++++လုပ်သက် နှစ်ဆယ်ကျော်သူ့ဝန်ထမ်းဘဝကို လူတွေက မကြိုက်ပေမယ့် အလိုက်သင့် နေ တဲ့ခေတ်၊ နည်းနည်းအမြင်ကောင်းလာတဲ့ခေတ်၊ ဝိုင်းကူတဲ့ခေတ်၊ ခေတ် သုံးခေတ် ကို ဖြတ်ခဲ့ တယ် ဆိုပြီး ဆစ်ပိုင်းပြတယ်။ သူတို့ဌာနက ရုံးပေါ်ကနေ စာနဲ့လုပ်ရတဲ့ ဌာန မ ဟုတ်ဘူး၊ လူကြားထဲဆင်းပြီး လုပ်ရတဲ့ ဌာနဆိုတော့ လူတွေက ငါတို့အစိုးရ ဆိုပြီး စိတ်ပါလက်ပါ ဝိုင်းကူ ရင် ပိုအောင်မြင် တာပေါ့ ဆိုပြီး သူ့အတွေ့ အကြုံကို ပြောတယ်။ ပြီးတော့မှ ခေတ်မျိုးစုံ ကြုံပြီး မှတော့ မကြိုက်ရုံတင်မဟုတ်တော့ဘူး မုန်းတဲ့ အဖြစ်ကို မခံနိုင်တော့ဘူးလို့ပြောပြီး စကားရပ် သွားတယ်။ ++++တစ်ချိန်က “ရထားကြီးထွက်ပြီ” လို့ပြောတဲ့ သူငယ်ချင်းကို “ရထားထွက်ပေမယ့် ဘယ်ဘူတာ ရောက်ရောက်လက်မှတ်မဲ့ က လက်မှတ်မဲ့ ပဲ” လို့ ပြန်ပြောခဲ့ဖူးတယ်။ ဒီတစ်ခါ သူနဲ့ပြန် ဆုံရင်တော့ “ လူရာမဝင်တဲ့ လက်မှတ်မဲ့လည်း စီးခဲ့ဖူးတဲ့၊ လက်မှတ်ဝယ်ပြီး ထိုင်ခုံ နဲ့ ဟန်ကျ ပန်ကျလည်း စီးခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ နောက်တစ်ကြိမ် လက်မှတ်မဲ့ စီးဖို့ မသင့်တော့ဘူး” ဆိုတဲ့ အယူအဆကို ဆွေးနွေးရမယ်။ ( ခေတ်သုံးခေတ် ကားဆရာ ဆောင်းပါးကောက်နှုတ်ချက် ၊ ဘယ်ကို သွားမလဲ – ကမ္ဘာကြီး နဲ့ လှိုင်သာယာ စာအုပ်) City Mart စာအုပ်ဆိုင်များ ပင်လယ်စာပေ ဖုန်း ၀၉ ၇၅၈၂၉ ၀၇၁၆ Book Tree စာအုပ်ဆိုင် ဖုန်း ၀၉ ၄၂၆ ၄၉ ၁ ၀၂၄ ။ https://www.facebook.com/profile.php?id=100066514606843
Tag Archives: publishing
ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကျွန်တော်ရေးသား ခဲ့ တဲ့ ဆောင်းပါးတွေကို စုစည်းထားတဲ့ “ ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ” စာအုပ်ကို ၂၀ ဧပြီ ၂၀၂၃ ရက်နေ့ မှာ စတင်ဖြန့်ချိပါ့မယ်။ ဒီစာအုပ်မှာ “မင်းသားရူး” ၊ “ မြို့အုပ်မင်း”၊ “ သာပြော လုပ်လွဲ ” ၊ “ရေစကြိုစကားဝိုင်း”၊ စစ်သား မျက်ရည်” အပါအဝင် ဆောင်းပါး ၆၀ ပုဒ်ပါဝင်ပြီး စာဖတ်သူများအနေနဲ့ ၂၀၂၁ – ၂၀၂၂ နှစ်များ အတွင်း နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး အခြေအနေများကို တစ်စိတ်တစ်ပိုင်းခံစားနိုင်လိမ့်မယ်လို့ မေContinue reading “ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ”