ကျွန်တော်နဲ့ Facebook

လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မဇ္ဈိမ သတင်းဌာနနဲ့ တွေ့ဆုံဖြေကြားခဲ့တဲ့ အထဲက ဖေ့စ်ဘွတ်အသုံးပြုရတဲ့အကြောင်းအရင်း၊ ကျွန်တော့်ပို့စ်တွေအောက်မှာ မှတ်ချက် ရေးသား သူတွေအပေါ် ကျွန်တော့်သဘောထား၊ နောက်ပြီး ကျွန်တော်နဲ့ မီဒီယာဆက်ဆံရေး အကြောင်း တွေကို မဖတ်ရသေးသူတွေ သိနိုင်ဖို့ ပြန်မ ျှဝေလိုက်ပါတယ်။ မ ဇ္ဈိမ နှင့်တွေ့ဆုံမေးမြန်းမှု အပိုင်း ၃ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၃) ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို မြန်မာနိုင်ငံမီဒီယာ အခြေအနေ၊ အသွင်ကူးပြောင်းရေးကာလအတွင်း လုပ်ဆောင်နေမှုများ၊ ရလဒ်များနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်သတင်းမီဒီယာ အခန်းကဏ္ဍ၊ ၂၀၁၅ အလွန် ဦးရဲထွဋ် ဘာတွေဆက်လုပ်မလဲ စသည့်Continue reading “ကျွန်တော်နဲ့ Facebook”

မဇ္ဈိမ နဲ့ကျွန်တော်

( မတ်လ ၈ ရက်နေ့ ထုတ်ဝေခြင်းလုပ်ငန်းပိတ်သိမ်းခံရတဲ့ မီဒီယာငါးခုလုံးမှာ ကျွန်တော်နဲ့ လုပ်ငန်းသဘောအရ ခင်မင်သိကျွမ်းခဲ့၊ အပြန်အလှန်ဆက်ဆံခဲ့ရတဲ့ သတင်းထောက်တွေရှိပါ တယ်။ ဒါပေမယ့် ဆဲဗင်းဒေး၊ DVB နဲ့ မဇ္ဈိမ သတင်းဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီး ဌာန ရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ( ၂၀၁၁ – ၂၀၁၆) မှာ ပါဝင်ကူညီခဲ့ဖူးတဲ့အတွက် ပိုပြီး အမှတ်တရ ဖြစ် ရပါတယ်။ သူတို့ ကူညီတယ်ဆိုတာ က အစိုးရကို ဖော်လံဖားတာမျိုးမဟုတ်ပါဘူး။ သတင်း သမား ရဲ့ အလုပ်ဖြစ်တဲ့ အစိုးရကို ဝေဖန် ထောက်ပြတာလည်း လုပ်တယ်။ တစ်ဖက်ကလည်း မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဥပဒေပြုရေး၊ လေ့ကျင့်ရေး ကိစ္စတွေမှာ ကူညီ ပေးခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ရရှိရေးမှာ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်နဲ့Continue reading “မဇ္ဈိမ နဲ့ကျွန်တော်”