလ် က ပင်လယ်ကမ်းခြေမှာဆော့ရတာမပျော်ဘူး။ သူက တည်းခိုအိမ်ရှေ့က ဂေါက်ကွင်းထဲမှာ လူကြီးတွေ ကစားနေတာကို စိတ်ဝင်စား တယ်။ သူတို့ အိမ်ရှေ့တည့်တည့်မှာ ကျင်းအမှတ် ၆ ရှိတော့ ပြူတင်းပေါက်ကနေ ထိုင်ကြည့် တယ်။ အဲဒီကပြန်လာတော့ ဂေါက်သီးသင်ချင်တယ်လို့ပူဆာတယ်။ အဖေနဲ့ အမေက ရိုးရိုးဆော့ချင် တယ်ပဲထင်တယ်။ ဒါ့ကြောင့်ကလေးတွေ ကျင်းစိမ်တန်းဆော့တဲ့နေရာကို ပို့ပေးတယ်။ ကျောင်း ပိတ်ရက်တိုင်းတစ်နေကုန်တစ်နေခမ်းဆော့တာကိုလိုက်ပို့ရတော့ အဖေကContinue reading “အရှုံးမပေး (၆)”
အရှုံးမပေး (၅)
အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ Jack Ryan ကတော့ကိုယ့်ဝါသနာနဲ့ ကိုယ့်အလုပ် တစ်ထပ် တည်းဖြစ်နေရင် အောင်မြင်တာပဲတဲ့။ ဂျက်ကို ၁၉ ၆၂ ခုနှစ် ဇူလိုင် ၂၇ နယူူးယောက်၊ ဘရွတ်ကလင်းနယ်မြေမှာမွေးတယ်။ သူ့ အဖေက ဆိပ်ကမ်း အလုပ်သမား၊ နာမည်ကလည်း Jack Ryanပဲ၊ သူ့အဖေက စိတ်ကြမ်း၊ လူကြမ်း။ သူစိတ်ကြည်ရင် ဂျက်ကို ဂျက်ကလေးလို့ ခေါ် တယ်။ မကြည်ရင် ေ-ာက်တုံး လို့ခေါ်တယ်။ ထစ်ကနဲ ဆိုရင် လက်ပါတယ်။ အဖေ က နှိမ်လွန်းတော့ ဂျက်ငယ်ငယ်က ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူး။ ဂျက်က ငယ်ငယ်ထဲက လူနောက်၊ သူအသက် ခုနှစ် နှစ်မှာ အမေက စက်ဘီးဝယ်ပေးတယ်။ ပထမဆုံးစီးတဲ့နေ့မှာပဲ လက်လွတ်ပြီးစီးပြလိုက်တာContinue reading “အရှုံးမပေး (၅)”
အရှုံးမပေး (၄)
မိုင် တစ်ထောင်ဆိုတာ ကားနဲ့သွားမယ်ဆိုရင်တောင် အတော်ဝေးတဲ့ ခရီး၊ လမ်းမရှိတဲ့ နှင်း တောထဲမှာ ခွေးတွေဆွဲတဲ့ စွတ်ဖားနဲ့သွားရမယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် Aliy Zirkel ဆိုတဲ့ အမျိုးသမီးကတော့ အဲဒီ မိုင်တစ်ထောင်ခရီးကို နှစ်ပေါင်းနှစ်ဆယ်တိတိ နှစ်စဉ် မပျက်မကွက် သွားခဲ့ပြီးပြီ။ နောက်လည်း သွားဦးမှာပဲ။ အာလ်လီကို ၁၉ ၇၀ ပြည့်နှစ်မှာမွေးတယ်။ တက္ကသိုလ်ကဘွဲ့ရပြီးတော့ အလာစကားပြည်နယ် ကို သွားတယ်။ ပထမတော့ အပန်းဖြေခရီးပဲ။ ဒါပေမယ့် အလာစကားဒေသရဲ့ ခက်ခဲကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင် ကို ကြိုက်တော့ ၁၉ ၉ ၅ ခုနှစ်မှာ အလာစကားကိုပြောင်းပြီး အခြေချတယ်။ အဲဒီမှာပဲ အိမ်ထောင်ကျတယ်။ အာလ်လီဟာ ငယ်ငယ်လေးထဲက တိရိစ္ဆာန်တွေကို ချစ်တယ်။ တိရိစ္ဆာန်တွေကလည်း သူ့ကို ချစ်တယ်။Continue reading “အရှုံးမပေး (၄)”
အရှုံးမပေး (၃)
