· မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom Day) အဖြစ် သတ်မှတ်ကျင်းပခဲ့တာ ၁၉ ၉ ၃ ခုနှစ် က ဆိုတော့ ဒီနှစ်ဆိုရင် ၂၆ ကြိမ်မြောက်ပေါ့။ ဒါပေမယ့် မြန် မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်မှ စပြီးကျင်းပနိုင်တဲ့အတွက် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ နဲ့ ဆက်စပ်အခမ်းအနားတွေကို လွတ်လွတ် လပ်လပ်ကျင်းပနိုင်တာဟာ မြန်မာ့မီဒီယာလောကရဲ့ သိသာထင်ရှားတဲ့အပြောင်းအလဲတွေထဲက တစ်ခုပါပဲ။ အဲဒါကြောင့် ဒီအခမ်းအနားကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပနိုင်တဲ့ အဆင့်ထိရောက် အောင်ဖြစ်လာခဲ့တဲ့အခြေအနေတွေကို ပြန်ပြောရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို နားလည်နိုင်ကြပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး မြန်မာ့အရေးလေ့လာသူအတော်များများနဲ့ သတင်းမီဒီယာသမားတွေကContinue reading “သမင်လည်ပြန်”
Tag Archives: MOI
ထရမ့် နဲ့ အပြိုင် ဘယ်သူနိုင်
မတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နိုင်ငံတကာအခြေအနေတွေကို ဖော်ပြတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ပါတယ်။ ဆောင်းပါး ခေါင်းစဉ် က “ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့်နေပေမယ့် မဲဆွယ် စည်းရုံးမှုတွေ ဆက်လုပ်မယ့် ဒေါ် နယ် ထရမ့်” လို့ ခေါင်းစဉ်တပ်ထားတယ်။ ဆောင်းပါး အစ တစ်ကော်လံခွဲလောက်က အမေရိကန် မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေပေမယ့် သမ္မတ ထရမ့်ကတော့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ အတွက်မဲဆွယ်စည်းရုံးမှုတွေ ဆက်လုပ်မယ့်အကြောင်း ဝေေ၀ဆာဆာရေးထားတယ်။ ပုံ ၁ ဒါဟာ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက ဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရေးအတွက် သတိပေးချက်ထုတ်ပြန်ထားချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲတွေ၊ အစိုးရရဲ့ နိုင်ငံတော် အဆင့်အခမ်းအနားတွေ လုပ်သင့် မသင့်Continue reading “ထရမ့် နဲ့ အပြိုင် ဘယ်သူနိုင်”