မနေ့က ခေတ်သုံးခေတ် ကားဆရာ ဆောင်းပါး ကောက်နုတ်ချက်ပြန်တင်တဲ့ ပို့စ်အောက်မှာ လာရေးတဲ့ မှတ်ချက်တစ်ချို့ကို ဖတ်ရင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂၀၂၂ မတ်လ ၂၁ ရက်နေ့ က နည်းပြ Ralf Rangnick လက်ထက် မန်ယူ အသင်းကို ဝေဖန်နေတဲ့ ပေါစခိုးလ် အပါအဝင် မန်ယူအသင်း သား အဟောင်းတွေ အကြောင်းရေးခဲ့တဲ့ ပို့စ်မှာ “ ဖလားရအောင်စွမ်းဆောင်နိုင်တဲ့ မန်နေဂျာလက်အောက်မှာ ကစားခဲ့ဖူးတဲ့ သူက ဖလားရအောင် မစွမ်းဆောင်နိုင်တဲ့အပြင် ပရိသတ်က ရေသန့်ဘူးနဲ့ ပေါက်တာတောင်ခံနေရတဲ့ မန်နေဂျာ အောက် မှာ ကန်တော့ပွဲ နဲ့ ပင့်ရင်တောင် ကစားမှာမဟုတ်ဘူး။ လူပေါင်းမှားပြီး ကယ်တင်ရှင်ဖြစ်မလားလို့ ထင်တစ်လုံးနဲ့ ပြန်လာကစားတဲ့ ရော်နယ်ဒိုတောင် ဒူးနဲ့မျက်ရည်သုတ်နေရပြီမဟုတ်လား။” လို့ရေးခဲ့တာလေး ပြန်သတိရမိတယ်။