Mauro Prosperi ကို အီတလီနိုင်ငံရောမမြို့မှာ ၁၉ ၅၅ ခုနှစ်မှာမွေးတယ်။ အီတလီနိုင်ငံကို ကိုယ်စားပြုပြီး အိုလံပစ်ငါးမျိုစုံ ပြိုင်ပွဲ Pentathlon ( အပြေး၊ မြင်းစီး၊ ရေကူး၊ သေနတ်ပစ်၊ ဓားရေး) မှာ ပြိုင်ခဲ့ဖူးတယ်။ သူ့ဝါသနာက တာဝေးပြေးတာ။ ၁၉ ၉ ၃ ခုနှစ်ထဲမှာ သူ့သူငယ်ချင်း Giovanni Manzo က အာဖရိကတိုက် မော်ရိုကိုနိုင်ငံမှာ ကျင်းပတဲ့ Marathon des Sables (Marathon of the Sands) မာရသွန်ပြိုင်ပွဲ မှာ ဝင်ပြိုင် မလားလို့ မေးတယ်။ အဲဒီမာရသွန်က ကမ္ဘာပေါ်မှာ အခက်အခဲဆုံး ခြေလျင်ခရီးပြိုင်ပွဲ၊ ၁၉ ၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ အဲဒီပြိုင်ပွဲဟာ ကီလိုမီတာContinue reading “အရှုံးမပေး (၃)”
အရှုံးမပေး (၂)
Surya Bonaly ကို ပြင်သစ်နိုင်ငံ နိစ်မြို့မှာ ၁၉ ၇၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မွေး တယ်။ သူ့မိဘရင်းတွေကို မသိဘူး။ သူ့ကို ပြင်သစ်လူမျိုး ဇနီးမောင်နှံ Georges နဲ့ Suzanne Bonaly တို့က အသက် ၁၈ လအရွယ်မှာမွေးစားခဲ့တယ်။ သူ့မိဘတွေက အိန္ဒိယနိုင်ငံ၊ ယဉ်ကျေး မှု တွေကို သဘောကျတော့ သူ့ကို ဆူရီယာ ( ဟင်ဒီဘာသာနဲ့ သူရိယနေမင်း) လို့ နာမည် ပေး ခဲ့တယ်။ ဆူရီယာပတ်ဝန်းကျင်မှာ လူဖြူတွေပဲရှိတယ်။ ကျောင်းတုန်းက ဓာတ်ပုံတွေထဲမှာလည်း လူဖြူတွေ ကြားထဲမှာ သူတစ်ယောက်ပဲ လူမည်းပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ခွဲခြားဆက်ဆံခံရတာမျိုး မရှိဘူး။ သူအမေက အားကစားနည်းပြ ဆိုတော့Continue reading “အရှုံးမပေး (၂)”
အရှုံးမပေး (၁)
မိုက်ကယ်ဘန့် (Michael Bentt ) ကို ဂျမေကာ လူမျိုး မိဘနှစ်ပါးက ၁၉ ၆၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ လန်ဒန်မှာမွေးတယ်။ ကြီးတော့ နယူးယောက်မှာ ကြီးတယ်။ သူ့အဖေက မိုဟာမက် အလီရဲ့ ပရိသတ်၊ သူကိုယ်တိုင်လက်ဝှေ့မထိုးပေမယ့် သူ့သားကို အလီ လို ဟဲဗီးဝိတ် ချန်ပီယံဖြစ်စေ ချင်တယ်။ သူ ရုပ်မြင်သံကြားကနေ လက်ဝှေ့ပွဲကြည့်ရင် ကလေးကိုပါ ကြည့်ခိုင်းတယ်။ မိုက် ကယ်ကတော့ လူကြီးတွေ ထိုးနေတာကိုကြည့်ပြီး ကြောက်တာပဲရှိတယ်။ မပျော်ဘူး။ခက်တာက သူ့အဖေက ကြင်နာတတ်တဲ့ အဖေမဟုတ်ဘူး။ သူဖြစ်ချင်တဲ့အတိုင်း မိုက်ကယ်ကို အတင်းအကြပ်လုပ်ခိုင်းတယ်။ ငါးတန်းကျတော့ အားကစားရုံမှာ လက်ဝှေ့သင်ခိုင်းတယ်။ အထိုးခံရတာနာ တော့ မိုက်ကယ်က သူလက်ဝှေ့မသင်ချင်ဘူးလို့ အဖေကို ပြောတယ်။Continue reading “အရှုံးမပေး (၁)”